အိန္ဒိယသရုပ်ဆောင်-လူရွှင်တော် ရိုဘိုရှန်ကာ ရုပ်ရှင်ရိုက်ကူးနေချိန် အမြင့်တစ်နေရာမှ ပြုတ်ကျ ကွယ်လွန်

873

ရောင်နီ (NP News) - စက်တင်ဘာ ၂ဝ
အိန္ဒိယသရုပ်ဆောင်-လူရွှင်တော် ရိုဘိုရှန်ကာဟာ ရုပ်ရှင်ရိုက်ကူးနေရင်း အမြင့်တစ်နေရာက ပြုတ်ကျကာ ပြင်းထန်အခြေအနေနဲ့ ဆေးရုံတက်ခဲ့ရပြီး ရက်ပိုင်းအကြာ စက်တင်ဘာ ၁၈ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ရိုဘိုရှန်ကာ ဟာ အသက် ၄၆ နှစ် ရှိပြီဖြစ်ပြီး အသည်းနဲ့ ကျောက်ကပ်ရောဂါအပြင် အသားဝါရောဂါလည်း ခံစားနေရသူဖြစ်ပါတယ်။ Athu Ithu Ethu (That This Who, 2009) တမီလ်ရုပ်ရှင်နဲ့ အက်ရှင်ဟာသ Maari (2015) နဲ့ တီဗီရှိုးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများတဲ့ ရိုဘိုရှန်ကာ ဟာ "GodsJilla" ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေချိန်မှာ မတော်တဆမှုဖြစ်ကာ ကွယ်လွန်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံထုတ် အင်္ဂလိပ်ဘာသာနေ့စဉ်သတင်းစာ The Hindu မှ ဖော်ပြချက်အရ ရှန်ကာ ကို စက်တင်ဘာ ၁၆ ရက်က ချန်နိုင်းဆေးရုံကို ပို့ဆောင်ခဲ့ပြီး “အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ သွေးထွက်လွန်ကာ ရှုပ်ထွေးတဲ့ ဝမ်းဗိုက်ဆိုင်ရာအခြေအနေတွေကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့ကာ နောက်ပိုင်းကွယ်လွန်သွားခဲ့ တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ကွယ်လွန်မှုအတွက် အိန္ဒိယသရုပ်ဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယသ႐ုပ္ေဆာင္-လူ႐ႊင္ေတာ္ ႐ိုဘိုရွန္ကာ ႐ုပ္ရွင္႐ိုက္ကူးေနခ်ိန္ အျမင့္တစ္ေနရာမွ ျပဳတ္က် ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၂ဝ
အိႏၵိယသ႐ုပ္ေဆာင္-လူ႐ႊင္ေတာ္ ႐ိုဘိုရွန္ကာဟာ ႐ုပ္ရွင္႐ိုက္ကူးေနရင္း အျမင့္တစ္ေနရာက ျပဳတ္က်ကာ ျပင္းထန္အေျခအေနနဲ႔ ေဆး႐ုံတက္ခဲ့ရၿပီး ရက္ပိုင္းအၾကာ စက္တင္ဘာ ၁၈ ရက္မွာ ကြယ္လြန္သြားခဲ့ပါတယ္။
႐ိုဘိုရွန္ကာ ဟာ အသက္ ၄၆ ႏွစ္ ရွိၿပီျဖစ္ၿပီး အသည္းနဲ႔ ေက်ာက္ကပ္ေရာဂါအျပင္ အသားဝါေရာဂါလည္း ခံစားေနရသူျဖစ္ပါတယ္။ Athu Ithu Ethu (That This Who, 2009) တမီလ္႐ုပ္ရွင္နဲ႔ အက္ရွင္ဟာသ Maari (2015) နဲ႔ တီဗီရႈိးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လူသိမ်ားတဲ့ ႐ိုဘိုရွန္ကာ ဟာ "GodsJilla" ဆိုတဲ့ ဇာတ္ကား ႐ိုက္ကူးေနခ်ိန္မွာ မေတာ္တဆမႈျဖစ္ကာ ကြယ္လြန္ခဲ့တယ္လို႔ အိႏၵိယမီဒီယာေတြက ဆိုပါတယ္။
အိႏၵိယႏိုင္ငံထုတ္ အဂၤလိပ္ဘာသာေန႔စဥ္သတင္းစာ The Hindu မွ ေဖာ္ျပခ်က္အရ ရွန္ကာ ကို စက္တင္ဘာ ၁၆ ရက္က ခ်န္ႏိုင္းေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး “အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေသြးထြက္လြန္ကာ ရႈပ္ေထြးတဲ့ ဝမ္းဗိုက္ဆိုင္ရာအေျခအေနေတြေၾကာင့္ စိုးရိမ္ရတဲ့အေျခအေနျဖစ္ခဲ့ကာ ေနာက္ပိုင္းကြယ္လြန္သြားခဲ့ တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ကြယ္လြန္မႈအတြက္ အိႏၵိယသ႐ုပ္ေဆာင္ေတြနဲ႔ ႏိုင္ငံေရးသမားေတြက ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့တယ္လို႔ သိရပါတယ္။