ပြည်သူများ ငလျင်ဒဏ်သင့်နေချိန် မင်းကွန်းဒေသ၌ PDF များက တိုက်ပွဲများ ပြန်လည်ဖော်ဆောင်လာ

521

သုတကျော် (NP News) ဧပြီ-၂၆
ပြီးခဲ့သည့် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ပြည်သူများငလျင်ဒဏ် သင့်နေပြီး ပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်းနေရစဉ်ကာလတွင်ပင် မန္တလေးမြို့၏တစ်ဖက် ကမ်းဖြစ်သော မင်းကွန်းတွင် PDF များက တစ်ကျော့ပြန်တိုက်ပွဲကို ပြန်လည်ဖော်ဆောင်လာကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
စစ်ရေးအရ အရေးပါသည့် မင်းကွန်းရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော ပြည်သူ့စစ်များကို PDF များက အားစမ်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိအထိ ပြည်သူ့စစ်များဘက်က ကြံ့ကြံ့ခံထားဆဲပင်ဖြစ် ကြောင်း သိရသည်။
ငလျင်မလှုပ်ခတ်မီက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လ(၂၈)ရက် ငလျင်လှုပ်ခတ်ပြီး ယင်းနေ့တွင်ပင် မြသိန်း တန်စေတီတွင် တပ်စွဲထားသော ပြည်သူ့စစ်အဖွဲ့ကိုတိုက်ခိုက်ရာ လေးဆယ့်ငါးမိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “သင်္ကြန်တွင်း ကာလကတော့ ကောင်းတယ်။ (၁၉)ရက်ကနေစပြီးတော့ မကောင်းတော့ဘူးဗျ။ ပြည်သူ့ စစ်တွေကို တိုက်ခိုက်တာပေါ့။ ဟိုရက်က ရိက္ခာလာပို့တဲ့ကားကို တိုက်ခိုက်တယ်။ ပြန်ပြီးတော့ ဒီဘက်က တိုက်ခိုက် တော့ ပြည်သူ့စစ်တစ်ယောက်ကျသွားတယ်။ ဒီကောင်တွေ တိုက်တယ်။ ချောင်းပစ်တယ်။ လက်နက်ကြီး၊ လက်နက် ငယ်နဲ့ပစ်တယ်။ အကြီးပြီးရင် အငယ်တွေနဲ့ဝင် ပစ်တယ်။ ဝင်လုံးတယ်။ ဒါတွေက အရင်တုန်းက လည်း ခံစစ်တကယ် လုပ်ထားတာဆိုတော့ ဒီကောင်တွေ တိုးလို့မရဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ မြသိန်းတန် စေတီ နေရာသည် စစ်ရေးအရ အချက်အချာကျနေသည့်အတွက် PDF များက ပစ်မှတ်ထားကာ ဦးစားပေးတိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရသည်။
“ဘုရားကပြိုသွားပြီဆိုတော့ ဒီကောင်တွေက ဌာပနာလည်း လိုချင်တာမျိုးဖြစ်မယ်။ ပြီးတော့ ပြည်သူ့စစ်တွေ ကိုလည်း မကျေနပ်ဘူးထင်တယ်။ မြသိန်းတန်ကို ထိန်းထားရင် ရဲစခန်းကို ထိန်း လို့ရမယ်။ မန္တလေးနန်းတွင်းထဲကို ရှော့တိုက်ဒုံးနဲ့ ပစ် ချင်တယ်ပေါ့။ သူတို့ရည်ရွယ်ချက်ကတော့ အဲဒါပါပဲ”ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်တွင် PDF များဘက်က သွေးတိုးစမ်းပစ်ခတ်ပြီးနောက် ညပိုင်းတွင် တစ်ကျော့ပြန် လာမည်ဟု အော်သွားခဲ့သော်လည်း ညပိုင်းတွင် မလာတော့ကြောင်းလည်း ၎င်းကဆို သည်။
“အငယ်နဲ့လာပစ်ပြီးတော့ အနောက် တည့်တည့်ကအော်တယ်။ မင်းတို့ကို ဒီနေ့ည ဝင်လုံး မယ်ပြောတယ်။ အသင့်လုပ်ထားတာပေါ့။ မလာတော့ မလာပါဘူး”ဟု ၎င်းကဆိုသည်။ မင်းကွန်းတွင် တိုက် ပွဲဖော်ဆောင်ရန်အတွက် KIA၊ PDF များ ဘက်က အင်အား(၆၀ဝ)ထက်မနည်း ပတ်ဝန်းကျင်တွင် စုရုံး နေကြောင်း သတင်းထွက်ပေါ်နေသည်။

