ယာဉ်မတော်မှုကြောင့် ပေါင်ရိုးကျိုးခဲ့သော ဒါရိုက်တာအကယ်ဒမီစင်ရော်မောင်မောင် ၏ ခွဲစိတ်မှု အောင်မြင်

 615

သက်ပိုင် (NP News) - မေ ၁၂

ပြီးခဲ့သော မေလ ၅ ရက်က နေပြည်တော်တွင် ယာဉ်မတော်မှုကြောင့် ပေါင်ရိုးကျိုးခဲ့သော ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင် ၏ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း ကာယကံရှင် ဒါရိုက်တာ စင်ယော်မောင်မောင် က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အသိပေးထားသည်။
ခွဲစိတ်ခန်းအတွင်း ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ Physician ဆရာဝန်ကြီးများ၏ အထူးကြပ်မတ်ကုသမှုကြောင့် ခွဲစိတ်မှုအထူးအောင်မြင်ခဲ့ကြောင်းကိုလည်း ၎င်းက ရေးသားထားသည်။
:ရန်ကုန်သို့မပြန်တော့ပဲ နေပြည်တော်တွင်ခွဲစိတ်ကုသဖို့သာဆုံးဖြတ်ခဲ့ပါသည်။
ရန်ကုန်မှခွဲစိတ်ဆရာတစ်ဦးလည်း နေပြည်တော်သို့ ရောက်ရှိလာခဲ့ပါသည်။ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ Physician ဆရာဝန်ကြီးများ ဆုံစည်းပြီးတော့ ကျွန်တော့်ကို ၆ရက်နေ့မှာ ခွဲစိတ်ခဲ့ကြပါသည်။ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါသည်။ ခွဲစိတ်ခန်းအတွင်းအထူးဂရုစိုက်ကြပ်မတ်ခွဲစိတ်ခဲ့ကြပါသည်။ခွဲစိတ်မှုမှာအထူးအောင်မြင်ခဲ့ပါသည်။ နေပြည်တော်ဆေးရုံကြီးတွင် ခြေထောက်ကြွက်သားများ ပြန်လည်လှုပ်ရှားလာအောင်လေ့ကျင့်ခြင်း၊ ခြေထောက်များကွေးနိုင်အောင်လေ့ကျင့်ခြင်း၊ ဝှီးချဲဖြင့်သွားနိုင်အောင်ဆောင်ရွက်ခြင်း၊ လေးချောင်းထောက်ဖြင့်သွားနိုင်ရန်ဆောင်ရွက်ခြင်းတို့အတွက် သေချာအချိန်ယူကာ ကျန်းမာစွာဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်” ဟု အကယ်ဒမီစင်ရော်မောင်မောင်က ရေးသားထားသည်။
မေလ ၅ ရက်၊ ညနေ ၃ ပိုင်းနာရီတွင် နေပြည်တော်ကောင်စီရုံးသို့သွားရောက်စဉ် တစ်ဖက်လမ်းကြောင်းမှ ကားတစ်စီးက အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ၎င်းတို့ကားကို ဝင်တိုက်ခဲ့ကြောင်း၊ တိုက်မိသည့်အရှိန်ကြောင့် ကားတစ်စင်းလုံး ကြေမွသွားကာ ကားသမားနှင့်အတူ ကားထဲတွင် ညပ်နေခဲ့ကြောင်းနှင့် ထိုသို့ ညပ်နေစဉ် တစ်ကိုယ်လုံး လှုပ်မရအောင် နာကျင်ခံစားခဲ့ရကြောင်း ၎င်းက အတွေ့အကြုံကိုလည်း မျှဝေခဲ့သည်။
