ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းက အဆင်သင့်ရှိတယ်လို့ ဇီလန်စကီးပြော

208

Pika (NP News) - မေ ၁ဝ
ယူကရိန်းဟာ ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ ပြီးပြည့်စုံတဲ့အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့ အဆင်သင့်ရှိ တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဇီလန်စကီးရဲ့ပြောကြားချက်အရ ဆွေးနွေးမှုတွေဟာ စစ်မှန်ပြီးရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးကို ယူဆောင်လာမယ့် နည်းလမ်းတွေအပြင် ရှေ့တန်းစစ်မြေမျက်နှာပြင်က အခြေအနေတွေနဲ့ ဆက်လက်လုပ်ဆောင် နေတဲ့ သံတမန်ရေးရာကြိုးပမ်းမှုတွေအပေါ် အာရုံစိုက်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် အပစ်အခတ်ရပ်စဲရေးဟာ အနည်းဆုံးရက်ပေါင်း(၃၀)လောက်ကြာမြင့်သင့်ပြီး အဲဒီကာလအတွင်း သံတမန်ရေးအတွက် အခွင့်အလမ်းများစွာကို ဖန်တီးနိုင်လိမ့်မယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းက အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အဲဒီအပစ်အခတ်ရပ်စဲရေးဟာ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ ဆွေးနွေးတာမျိုးတွေကနေ စတင်မှာပါ။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ဒုံးကျည်တိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ ရှေ့တန်းတစ်လျှောက် ရာနဲ့ချီတဲ့သတ်ဖြတ်မှုတွေ မလုပ်ဆောင်ရဘူးဆိုတာတွေ ပါဝင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးအတြက္ ယူကရိန္းက အဆင္သင့္ရွိတယ္လို႔ ဇီလန္စကီးေျပာ
Pika (NP News) - ေမ ၁ဝ
ယူကရိန္းဟာ ႀကိဳတင္သတ္မွတ္ခ်က္ေတြမရွိဘဲ ၿပီးျပည့္စုံတဲ့အပစ္အခတ္ရပ္စဲေရးကို လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိ တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဇီလန္စကီးဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။
ဇီလန္စကီးရဲ႕ေျပာၾကားခ်က္အရ ေဆြးေႏြးမႈေတြဟာ စစ္မွန္ၿပီးေရရွည္တည္တံ့မယ့္ အပစ္အခတ္ရပ္စဲေရးကို ယူေဆာင္လာမယ့္ နည္းလမ္းေတြအျပင္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္က အေျခအေနေတြနဲ႔ ဆက္လက္လုပ္ေဆာင္ ေနတဲ့ သံတမန္ေရးရာႀကိဳးပမ္းမႈေတြအေပၚ အာ႐ုံစိုက္ထားတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အပစ္အခတ္ရပ္စဲေရးဟာ အနည္းဆုံးရက္ေပါင္း(၃၀)ေလာက္ၾကာျမင့္သင့္ၿပီး အဲဒီကာလအတြင္း သံတမန္ေရးအတြက္ အခြင့္အလမ္းမ်ားစြာကို ဖန္တီးႏိုင္လိမ့္မယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ၿပီးျပည့္စုံတဲ့ အပစ္အခတ္ရပ္စဲေရးအတြက္ ယူကရိန္းက အဆင္သင့္ျဖစ္ေနပါၿပီ။ ဒါေပမယ့္ အဲဒီအပစ္အခတ္ရပ္စဲေရးဟာ ႀကိဳတင္သတ္မွတ္ခ်က္ေတြမပါဘဲ ေဆြးေႏြးတာမ်ိဳးေတြကေန စတင္မွာပါ။ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္မွာ ဒုံးက်ည္တိုက္ခိုက္မႈ၊ ဒ႐ုန္းတိုက္ခိုက္မႈ၊ ေရွ႕တန္းတစ္ေလွ်ာက္ ရာနဲ႔ခ်ီတဲ့သတ္ျဖတ္မႈေတြ မလုပ္ေဆာင္ရဘူးဆိုတာေတြ ပါဝင္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။