မန္တလေးတွင် ဆောက်လုပ်ဆဲအဆောက်အဦးများ စစ်ဆေးမှုခံယူပြီးမှသာ ဆက်လက်တည်ဆောက်ရမည်

 192

NP News - မေ ၁ဝ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၆)မြို့နယ်အတွင်း ဆောက်လုပ်ဆဲအဆောက်အဦးများ၏ ပင်မတိုင်များ ပျက်စီးမှုရှိ/မရှိ စစ်ဆေးပြီးမှသာ ဆက်လက်တည်ဆောက်ခွင့်ပြုမည်ဟု မန္တလေး စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်ထားသည်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သော မန္တလေးမြို့တွင်ဆောက်လုပ်ဆဲ အဆောက်အဦးများ၏ ပင်မတိုင် များ ပျက်စီးမှုရှိ/မရှိကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးပြီး ဆောက်လုပ်ဆဲအဆောက်အဦးများကို မန္တလေးစည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။
သက်ဆိုင်ရာမှ ဆက်လက်ဆောက်လုပ်ရန် ခွင့်ပြုချက်ရမှသာ ဆောက်လုပ်ခွင့်ရှိမည်ဖြစ်ပြီး၊ ထိခိုက်ပျက်စီးမှု ရှိသော ပင်မတိုင်များကိုမူ အသစ်ပြန်လည်ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ေဆာက္လုပ္ဆဲအေဆာက္အဦးမ်ား စစ္ေဆးမႈခံယူၿပီးမွသာ ဆက္လက္တည္ေဆာက္ရမည္
NP News - ေမ ၁ဝ

မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ (၆)ၿမိဳ႕နယ္အတြင္း ေဆာက္လုပ္ဆဲအေဆာက္အဦးမ်ား၏ ပင္မတိုင္မ်ား ပ်က္စီးမႈရွိ/မရွိ စစ္ေဆးၿပီးမွသာ ဆက္လက္တည္ေဆာက္ခြင့္ျပဳမည္ဟု မႏၲေလး စည္ပင္သာယာေရးေကာ္မတီ က ထုတ္ျပန္ထားသည္။
ငလ်င္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ပြားခဲ့ေသာ မႏၲေလးၿမိဳ႕တြင္ေဆာက္လုပ္ဆဲ အေဆာက္အဦးမ်ား၏ ပင္မတိုင္ မ်ား ပ်က္စီးမႈရွိ/မရွိကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဖြဲ႕စည္းေပးထားသည့္ စစ္ေဆးေရးအဖြဲ႕က စစ္ေဆး ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးၿပီး ေဆာက္လုပ္ဆဲအေဆာက္အဦးမ်ားကို မႏၲေလးစည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံႏွင့္ ကုန္႐ုံဌာနသို႔ ျပန္လည္တင္ျပရမည္ျဖစ္သည္။
သက္ဆိုင္ရာမွ ဆက္လက္ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ရမွသာ ေဆာက္လုပ္ခြင့္ရွိမည္ျဖစ္ၿပီး၊ ထိခိုက္ပ်က္စီးမႈ ရွိေသာ ပင္မတိုင္မ်ားကိုမူ အသစ္ျပန္လည္ေဆာက္လုပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.