“ရုတ်တရက် ကားမီးလောင်မည်စိုးသဖြင့် လူများ ချက်ချင်းဝင်ရောက်ကယ်ဆယ်ခြင်းမရှိသော်လည်း အမျိုးသမီးတစ်ဦး နှင့် အမျိုးသားသုံးဦးသည် “ဒါ စင်ရော်မောင်မောင် ပဲ ငါတို့ဝိုင်းဆွဲမယ်ဆိုပြီး” ကားကိုချဉ်းကပ်လာခဲ့ပါသည်။ ကျွန်တော်သည် ထိလို့မရအောင်နာကျင်နေကြောင်း ပြောပြသောအခါ အနားမှာရှိသော လူငယ်များမှ ပုဆိုးနှစ်ထည်ကိုချည်ပြီးတော့ ပုဆိုးပေါ်သို့ဆွဲချပြီး ပုဆိုးကို တရွတ်တိုက်ကားလမ်းအတိုင်း ဆွဲချခဲ့ပါတယ် ” ဟု ၎င်းက ဆိုသည်။
ထို့နောက် အခင်းဖြစ်ပွာသောနေရာမှ လူအချို့၏ ဆက်သွယ်မှုကြောင့် ရွှေစံအိမ်ဟိုတယ်မှ ပိုင်ရှင်နှင့် အဖွဲ့သားများမှ ၎င်းတို့ပိုင်ဆိုင်သောကားဖြင့် လာရောက် သယ်ဆောင်ကာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ဆေးရုံကြီး ကုတင်၁၀၀၀ သို့ ရောက်ရှိသောအခါ တာဝန်ကျနေသော သူနာပြုများ အခန်းတစ်ခန်းတွင် ၎င်းတို့သုံးဦးအား ချက်ချင်းအထူးဂရုစိုက် စမ်းသပ်စစ်ဆေးပြီး CT Scan ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ နှလုံး echo ရိုက်ခြင်း၊ အဆုတ်ရိုက်ခြင်း စသည်များကို တစ်ကိုယ်လုံး အထူးဂရုစိုက် စစ်ဆေးကြည့်ရှုပေးခဲ့ကြကြောင်း ၎င်းက ရေးသားထားသည်။
“ဆေးရုံအုပ်ကြီးကိုယ်တိုင်ရောက်ရှိလာပြီး ICU ပါရဂူကြီးများ၊ အဆုတ်ပါရဂူကြီးများ ၊ ကျန်ရှိတဲ့အထွေထွေဆိုင်ရာဆရာဝန်ကြီးများရောက်ရှိလာပြီး အလွန်အလုပ်များသည့်ကြားမှ ကျွန်တော်ရယ် ကျွန်တော့်ကားသမား နှင့် ကျွန်တော့်တပည့်ရယ်ကို အထူးတလည် နောက်ဆုံးအထိ အသေးစိတ်ကြည့်ရှုပေးပြီး ပေါင်ရိုးတွင်တွင်ကျိုးခဲ့ပါသည်။ အဆုတ်တွင်လဲ ဒဏ်ရာသုံးချက်ရရှိခဲ့ပါသည်။ နှလုံး၊ ဆီး၊ ကျောက်ကပ်၊ ခါး စသည့်နေရာများတွင်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ” ဟု ၎င်း၏ အတွေ့အကြုံကို ဖော်ပြထားသည်။

