ဂျင်းနီ ရဲ့ "like JENNIE" သီချင်း ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံး ကြည့်ရှု့သူ သန်း ၁၀၀ ရှိတဲ့ K-Pop MV ဖြစ်လာ

465
ရောင်နီ (NP News) - မေ ၁၁
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီရဲ့ "like JENNIE” သီချင်းဗီဒီယိုဟာ ၂၀၂၅ ခုနှစ်အတွင်း ထွက်ရှိတဲ့သီချင်းတွေထဲ ကြည်ရှု့သူ သန်း ၁၀၀ ကျော်တဲ့ k pop သီချင်းဖြစ်လာခဲ့ပါတယ်။
မေလ ၉ ရက် နံနက် ၃ နာရီ ၅ဝ မိနစ်အချိန်မှာ ဂျင်းနီရဲ့နောက်ဆုံးထွက်တစ်ကိုယ်တော်သီချင်း "like JENNIE" ဟာ ကြည့်ရှုသူ သန်း ၁၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ "like Jennie" ဟာ မတ်လ (၇) ရက် နေ့လည် (၂) နာရီအချိန်က ထွက်ရှိခဲ့တာဖြစ်ပြီး အချိန် ၆၂ ရက်နဲ့ ကြည့်ရှု့သူ သန်း ၁၀၀ မှတ်တိုင်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျင်းနီဟာ Blackpink အဖွဲ့ရဲ့ main rapper၊ main vocalist တစ်ဦးအဖြစ် ၂၀၁၆ ခုနှစ်မှာ ပွဲဦးထွက်လာသူဖြစ်ပြီး လက်ရှိမှာတော့ Solo တေးသီချင်းသစ်တွေသာ ထွက်ရှိလာနေတာ တွေ့ရပါတယ်။
သရုပ်ဆောင်ပိုင်းမှာလည်း ၂၀၂၃ ခုနှစ်က ထွက်ရှိတဲ့ "The Idol" မှာ အရံအဖြစ်နဲ့ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Zawgyi Version:
ရောင်နီ (NP News) - မေ ၁၁