မလေးရှားနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် တပ်ဖွဲ့ဝင်(၉)ဦး သေဆုံး

909

ရောင်နီ(NP News) - မေ ၁၄
မလေးရှားနိုင်ငံမှာ မေလ ၁၃ ရက်က သယ်ယူပို့ဆောင်ရေး ထရပ်ကားနဲ့ လော်ရီကား တိုက်မိခြင်းကြောင့် မလေးရှား အရံတပ်ဖွဲ့ဝင်(၉)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုနဲ့ မီဒီယာတွေက ပြောကြားပါတယ်။
ဟိန္ဒူပွဲတော်ကို စောင့်ကြပ်ပြီးနောက် မလေးရှား မြောက်ပိုင်း အိုင်ပို့ဟ်မြို့ကိုပြန်လည်လာနေချိန်မှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Perak Emergency Services က ထုတ်ပြန်ထားပါတယ်။ "တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးက ကျောက်စရစ်တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးနဲ့ တိုက်မိတာ ဖြစ်တယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကနဦး သတင်းတွေအရ မလေးရှားနိုင်ငံရဲ့ Federal Reserve Unit မှ အဖွဲ့ဝင် ရှစ်ဦးပွဲချင်းပြီး သေဆုံးပြီး အရံတပ်သားတစ်ဦး ဒဏ်ရာကြောင့် နောက်ပိုင်းတွင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုနဲ့ ဆက်စပ်ပြီး အသက် (၄၀)အရွယ် ကုန်တင်ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး နှစ်နာရီတိုင်းလိုလို ယာဉ်မတော်တဆမှု ဖြစ်နေတယ်လို့ မတ်လက ဖော်ပြတဲ့ The Star သတင်းစာအရ သိရပါတယ်။
zawgyi version
မေလးရွားႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ တပ္ဖြဲ႕ဝင္(၉)ဦး ေသဆုံး
ေရာင္နီ(NP News) - ေမ ၁၄
မေလးရွားႏိုင္ငံမွာ ေမလ ၁၃ ရက္က သယ္ယူပို႔ေဆာင္ေရး ထရပ္ကားနဲ႔ ေလာ္ရီကား တိုက္မိျခင္းေၾကာင့္ မေလးရွား အရံတပ္ဖြဲ႕ဝင္(၉)ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ အေရးေပၚဝန္ေဆာင္မႈနဲ႔ မီဒီယာေတြက ေျပာၾကားပါတယ္။
ဟိႏၵဴပြဲေတာ္ကို ေစာင့္ၾကပ္ၿပီးေနာက္ မေလးရွား ေျမာက္ပိုင္း အိုင္ပို႔ဟ္ၿမိဳ႕ကိုျပန္လည္လာေနခ်ိန္မွာ အဆိုပါ မေတာ္တဆမႈ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ Perak Emergency Services က ထုတ္ျပန္ထားပါတယ္။ "တပ္ဖြဲ႕ဝင္ေတြကို တင္ေဆာင္လာတဲ့ ထရပ္ကားတစ္စီးက ေက်ာက္စရစ္တင္ေဆာင္လာတဲ့ ထရပ္ကားတစ္စီးနဲ႔ တိုက္မိတာ ျဖစ္တယ္"လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ကနဦး သတင္းေတြအရ မေလးရွားႏိုင္ငံရဲ႕ Federal Reserve Unit မွ အဖြဲ႕ဝင္ ရွစ္ဦးပြဲခ်င္းၿပီး ေသဆုံးၿပီး အရံတပ္သားတစ္ဦး ဒဏ္ရာေၾကာင့္ ေနာက္ပိုင္းတြင္ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ယာဥ္မေတာ္တဆမႈနဲ႔ ဆက္စပ္ၿပီး အသက္ (၄၀)အ႐ြယ္ ကုန္တင္ယာဥ္ေမာင္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ မေလးရွားႏိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံးမႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ႏွစ္နာရီတိုင္းလိုလို ယာဥ္မေတာ္တဆမႈ ျဖစ္ေနတယ္လို႔ မတ္လက ေဖာ္ျပတဲ့ The Star သတင္းစာအရ သိရပါတယ္။