Zawgyi Version:
ယာဥ္မေတာ္မႈေၾကာင့္ ေပါင္႐ိုးက်ိဳးခဲ့ေသာ ဒါ႐ိုက္တာအကယ္ဒမီစင္ေရာ္ေမာင္ေမာင္ ၏ ခြဲစိတ္မႈ ေအာင္ျမင္
သက္ပိုင္ (NP News) - ေမ ၁၂

ၿပီးခဲ့ေသာ ေမလ ၅ ရက္က ေနျပည္ေတာ္တြင္ ယာဥ္မေတာ္မႈေၾကာင့္ ေပါင္႐ိုးက်ိဳးခဲ့ေသာ ဒါ႐ိုက္တာ အကယ္ဒမီစင္ေရာ္ေမာင္ေမာင္ ၏ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ေၾကာင္း ကာယကံရွင္ ဒါ႐ိုက္တာ စင္ေယာ္ေမာင္ေမာင္ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ အသိေပးထားသည္။
ခြဲစိတ္ခန္းအတြင္း ခြဲစိတ္ဆရာဝန္ႀကီးမ်ား၊ ေမ့ေဆးဆရာဝန္ႀကီးမ်ား၊ Physician ဆရာဝန္ႀကီးမ်ား၏ အထူးၾကပ္မတ္ကုသမႈေၾကာင့္ ခြဲစိတ္မႈအထူးေအာင္ျမင္ခဲ့ေၾကာင္းကိုလည္း ၎က ေရးသားထားသည္။
:ရန္ကုန္သို႔မျပန္ေတာ့ပဲ ေနျပည္ေတာ္တြင္ခြဲစိတ္ကုသဖို႔သာဆုံးျဖတ္ခဲ့ပါသည္။
ရန္ကုန္မွခြဲစိတ္ဆရာတစ္ဦးလည္း ေနျပည္ေတာ္သို႔ ေရာက္ရွိလာခဲ့ပါသည္။ ခြဲစိတ္ဆရာဝန္ႀကီးမ်ား၊ ေမ့ေဆးဆရာဝန္ႀကီးမ်ား၊ Physician ဆရာဝန္ႀကီးမ်ား ဆုံစည္းၿပီးေတာ့ ကြၽန္ေတာ့္ကို ၆ရက္ေန႔မွာ ခြဲစိတ္ခဲ့ၾကပါသည္။ ေအာင္ျမင္စြာခြဲစိတ္ႏိုင္ခဲ့ပါသည္။ ခြဲစိတ္ခန္းအတြင္းအထူးဂ႐ုစိုက္ၾကပ္မတ္ခြဲစိတ္ခဲ့ၾကပါသည္။ခြဲစိတ္မႈမွာအထူးေအာင္ျမင္ခဲ့ပါသည္။ ေနျပည္ေတာ္ေဆး႐ုံႀကီးတြင္ ေျခေထာက္ႂကြက္သားမ်ား ျပန္လည္လႈပ္ရွားလာေအာင္ေလ့က်င့္ျခင္း၊ ေျခေထာက္မ်ားေကြးႏိုင္ေအာင္ေလ့က်င့္ျခင္း၊ ဝွီးခ်ဲျဖင့္သြားႏိုင္ေအာင္ေဆာင္႐ြက္ျခင္း၊ ေလးေခ်ာင္းေထာက္ျဖင့္သြားႏိုင္ရန္ေဆာင္႐ြက္ျခင္းတို႔အတြက္ ေသခ်ာအခ်ိန္ယူကာ က်န္းမာစြာျဖင့္ ေလ့က်င့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း တင္ျပအပ္ပါသည္” ဟု အကယ္ဒမီစင္ေရာ္ေမာင္ေမာင္က ေရးသားထားသည္။
ေမလ ၅ ရက္၊ ညေန ၃ ပိုင္းနာရီတြင္ ေနျပည္ေတာ္ေကာင္စီ႐ုံးသို႔သြားေရာက္စဥ္ တစ္ဖက္လမ္းေၾကာင္းမွ ကားတစ္စီးက အရွိန္ျပင္းစြာ ေမာင္းႏွင္လာၿပီး ၎တို႔ကားကို ဝင္တိုက္ခဲ့ေၾကာင္း၊ တိုက္မိသည့္အရွိန္ေၾကာင့္ ကားတစ္စင္းလုံး ေၾကမြသြားကာ ကားသမားႏွင့္အတူ ကားထဲတြင္ ညပ္ေနခဲ့ေၾကာင္းႏွင့္ ထိုသို႔ ညပ္ေနစဥ္ တစ္ကိုယ္လုံး လႈပ္မရေအာင္ နာက်င္ခံစားခဲ့ရေၾကာင္း ၎က အေတြ႕အႀကဳံကိုလည္း မွ်ေဝခဲ့သည္။