Zawgyi Version;
ျပည္သူမ်ား ငလ်င္ဒဏ္သင့္ေနခ်ိန္ မင္းကြန္းေဒသ၌ PDF မ်ားက တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္လာ
သုတေက်ာ္ (NP News) ဧၿပီ-၂၆
ၿပီးခဲ့သည့္ မတ္လ (၂၈)ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ႀကီးေၾကာင့္ ျပည္သူမ်ားငလ်င္ဒဏ္ သင့္ေနၿပီး ျပန္လည္ ထူေထာင္ေရးအတြက္ ႀကိဳးပမ္းေနရစဥ္ကာလတြင္ပင္ မႏၲေလးၿမိဳ႕၏တစ္ဖက္ ကမ္းျဖစ္ေသာ မင္းကြန္းတြင္ PDF မ်ားက တစ္ေက်ာ့ျပန္တိုက္ပြဲကို ျပန္လည္ေဖာ္ေဆာင္လာေၾကာင္း စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
စစ္ေရးအရ အေရးပါသည့္ မင္းကြန္းရွိ ျမသိန္းတန္ေစတီတြင္ တပ္စြဲထားေသာ ျပည္သူ႔စစ္မ်ားကို PDF မ်ားက အားစမ္းတိုက္ခိုက္မႈမ်ား ျပန္လည္ျပဳလုပ္ေနျခင္းျဖစ္ၿပီး လက္ရွိအထိ ျပည္သူ႔စစ္မ်ားဘက္က ႀကံ့ႀကံ့ခံထားဆဲပင္ျဖစ္ ေၾကာင္း သိရသည္။
ငလ်င္မလႈပ္ခတ္မီက တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး မတ္လ(၂၈)ရက္ ငလ်င္လႈပ္ခတ္ၿပီး ယင္းေန႔တြင္ပင္ ျမသိန္း တန္ေစတီတြင္ တပ္စြဲထားေသာ ျပည္သူ႔စစ္အဖြဲ႕ကိုတိုက္ခိုက္ရာ ေလးဆယ့္ငါးမိနစ္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ “သၾကၤန္တြင္း ကာလကေတာ့ ေကာင္းတယ္။ (၁၉)ရက္ကေနစၿပီးေတာ့ မေကာင္းေတာ့ဘူးဗ်။ ျပည္သူ႔ စစ္ေတြကို တိုက္ခိုက္တာေပါ့။ ဟိုရက္က ရိကၡာလာပို႔တဲ့ကားကို တိုက္ခိုက္တယ္။ ျပန္ၿပီးေတာ့ ဒီဘက္က တိုက္ခိုက္ ေတာ့ ျပည္သူ႔စစ္တစ္ေယာက္က်သြားတယ္။ ဒီေကာင္ေတြ တိုက္တယ္။ ေခ်ာင္းပစ္တယ္။ လက္နက္ႀကီး၊ လက္နက္ ငယ္နဲ႔ပစ္တယ္။ အႀကီးၿပီးရင္ အငယ္ေတြနဲ႔ဝင္ ပစ္တယ္။ ဝင္လုံးတယ္။ ဒါေတြက အရင္တုန္းက လည္း ခံစစ္တကယ္ လုပ္ထားတာဆိုေတာ့ ဒီေကာင္ေတြ တိုးလို႔မရဘူး” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ ျမသိန္းတန္ ေစတီ ေနရာသည္ စစ္ေရးအရ အခ်က္အခ်ာက်ေနသည့္အတြက္ PDF မ်ားက ပစ္မွတ္ထားကာ ဦးစားေပးတိုက္ခိုက္ေနျခင္းျဖစ္ ေၾကာင္း သိရသည္။
“ဘုရားကၿပိဳသြားၿပီဆိုေတာ့ ဒီေကာင္ေတြက ဌာပနာလည္း လိုခ်င္တာမ်ိဳးျဖစ္မယ္။ ၿပီးေတာ့ ျပည္သူ႔စစ္ေတြ ကိုလည္း မေက်နပ္ဘူးထင္တယ္။ ျမသိန္းတန္ကို ထိန္းထားရင္ ရဲစခန္းကို ထိန္း လို႔ရမယ္။ မႏၲေလးနန္းတြင္းထဲကို ေရွာ့တိုက္ဒုံးနဲ႔ ပစ္ ခ်င္တယ္ေပါ့။ သူတို႔ရည္႐ြယ္ခ်က္ကေတာ့ အဲဒါပါပဲ”ဟု ၎က ရွင္းျပသည္။
ၿပီးခဲ့သည့္ ဧၿပီလ(၂၄)ရက္တြင္ PDF မ်ားဘက္က ေသြးတိုးစမ္းပစ္ခတ္ၿပီးေနာက္ ညပိုင္းတြင္ တစ္ေက်ာ့ျပန္ လာမည္ဟု ေအာ္သြားခဲ့ေသာ္လည္း ညပိုင္းတြင္ မလာေတာ့ေၾကာင္းလည္း ၎ကဆို သည္။
“အငယ္နဲ႔လာပစ္ၿပီးေတာ့ အေနာက္ တည့္တည့္ကေအာ္တယ္။ မင္းတို႔ကို ဒီေန႔ည ဝင္လုံး မယ္ေျပာတယ္။ အသင့္လုပ္ထားတာေပါ့။ မလာေတာ့ မလာပါဘူး”ဟု ၎ကဆိုသည္။ မင္းကြန္းတြင္ တိုက္ ပြဲေဖာ္ေဆာင္ရန္အတြက္ KIA၊ PDF မ်ား ဘက္က အင္အား(၆၀ဝ)ထက္မနည္း ပတ္ဝန္းက်င္တြင္ စု႐ုံး ေနေၾကာင္း သတင္းထြက္ေပၚေနသည္။