ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပေးရန် နစက ပန်ကြား

 741

Pearl (NP News) - မေ ၁၂

ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ကျင်းပမည်ဖြစ်ပြီး နစကအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ့်ဟာတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံအားပေးတာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့သတင်း ကောင်းပါးလိုတာကတော့ မြန်မာပြည်သူလူထု ယခင်ကတည်းက လိုလားတောင့်တခဲ့ တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာသည် ယခင်ကတည်းကတိုင် တပ်မတော်ရဲ့ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့တယ်။ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်ကို ရယူခဲ့တယ်။ အခုချိန်မှာတော့ မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အနေနဲ့ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်ကာ ပြည်သူလူထုကို အသိပညာ ပေးခြင်းများကိုလည်း ဆက်လက်လုပ်ဆောင်ရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းပြောကြားထားသည်။
“ နိုင်ငံရေးပါတီတွေရဲ့အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ ပြီးရင် ပြည်သူလူထုကိုအသိပေး ပညာပေးရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့ နံပါတ်တစ်ပြောလို တယ်။ နံပါတ်နှစ်ကတော့ ပြည်သူလူထုရဲ့အပိုင်းပါ။ ပြည်သူလူထုရဲ့အပိုင်းမှာ ကျွန်တော်တို့သည် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိတယ်လို့ ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် ငြိမ်းချမ်းစွာ တရားမျှတရေး ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မေလ (၈)ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၅၀ စုစုပေါင်း ၇၆ ပါတီ ရှိပြီဖြစ်သည်။ ယခုလျှောက် ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကို ၿငိမ္းခ်မ္းစြာက်င္းပႏိုင္ေရး ဝိုင္းဝန္းကူညီေပးရန္ နစက ပန္ၾကား
Pearl (NP News) - ေမ ၁၂

ေ႐ြးေကာက္ပြဲကို ၿငိမ္းခ်မ္းစြာက်င္းပႏိုင္ေရး ဝိုင္းဝန္းကူညီေပးရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ၏ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
ပါတီစုံဒီမိုကေရစီ အေထြအေထြေ႐ြးေကာက္ပြဲကို လာမည့္ ဒီဇင္ဘာလႏွင့္ ဇန္နဝါရီလတို႔တြင္ က်င္းပမည္ျဖစ္ၿပီး နစကအေနျဖင့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ႀကိဳတင္ျပင္ဆင္မႈမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ဒီႏွစ္ ႏွစ္ကုန္ပိုင္းမွာ ေ႐ြးေကာက္ပြဲ က်င္းပေပးမွာျဖစ္တယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္႐ြက္သြားမယ့္ဟာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေထာက္ခံအားေပးတာကို ေတြ႕ရတယ္။ ကြၽန္ေတာ့္အေနနဲ႔သတင္း ေကာင္းပါးလိုတာကေတာ့ ျမန္မာျပည္သူလူထု ယခင္ကတည္းက လိုလားေတာင့္တခဲ့ တဲ့ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ ပါတီစုံဒီမိုကေရစီစနစ္ဆိုတာသည္ ယခင္ကတည္းကတိုင္ တပ္မေတာ္ရဲ႕ေဖာ္ေဆာင္မႈနဲ႔ ကြၽန္ေတာ္တို႔ရရွိခဲ့တယ္။ မဲလိမ္မဲခိုးမႈေတြေၾကာင့္ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္ တာဝန္ကို ရယူခဲ့တယ္။ အခုခ်ိန္မွာေတာ့ ျမန္မာျပည္သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ကြၽန္ေတာ္တို႔ အေနနဲ႔ ဆက္လက္ေဖာ္ေဆာင္သြားမွာျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္လည္း ႀကိဳတင္ျပင္ဆင္မႈမ်ား ဆက္လက္လုပ္ေဆာင္ကာ ျပည္သူလူထုကို အသိပညာ ေပးျခင္းမ်ားကိုလည္း ဆက္လက္လုပ္ေဆာင္ရန္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တိုက္တြန္းေျပာၾကားထားသည္။
“ ႏိုင္ငံေရးပါတီေတြရဲ႕အပိုင္းမွာ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ရမွာရွိတယ္။ ၿပီးရင္ ျပည္သူလူထုကိုအသိေပး ပညာေပးရမွာရွိတယ္။ ဒါေတြကိုလည္း ဆက္လက္လုပ္ေဆာင္သြားဖို႔ ကြၽန္ေတာ့္အေနနဲ႔ နံပါတ္တစ္ေျပာလို တယ္။ နံပါတ္ႏွစ္ကေတာ့ ျပည္သူလူထုရဲ႕အပိုင္းပါ။ ျပည္သူလူထုရဲ႕အပိုင္းမွာ ကြၽန္ေတာ္တို႔သည္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲ၊ ပါတီစုံဒီမိုကေရစီစနစ္ကို အလိုရွိတယ္လို႔ ေျပာၿပီးၿပီ။ ပါတီစုံဒီမိုကေရစီစနစ္ကို အလိုရွိရင္ ၿငိမ္းခ်မ္းစြာ တရားမွ်တေရး ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔က အေျခခံလိုအပ္ခ်က္ျဖစ္တယ္။ ဒီေ႐ြးေကာက္ပြဲကို ၿငိမ္းခ်မ္းစြာက်င္းပႏိုင္ဖို႔အတြက္ ျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းကူညီပံ့ပိုးေပးၾကပါ။ ဒီမိုကေရစီရဲ႕ ဆန႔္က်င္ဘက္ျဖစ္တဲ့ အၾကမ္းဖက္ဝါဒကို ျပတ္ျပတ္သားသား ဆန႔္က်င္ၾကပါလို႔ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
ၿပီးခဲ့သည့္ ေမလ (၈)ရက္အထိ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၃ အရ ေလွ်ာက္ထားေသာ ပါတီ ၂၆ ပါတီရွိၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၂၅ အရ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားသည့္ ပါတီ ၅၀ စုစုေပါင္း ၇၆ ပါတီ ရွိၿပီျဖစ္သည္။ ယခုေလွ်ာက္ ထားသည့္အဖြဲ႕အား ပါတီတည္ေထာင္ခြင့္ျပဳႏိုင္ေရး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္စိစစ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.