မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားကြီးတစ်ဦး စက်ဘီးစီးအားကစားလုပ်နေစဉ် ရုတ်တရက်လဲကျသေဆုံး

 946

သန့်ဇင်(NP News)-စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားကြီးတစ်ဦး စက်ဘီးစီးအားကစားလုပ်နေစဉ် ရုတ်တရက်လဲကျသေဆုံး သွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၁ရက်)၊ နံနက် ၅ နာရီ ၁၀ မိစန်အချိန်ခန့်က မြောက်ဒဂုံမြို့နယ်၊ တောင်-မြောက်လမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့မှာက စက်ဘီးစီးဖို့ ဂရုရှိတယ်။ အဲဒီမှာ မဝတလမ်းစုံကိုချိန်းကြတယ်။ တောင်ဒဂုံဘက်ကလူတွေ မောင်းမကန်ကစောင့်တယ်။ ဒီအဘက ဗိုလ်တစ်ထောင်က လာတာလို့ပြောတယ်။ ကျွန်တော်တို့ကို ဖုန်းဆက်တော့ (၅) နာရီလောက်ဆက်တာ။ အဲဒီမှာ စည်ပင် ဝန်ထမ်း တစ်ဦးက အဘကလဲနေတယ်ဆိုပြီး ခေါ်ကြည့်လို့မရလို့ လမ်းလယ်ကျွန်းလေးပေါ်တင်ပေးထားတာ”ဟု သွားရောက်ကူညီခဲ့ သူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူမှာ အသက် (၇၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်ပြီး စက်ဘီးအားကစားလုပ်နေစဉ် နှလုံးဖောက်ကလဲကျသေဆုံး သွားခြင်းဖြစ်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က သုံးသပ်ထား။
“အဲဒီအဘက အသက် (၇၅)နှစ်ရှိပြီ။ နာမည်တော့မသိရသေးဘူး။ သူ့ဟာသူ နှလုံးဖောက်ပြီးစက်ဘီးစီးရင်း ပစ်ကျသလားပဲ။ ဒဏ်ရာ ကတော့ လက်လေးမှာပွန်းပဲ့လေးပဲရှိတယ်”ဟု ၎င်းကဆိုသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ အမ်ိဳးသားႀကီးတစ္ဦး စက္ဘီးစီးအားကစားလုပ္ေနစဥ္ ႐ုတ္တရက္လဲက်ေသဆုံး
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၁
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ အမ်ိဳးသားႀကီးတစ္ဦး စက္ဘီးစီးအားကစားလုပ္ေနစဥ္ ႐ုတ္တရက္လဲက်ေသဆုံး သြားခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သူတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၂၁ရက္)၊ နံနက္ ၅ နာရီ ၁၀ မိစန္အခ်ိန္ခန႔္က ေျမာက္ဒဂုံၿမိဳ႕နယ္၊ ေတာင္-ေျမာက္လမ္းဆုံအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔မွာက စက္ဘီးစီးဖို႔ ဂ႐ုရွိတယ္။ အဲဒီမွာ မဝတလမ္းစုံကိုခ်ိန္းၾကတယ္။ ေတာင္ဒဂုံဘက္ကလူေတြ ေမာင္းမကန္ကေစာင့္တယ္။ ဒီအဘက ဗိုလ္တစ္ေထာင္က လာတာလို႔ေျပာတယ္။ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္ေတာ့ (၅) နာရီေလာက္ဆက္တာ။ အဲဒီမွာ စည္ပင္ ဝန္ထမ္း တစ္ဦးက အဘကလဲေနတယ္ဆိုၿပီး ေခၚၾကည့္လို႔မရလို႔ လမ္းလယ္ကြၽန္းေလးေပၚတင္ေပးထားတာ”ဟု သြားေရာက္ကူညီခဲ့ သူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူမွာ အသက္ (၇၅)ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးျဖစ္ၿပီး စက္ဘီးအားကစားလုပ္ေနစဥ္ ႏွလုံးေဖာက္ကလဲက်ေသဆုံး သြားျခင္းျဖစ္ႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က သုံးသပ္ထား။
“အဲဒီအဘက အသက္ (၇၅)ႏွစ္ရွိၿပီ။ နာမည္ေတာ့မသိရေသးဘူး။ သူ႔ဟာသူ ႏွလုံးေဖာက္ၿပီးစက္ဘီးစီးရင္း ပစ္က်သလားပဲ။ ဒဏ္ရာ ကေတာ့ လက္ေလးမွာပြန္းပဲ့ေလးပဲရွိတယ္”ဟု ၎ကဆိုသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ေျမာက္ဥကၠလာျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.