တာတိုပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားများစွာကို မြောက်ကိုရီးယား ပစ်လွှတ်

 78

Pika (NP News) - မေ ၁ဝ

မြောက်ကိုရီးယားအစိုးရက တာတိုပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားများစွာကို ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် နောက်ဆုံးပေါ်စစ်သင်္ဘော၏ စစ်လက်နက်ပစ္စည်းစနစ်အသစ်ကို စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်(၁)ပတ်ခန့်အကြာတွင် အဆိုပါပစ်လွှတ်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားများစွာ ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်က ခြေရာခံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)ကပြောကြားခဲ့သည်။
အဆိုပါဒုံးကျည်များကို မေလ(၈)ရက် နံနက်(၈)နာရီ(၁၀)မိနစ်နှင့် (၉)နာရီ(၂၀)မိနစ်ကြားတွင် မြောက်ကိုရီးယား နိုင်ငံ Wonsan ဧရိယာမှ အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ရေပြင်ထဲသို့ မကျရောက်မီ ကီလိုမီတာ(၈၀၀)ခန့် ပျံသန်းခဲ့ကြောင်း (JCS) က ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နေသည့်ရန် စသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး က ပြစ်တင်ရှုတ်ချပြောဆိုခဲ့သည်။
(JCS)က “ကျွန်တော်တို့စစ်တပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် မြောက်ကိုရီးယားရဲ့အမျိုးမျိုးသောလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ိဳးအစားမ်ားစြာကို ေျမာက္ကိုရီးယား ပစ္လႊတ္
Pika (NP News) - ေမ ၁ဝ

ေျမာက္ကိုရီးယားအစိုးရက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ိဳးအစားမ်ားစြာကို ပစ္လႊတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ေနာက္ဆုံးေပၚစစ္သေဘၤာ၏ စစ္လက္နက္ပစၥည္းစနစ္အသစ္ကို စမ္းသပ္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္(၁)ပတ္ခန႔္အၾကာတြင္ အဆိုပါပစ္လႊတ္မႈထြက္ေပၚလာျခင္း ျဖစ္သည္။
ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ိဳးအစားမ်ားစြာ ပစ္လႊတ္မႈကို ေတာင္ကိုရီးယားစစ္တပ္က ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)ကေျပာၾကားခဲ့သည္။
အဆိုပါဒုံးက်ည္မ်ားကို ေမလ(၈)ရက္ နံနက္(၈)နာရီ(၁၀)မိနစ္ႏွင့္ (၉)နာရီ(၂၀)မိနစ္ၾကားတြင္ ေျမာက္ကိုရီးယား ႏိုင္ငံ Wonsan ဧရိယာမွ အေရွ႕ပင္လယ္ထဲသို႔ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားဘက္က ပစ္လႊတ္လိုက္ေသာ ဒုံးက်ည္မ်ားသည္ ကိုရီးယားကြၽန္းဆြယ္ အေရွ႕ဘက္ေရျပင္ထဲသို႔ မက်ေရာက္မီ ကီလိုမီတာ(၈၀၀)ခန႔္ ပ်ံသန္းခဲ့ေၾကာင္း (JCS) က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေျမာက္ကိုရီးယား၏ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ား ပစ္လႊတ္မႈသည္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို ျပင္းျပင္းထန္ထန္ၿခိမ္းေျခာက္ေနသည့္ရန္ စသည့္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး က ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့သည္။
(JCS)က “ကြၽန္ေတာ္တို႔စစ္တပ္ဟာ ကိုရီးယားကြၽန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ကာကြယ္ဖို႔အတြက္ ေျမာက္ကိုရီးယားရဲ႕အမ်ိဳးမ်ိဳးေသာလႈပ္ရွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္” ဟု ေျပာခဲ့သည္။

© 2021. All rights reserved.