ရုရှားသမ္မတရဲ့အဆိုပြုချက်ကို ယူကရိန်းက ချက်ချင်းသဘောတူညီသင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 456

Pika (NP News) - မေ ၁၃

ရုရှားသမ္မတပူတင်က အဆိုပြုခဲ့တဲ့ တိုက်ရိုက်ဆွေးနွေးပွဲတွေကို ချက်ချင်းသဘောတူဖို့ ယူကရိန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ပူတင်ကအဆိုပြုခဲ့တဲ့ ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေဟာ ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးရဲ့ရပ်တည်ချက်တွေကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ပြီး သဘောတူညီချက်ဖြစ်နိုင်တာမျိုး ရှိ/မရှိဆိုတာကို ပြသလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က အကြံပြုပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ပူတင်က ယူကရိန်းနဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို မလိုချင်ပေမယ့်လည်း ဒီသွေးစွန်းနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အ တွက် ဆွေးနွေးပွဲတွေကို လုပ်ဆောင်ချင်နေပါတယ်။ ယူကရိန်းဘက်ကလည်း အဲဒါကို ချက်ချင်းသဘောတူညီသင့်ပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက်က မဖြစ်နိုင်ဘူးဆိုတာကို ဥရောပခေါင်းဆောင်တွေနဲ့အမေရိကန်တို့က ရှင်းရှင်းလင်းလင်းသိလာခဲ့ရမယ်ဆိုရင်တော့ အရာအားလုံးကို လိုက်လျောညီထွေစွာဆက်လက်လုပ်ဆောင်နိုင်ဖို့ စဉ်းစားရပါလိမ့်မယ်။ ယူကရိန်းက ပူတင်နဲ့သဘောတူညီချက်တစ်ခုလုပ်မှာလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်သံသယဖြစ်မိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်တာမျိုး မရှိသေးသလို စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် တိုက်ရိုက်ဆွေးနွေးပွဲတွေကို လုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
႐ုရွားသမၼတရဲ႕အဆိုျပဳခ်က္ကို ယူကရိန္းက ခ်က္ခ်င္းသေဘာတူညီသင့္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁၃

႐ုရွားသမၼတပူတင္က အဆိုျပဳခဲ့တဲ့ တိုက္႐ိုက္ေဆြးေႏြးပြဲေတြကို ခ်က္ခ်င္းသေဘာတူဖို႔ ယူကရိန္းကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ပူတင္ကအဆိုျပဳခဲ့တဲ့ ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြဟာ ပဋိပကၡနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္စလုံးရဲ႕ရပ္တည္ခ်က္ေတြကို ေျဖရွင္းရာမွာ ကူညီေပးႏိုင္ၿပီး သေဘာတူညီခ်က္ျဖစ္ႏိုင္တာမ်ိဳး ရွိ/မရွိဆိုတာကို ျပသလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က အႀကံျပဳေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ပူတင္က ယူကရိန္းနဲ႔အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို မလိုခ်င္ေပမယ့္လည္း ဒီေသြးစြန္းေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အ တြက္ ေဆြးေႏြးပြဲေတြကို လုပ္ေဆာင္ခ်င္ေနပါတယ္။ ယူကရိန္းဘက္ကလည္း အဲဒါကို ခ်က္ခ်င္းသေဘာတူညီသင့္ပါတယ္။ ဒါေပမဲ့လည္း သေဘာတူညီခ်က္က မျဖစ္ႏိုင္ဘူးဆိုတာကို ဥေရာပေခါင္းေဆာင္ေတြနဲ႔အေမရိကန္တို႔က ရွင္းရွင္းလင္းလင္းသိလာခဲ့ရမယ္ဆိုရင္ေတာ့ အရာအားလုံးကို လိုက္ေလ်ာညီေထြစြာဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ စဥ္းစားရပါလိမ့္မယ္။ ယူကရိန္းက ပူတင္နဲ႔သေဘာတူညီခ်က္တစ္ခုလုပ္မွာလားဆိုတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္သံသယျဖစ္မိပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ အပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္တာမ်ိဳး မရွိေသးသလို စစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ တိုက္႐ိုက္ေဆြးေႏြးပြဲေတြကို လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.