ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော

 159

Pika (NP News) - မေ ၁၉

ဥရောပအင်အားကြီးနိုင်ငံတွေနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အီရန်က အဆင်သင့်ရှိတယ်လို့ အီရန်နိုင်ငံခြား ရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။
အာဘတ်စ်အာဂရာချီက “ဥရောပနဲ့ဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ခုစတင်ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အတွက် အီရန်က အဆင်သင့်ဖြစ်နေပါပြီ။ ဥရောပက ဒီလမ်းကြောင်းကို ပြုပြင်ဖို့အတွက် ဆန္ဒရှိတယ်ဆိုရင် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့နဲ့ဆက်ဆံရေးတွေ တိုးချဲ့ဖို့ အီရန်က တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်အကြီးတန်းသံတမန်တွေဟာ အီရန်-အမေရိကန်နျူကလီးယားဆိုင်ရာဆွေးနွေးညှိနှိုင်းမှု အခြေအနေတွေကို ဆွေးနွေးဖို့အတွက် ပြင်သစ်၊ဗြိတိန်နဲ့ဂျာမနီတို့ရဲ့အကြီးတန်းသံတမန်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ လေးကြိမ်မြောက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့တိုးတက်မှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီဆွေးနွေးမှုတွေဟာ အမေရိကန်က (၂၀၁၅)ခုနှစ် နျူကလီးယားသဘောတူစာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန် ကြားလုပ်ဆောင်တဲ့ အဆင့်မြင့်ဆက်သွယ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဥေရာပနဲ႔ယုံၾကည္မႈျပန္လည္တည္ေဆာက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အီရန္အစိုးရေျပာ
Pika (NP News) - ေမ ၁၉

ဥေရာပအင္အားႀကီးႏိုင္ငံေတြနဲ႔ ယုံၾကည္မႈျပန္လည္တည္ေဆာက္ဖို႔ အီရန္က အဆင္သင့္ရွိတယ္လို႔ အီရန္ႏိုင္ငံျခား ေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက “ဥေရာပနဲ႔ဆက္ဆံေရးမွာ က႑သစ္တစ္ခုစတင္ၿပီး ယုံၾကည္မႈျပန္လည္တည္ေဆာက္ဖို႔ အတြက္ အီရန္က အဆင္သင့္ျဖစ္ေနပါၿပီ။ ဥေရာပက ဒီလမ္းေၾကာင္းကို ျပဳျပင္ဖို႔အတြက္ ဆႏၵရွိတယ္ဆိုရင္ ယုံၾကည္မႈျပန္လည္တည္ေဆာက္ဖို႔နဲ႔ဆက္ဆံေရးေတြ တိုးခ်ဲ႕ဖို႔ အီရန္က တုံ႔ဆိုင္းေနမွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက အီရန္အႀကီးတန္းသံတမန္ေတြဟာ အီရန္-အေမရိကန္န်ဴကလီးယားဆိုင္ရာေဆြးေႏြးညႇိႏႈိင္းမႈ အေျခအေနေတြကို ေဆြးေႏြးဖို႔အတြက္ ျပင္သစ္၊ၿဗိတိန္နဲ႔ဂ်ာမနီတို႔ရဲ႕အႀကီးတန္းသံတမန္ေတြနဲ႔ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
အီရန္ဟာ အေမရိကန္နဲ႔ ေလးႀကိမ္ေျမာက္ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့တိုးတက္မႈေတြေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ အဲဒီေဆြးေႏြးမႈေတြဟာ အေမရိကန္က (၂၀၁၅)ခုႏွစ္ န်ဴကလီးယားသေဘာတူစာခ်ဳပ္ကေန ႏႈတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း အီရန္နဲ႔ အေမရိကန္ ၾကားလုပ္ေဆာင္တဲ့ အဆင့္ျမင့္ဆက္သြယ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.