ယူကရိန်းက မကြာခင်အချိန်အတွင်း ချေမှုန်းခံရနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

2891

Pika (NP News) - မေ ၁
ယူကရိန်းဟာ ရုရှားနဲ့အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ မပါဝင်ဘူးဆိုရင် မကြာခင်ကာလအတွင်း သိသာတဲ့ ရှုံးနိမ့်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ The Atlantic မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုအတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန် ဖြေကြားမှုတွေလုပ်ဆောင်ခဲ့ပြီး ၎င်းရဲ့မူဝါဒက ယူကရိန်းကို ကယ်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိတဲ့ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုတွေကို ယူဆောင်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်က ယူကရိန်းကို ကယ်တင်နေတာလို့ ထင်ပါတယ်။ ယူကရိန်းဟာ မကြာခင်အချိန် အတွင်း ချေမှုန်းခံရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ ရုရှားနဲ့ဖြစ်ပွားနေ တဲ့ပဋိပက္ခကို အနိုင်ရနိုင်မှာမဟုတ်ဘူးလို့လည်း အမေရိကန်ဒုသမ္မတ J.D. Vance က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အလေးပေးပြောကြားခဲ့ပါတယ်။ J.D. Vance က “ယူကရိန်းဟာ ရုရှားနဲ့ဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခကို အနိုင်ရရှိနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဆက်လက်ဖြစ်ပွားနေတဲ့ ရန်လိုမှုတွေကြောင့် ရုရှားကပြိုလဲသွားမယ်လို့ မျှော်လင့်နေတာတွေကလည်း တကယ်ကိုထူးဆန်းပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက မၾကာခင္အခ်ိန္အတြင္း ေခ်မႈန္းခံရႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁
ယူကရိန္းဟာ ႐ုရွားနဲ႔အတူ ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာ မပါဝင္ဘူးဆိုရင္ မၾကာခင္ကာလအတြင္း သိသာတဲ့ ရႈံးနိမ့္မႈတစ္ခုနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ The Atlantic မဂၢဇင္းနဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းအတြက္ စာနာမႈရွိ/မရွိဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ ေျဖၾကားမႈေတြလုပ္ေဆာင္ခဲ့ၿပီး ၎ရဲ႕မူဝါဒက ယူကရိန္းကို ကယ္တင္ဖို႔ ရည္႐ြယ္ထားတာျဖစ္ကာ ဆက္လက္ ျဖစ္ပြားလ်က္ရွိတဲ့ပဋိပကၡက ယူကရိန္းအတြက္ ေကာင္းမြန္မႈေတြကို ယူေဆာင္လာႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာၾကား ခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္က ယူကရိန္းကို ကယ္တင္ေနတာလို႔ ထင္ပါတယ္။ ယူကရိန္းဟာ မၾကာခင္အခ်ိန္ အတြင္း ေခ်မႈန္းခံရလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ ႐ုရွားနဲ႔ျဖစ္ပြားေန တဲ့ပဋိပကၡကို အႏိုင္ရႏိုင္မွာမဟုတ္ဘူးလို႔လည္း အေမရိကန္ဒုသမၼတ J.D. Vance က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေလးေပးေျပာၾကားခဲ့ပါတယ္။ J.D. Vance က “ယူကရိန္းဟာ ႐ုရွားနဲ႔ဆက္လက္ျဖစ္ပြားေနတဲ့ပဋိပကၡကို အႏိုင္ရရွိႏိုင္မွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ဆက္လက္ျဖစ္ပြားေနတဲ့ ရန္လိုမႈေတြေၾကာင့္ ႐ုရွားကၿပိဳလဲသြားမယ္လို႔ ေမွ်ာ္လင့္ေနတာေတြကလည္း တကယ္ကိုထူးဆန္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။