“႐ုတ္တရက္ ကားမီးေလာင္မည္စိုးသျဖင့္ လူမ်ား ခ်က္ခ်င္းဝင္ေရာက္ကယ္ဆယ္ျခင္းမရွိေသာ္လည္း အမ်ိဳးသမီးတစ္ဦး ႏွင့္ အမ်ိဳးသားသုံးဦးသည္ “ဒါ စင္ေရာ္ေမာင္ေမာင္ ပဲ ငါတို႔ဝိုင္းဆြဲမယ္ဆိုၿပီး” ကားကိုခ်ဥ္းကပ္လာခဲ့ပါသည္။ ကြၽန္ေတာ္သည္ ထိလို႔မရေအာင္နာက်င္ေနေၾကာင္း ေျပာျပေသာအခါ အနားမွာရွိေသာ လူငယ္မ်ားမွ ပုဆိုးႏွစ္ထည္ကိုခ်ည္ၿပီးေတာ့ ပုဆိုးေပၚသို႔ဆြဲခ်ၿပီး ပုဆိုးကို တ႐ြတ္တိုက္ကားလမ္းအတိုင္း ဆြဲခ်ခဲ့ပါတယ္ ” ဟု ၎က ဆိုသည္။
ထို႔ေနာက္ အခင္းျဖစ္ပြာေသာေနရာမွ လူအခ်ိဳ႕၏ ဆက္သြယ္မႈေၾကာင့္ ေ႐ႊစံအိမ္ဟိုတယ္မွ ပိုင္ရွင္ႏွင့္ အဖြဲ႕သားမ်ားမွ ၎တို႔ပိုင္ဆိုင္ေသာကားျဖင့္ လာေရာက္ သယ္ေဆာင္ကာ ေနျပည္ေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္ေဆး႐ုံႀကီး ကုတင္၁၀၀၀ သို႔ ေရာက္ရွိေသာအခါ တာဝန္က်ေနေသာ သူနာျပဳမ်ား အခန္းတစ္ခန္းတြင္ ၎တို႔သုံးဦးအား ခ်က္ခ်င္းအထူးဂ႐ုစိုက္ စမ္းသပ္စစ္ေဆးၿပီး CT Scan ႐ိုက္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ ႏွလုံး echo ႐ိုက္ျခင္း၊ အဆုတ္႐ိုက္ျခင္း စသည္မ်ားကို တစ္ကိုယ္လုံး အထူးဂ႐ုစိုက္ စစ္ေဆးၾကည့္ရႈေပးခဲ့ၾကေၾကာင္း ၎က ေရးသားထားသည္။
“ေဆး႐ုံအုပ္ႀကီးကိုယ္တိုင္ေရာက္ရွိလာၿပီး ICU ပါရဂူႀကီးမ်ား၊ အဆုတ္ပါရဂူႀကီးမ်ား ၊ က်န္ရွိတဲ့အေထြေထြဆိုင္ရာဆရာဝန္ႀကီးမ်ားေရာက္ရွိလာၿပီး အလြန္အလုပ္မ်ားသည့္ၾကားမွ ကြၽန္ေတာ္ရယ္ ကြၽန္ေတာ့္ကားသမား ႏွင့္ ကြၽန္ေတာ့္တပည့္ရယ္ကို အထူးတလည္ ေနာက္ဆုံးအထိ အေသးစိတ္ၾကည့္ရႈေပးၿပီး ေပါင္႐ိုးတြင္တြင္က်ိဳးခဲ့ပါသည္။ အဆုတ္တြင္လဲ ဒဏ္ရာသုံးခ်က္ရရွိခဲ့ပါသည္။ ႏွလုံး၊ ဆီး၊ ေက်ာက္ကပ္၊ ခါး စသည့္ေနရာမ်ားတြင္ဒဏ္ရာရရွိျခင္းမရွိခဲ့ပါ” ဟု ၎၏ အေတြ႕အႀကဳံကို ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.