အစ္စရေးစစ်တပ်က ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ပေါင်းဒါဇင်ချီကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

 362

Pika (NP News) - မေ ၇

အစ္စရေးနိုင်ငံ Tel Aviv မြို့အနီးက နိုင်ငံတကာလေဆိပ်ကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ ယီမင်မှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မေလ(၅)ရက်က လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း တိုက်‌လေယာဉ်အစင်းရေ(၂၀)ဝန်းကျင်ပါဝင်ခဲ့ပြီး ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ဒါဇင်နဲ့ချီတဲ့ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ အဲဒီပစ်မှတ်တွေဟာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးမှာ အရေးပါတဲ့ပစ်မှတ်တွေအဖြစ် အစ္စရေးစစ်တပ်က ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ယီမင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ အစ္စ‌ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ Tel Aviv မြို့အနီးက Ben Gurion လေဆိပ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အစ္စရေးစစ်တပ်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှု ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

zawgyi version
အစၥေရးစစ္တပ္က ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေပါင္းဒါဇင္ခ်ီကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္
Pika (NP News) - ေမ ၇

အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕အနီးက ႏိုင္ငံတကာေလဆိပ္ကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပဲ့ထိန္းဒုံးက်ည္နဲ႔ပစ္ခတ္တိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးစစ္တပ္ဟာ ယီမင္မွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ေမလ(၅)ရက္က လုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း တိုက္‌ေလယာဥ္အစင္းေရ(၂၀)ဝန္းက်င္ပါဝင္ခဲ့ၿပီး ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ဒါဇင္နဲ႔ခ်ီတဲ့ပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ အဲဒီပစ္မွတ္ေတြဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ စစ္ဘက္ဆိုင္ရာေထာက္ပံ့ပို႔ေဆာင္ေရးမွာ အေရးပါတဲ့ပစ္မွတ္ေတြအျဖစ္ အစၥေရးစစ္တပ္က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ယီမင္သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ အစၥ‌ေရးတပ္ဖြဲ႕ေတြရဲ႕ ေလေၾကာင္းတိုက္ ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈအၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ Tel Aviv ၿမိဳ႕အနီးက Ben Gurion ေလဆိပ္ကို ပဲ့ထိန္းဒုံးက်ည္နဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ရာ လူ(၆)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္ရဲ႕ လက္တုံ႔ျပန္တိုက္ခိုက္မႈ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.