စစ်သင်္ဘောအသစ်ရဲ့လက်နက်စနစ်တွေ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားပြုလုပ်

 377

Pika (NP News) - မေ ၁

မြောက်ကိုရီးယားအစိုးရဟာ မကြာသေးခင်က ထုတ်ပြန်ပြသခဲ့တဲ့ စစ်သင်္ဘောအသစ်ရဲ့လက်နက်စနစ်တွေ ပထမဆုံးအကြိမ်စမ်းသပ်ပစ်ခတ်မှုကို ယခုသီတင်းပတ်အစောပိုင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
စစ်သင်္ဘောအသစ်ရဲ့လက်နက်စနစ်တွေကို စမ်းသပ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ခရုဇ်ဒုံးကျည်၊ဝေဟင်ပစ်ဒုံးကျည် တွေကို ပစ်လွှတ်ခဲ့ပြီး အမြောက်တွေနဲ့ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် စစ်သင်္ဘောအသစ်ရဲ့လက်နက်စနစ်တွေစမ်းသပ်ပစ်ခတ်မှုပွဲကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရေကြောင်းအချုပ်အခြာအာဏာနဲ့ အမျိုးသားကာကွယ်ရေးအတွက် မြောက်ကိုရီးယားရေတပ်ဟာ နျူကလီးယား လက်နက်တပ်ဆင်ရေးကို အရှိန်မြှင့်ဖို့အတွက် ရွေးချယ်ရမယ့်အချိန်ရောက်ပြီလို့ ကင်ဂျုံအန်းကပြောကြားခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ထောက်လှမ်းရေးအေဂျင်စီတွေဟာ မြောက်ကိုရီးယားရဲ့သင်္ဘောတည်ဆောက်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့နောက်ဆုံးထွက်ရှိထားတဲ့ စစ်သင်္ဘောတွေဟာ ဒါဇင်နဲ့ချီတဲ့ဒုံးကျည်တွေကို သယ်ဆောင် နိုင်စွမ်းရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပြီးနောက် သီတင်းပတ်(၂)ပတ်ကျော်အကြာမှာ မြောက်ကိုရီးယားရဲ့ဘက်စုံသုံးဖျက်သင်္ဘောအသစ် ရေချမှုအခမ်းအနားထွက်ပေါ်လာပြီးနောက် ယခုလိုစမ်းသပ် ပစ်ခတ်မှု ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
စစ္သေဘၤာအသစ္ရဲ႕လက္နက္စနစ္ေတြ ပထမဆုံးအႀကိမ္ စမ္းသပ္ပစ္ခတ္မႈကို ေျမာက္ကိုရီးယားျပဳလုပ္
Pika (NP News) - ေမ ၁

ေျမာက္ကိုရီးယားအစိုးရဟာ မၾကာေသးခင္က ထုတ္ျပန္ျပသခဲ့တဲ့ စစ္သေဘၤာအသစ္ရဲ႕လက္နက္စနစ္ေတြ ပထမဆုံးအႀကိမ္စမ္းသပ္ပစ္ခတ္မႈကို ယခုသီတင္းပတ္အေစာပိုင္းမွာ လုပ္ေဆာင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
စစ္သေဘၤာအသစ္ရဲ႕လက္နက္စနစ္ေတြကို စမ္းသပ္မႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ခ႐ုဇ္ဒုံးက်ည္၊ေဝဟင္ပစ္ဒုံးက်ည္ ေတြကို ပစ္လႊတ္ခဲ့ၿပီး အေျမာက္ေတြနဲ႔ပစ္ခတ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ KCNA က ေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ စစ္သေဘၤာအသစ္ရဲ႕လက္နက္စနစ္ေတြစမ္းသပ္ပစ္ခတ္မႈပြဲကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ အႀကီးတန္းအရာရွိေတြ တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ေရေၾကာင္းအခ်ဳပ္အျခာအာဏာနဲ႔ အမ်ိဳးသားကာကြယ္ေရးအတြက္ ေျမာက္ကိုရီးယားေရတပ္ဟာ န်ဴကလီးယား လက္နက္တပ္ဆင္ေရးကို အရွိန္ျမႇင့္ဖို႔အတြက္ ေ႐ြးခ်ယ္ရမယ့္အခ်ိန္ေရာက္ၿပီလို႔ ကင္ဂ်ဳံအန္းကေျပာၾကားခဲ့တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ေထာက္လွမ္းေရးေအဂ်င္စီေတြဟာ ေျမာက္ကိုရီးယားရဲ႕သေဘၤာတည္ေဆာက္ေရးလႈပ္ရွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ေနာက္ဆုံးထြက္ရွိထားတဲ့ စစ္သေဘၤာေတြဟာ ဒါဇင္နဲ႔ခ်ီတဲ့ဒုံးက်ည္ေတြကို သယ္ေဆာင္ ႏိုင္စြမ္းရွိတယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ၿပီးေနာက္ သီတင္းပတ္(၂)ပတ္ေက်ာ္အၾကာမွာ ေျမာက္ကိုရီးယားရဲ႕ဘက္စုံသုံးဖ်က္သေဘၤာအသစ္ ေရခ်မႈအခမ္းအနားထြက္ေပၚလာၿပီးေနာက္ ယခုလိုစမ္းသပ္ ပစ္ခတ္မႈ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.