အမေရိကန်နဲ့နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေက ခက်ခဲပေမယ့် အသုံးဝင်နေဆဲဖြစ်တယ်လို့ အီရန်ပြော

132

Pika (NP News) - မေ ၁၃
အီရန်နဲ့ အမေရိကန်တို့ဟာ နျူကလီးယားဆိုင်ရာ လေးကြိမ်မြောက်ဆွေးနွေးပွဲကို အိုမန်နိုင်ငံမှာ လုပ် ဆောင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ အောင်မြင်မှုရရှိတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒါပေမဲ့လည်း အနာဂတ်ဆွေးနွေးမှုတွေအတွက် အစီအစဉ်တွေကို အီရန်နဲ့အမေရိကန်နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မေလ(၁၁)ရက်က လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း အသုံးဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့တယ်လို့ အီရန်ဘက်ကပြောကြားခဲ့ပြီး အမေရိကန်ဘက်ကတော့ ၎င်းတို့ဟာ အဲဒီဆွေးနွေးပွဲတွေကို ဆက်လက်အားပေးလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲတွေဟာ အချင်းချင်းရဲ့ ရပ်တည်ချက်တွေကို ပိုမိုနားလည်သဘောပေါက်ဖို့နဲ့ မတူညီမှုတွေကို ဖြေရှင်းဖို့အတွက် ကျိုးကြောင်းဆီလျော်ပြီးလက်တွေ့ကျတဲ့နည်းလမ်းတွေကို ရှာဖွေဖို့ကူညီပေးနိုင်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင်နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကနေ သက်သာရာရစေဖို့အတွက် အကူအညီဖြစ်စေနိုင်တယ်လို့ Esmaeil Baghaei က အစောပိုင်းမှာပြောကြားခဲ့ပါတယ်။အမေရိကန်အစိုးရဟာ အီရန်နဲ့နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေကို အားပေးလျက်ရှိပြီး လာမယ့်အနာဂတ်မှာ နောက်ထပ်ဆွေးနွေးပွဲတွေကို စောင့်ဆိုင်းလျက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။
zawgyi version
အေမရိကန္နဲ႔န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြက ခက္ခဲေပမယ့္ အသုံးဝင္ေနဆဲျဖစ္တယ္လို႔ အီရန္ေျပာ
Pika (NP News) - ေမ ၁၃
အီရန္နဲ႔ အေမရိကန္တို႔ဟာ န်ဴကလီးယားဆိုင္ရာ ေလးႀကိမ္ေျမာက္ေဆြးေႏြးပြဲကို အိုမန္ႏိုင္ငံမွာ လုပ္ ေဆာင္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့ ေအာင္ျမင္မႈရရွိတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ဒါေပမဲ့လည္း အနာဂတ္ေဆြးေႏြးမႈေတြအတြက္ အစီအစဥ္ေတြကို အီရန္နဲ႔အေမရိကန္ႏွစ္ဖက္စလုံးက အတည္ျပဳခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေမလ(၁၁)ရက္က လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲဟာ အခက္အခဲေတြရွိခဲ့ေပမယ့္လည္း အသုံးဝင္တဲ့ေဆြးေႏြးပြဲတစ္ခုျဖစ္ခဲ့တယ္လို႔ အီရန္ဘက္ကေျပာၾကားခဲ့ၿပီး အေမရိကန္ဘက္ကေတာ့ ၎တို႔ဟာ အဲဒီေဆြးေႏြးပြဲေတြကို ဆက္လက္အားေပးလ်က္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ေဆြးေႏြးပြဲေတြဟာ အခ်င္းခ်င္းရဲ႕ ရပ္တည္ခ်က္ေတြကို ပိုမိုနားလည္သေဘာေပါက္ဖို႔နဲ႔ မတူညီမႈေတြကို ေျဖရွင္းဖို႔အတြက္ က်ိဳးေၾကာင္းဆီေလ်ာ္ၿပီးလက္ေတြ႕က်တဲ့နည္းလမ္းေတြကို ရွာေဖြဖို႔ကူညီေပးႏိုင္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Esmaeil Baghaei က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြဟာ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကေန သက္သာရာရေစဖို႔အတြက္ အကူအညီျဖစ္ေစႏိုင္တယ္လို႔ Esmaeil Baghaei က အေစာပိုင္းမွာေျပာၾကားခဲ့ပါတယ္။အေမရိကန္အစိုးရဟာ အီရန္နဲ႔န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြကို အားေပးလ်က္ရွိၿပီး လာမယ့္အနာဂတ္မွာ ေနာက္ထပ္ေဆြးေႏြးပြဲေတြကို ေစာင့္ဆိုင္းလ်က္ရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။