ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်မည့် ပါတီ(၉)ခုတွင် (၆) ခုက သတ်မှတ်စံချိန် မပြည့်မီသေး

463

သီဟ (NP News) - မေ ၁၉
လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင် စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများအနက် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) ပါတီ သာ သတ်မှတ်ရုံးခန်းအရေအတွက် ပြည့်သေးသည် ဟု ကြားရကြောင်း နိုင်ငံရေး သတင်းရင်းမြစ်တစ်ဦး က NP News သို့ ပြောသည်။
တစ်နိုင်ငံလုံး စည်းရုံးမည့် ပါတီ (၉) ပါတီ တွင် (၃) ပါတီမှာ သတ်မှတ်ရုံးခန်းအရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး (၆) ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀) ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း သတ် မှတ်ရုံးခန်းပြည့်မီနိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြေကြားထား သည်။
“မပြည့်သေးတာက ပြည်သူ့ပါတီ ပါမယ် ဗျာ။ ကျားဖြူပါမယ်။ နောက်ပြီးတော့ NDF ပါတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်တို့ DNP ပါမယ်။ နောက်ပြီးတော့ မွန်အမျိုးသမီးပါတီပါမယ်။ နောက်တစ်ခုက ဦးကျော် စွာစိုးတို့ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးရေးပါတီ။ ပြည်ခိုင်ဖြိုးရယ်၊ တစည ရယ်၊ ဏဏဏ ရယ်သုံးခုက ပြည့်သွားပြီ။ အဲဒါ ကျွန်တော် ကြားရသလောက်ပါ” ဟု အထက် ပါ သတင်းရင်းမြစ်က ဆိုသည်။
နိုင်ငံရေးပါတီများအနေဖြင့် ယခုကာလတွင် ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်အတိုင်း မြို့နယ်ရုံးများ ဖွင့်လှစ်ရာတွင် များစွာအခက်တွေ့ရကြောင်းနှင့် မြို့နယ်အလုပ်မှုဆောင်များ ဖွဲ့စည်းရာတွင် များစွာအခက်ကြုံရကြောင်း ပြည်သူ့ပါတီ၏ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးလှဌေးက ဆိုသည်။
“ပထမဦးဆုံးမြို့နယ်အဖွဲ့ စဖွဲ့တဲ့အခါမှာ တော်တော်များများက စိတ်ဝင်စားကြပေမယ့် နယ်မြေဒေသ အခြေ အနေတွေကြောင့် မလုပ်ရဲမကိုင်ရဲ တာတွေရှိကြတယ်။ သူတို့နာမည်ပေါက်မှာ စိုးရိမ်ကြတယ်။ မြို့နယ်ရုံးတွေ ဖွင့်တဲ့ အခါကျတော့လည်း ပြသနာရှိပြန်တယ်။ အိမ်ရှင်တွေက နိုင်ငံရေးပါတီဆိုရင် မငှားရဲကြဘူး။ ဒီတော့ ကျွန်တော် တို့ပါတီက တာဝန်ယူထားတဲ့ မြို့နယ်တာဝန်ရှိတဲ့သူတွေရဲ့ အိမ်တွေမှာပဲ ဖွင့်ဖြစ်တာများပါတယ်” ဟု ၎င်းကရှင်းပြ သည်။
မိမိတို့ပါတီကြုံရသည့်နည်းတူ အခြားပါတီများ အနေဖြင့်လည်း ယခုကဲ့သို့ ကြုံရနိုင်ကြောင်း ဦးလှဌေးက ပြော သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီ (၄၅) ပါတီတွင် (၁၉) ပါတီသာ သတ်မှတ်ရုံးခန်းအရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး (၂၆) ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ် ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀) ကြိုတင်၍ ကော်မရှင်က အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း သတ်မှတ် ရုံးခန်းပြည့်မီနိုင်ရေးဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားချက်အရ သိရသည်။
နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပါတီများ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပါတီ၏ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေး ကောင်းမွန်သော မြို့နယ်ရုံးများတွင် ယာယီ တွဲဖက်ဖွင့်လှစ်ခွင့်ပြုထားကြောင်းကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားထားသည်။
သီဟ

Zawgyi Version:
ျပည္ေထာင္စုအဆင့္ ယွဥ္ၿပိဳင္မည့္ ပါတီ(၉)ခုတြင္ (၆) ခုက သတ္မွတ္စံခ်ိန္ မျပည့္မီေသး
သီဟ (NP News) - ေမ ၁၉
လာမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္ စုအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီမ်ားအနက္ ျပည္ေထာင္စု ႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ (တစည) ႏွင့္ ျပည္သူ႔ ေရွ႕ေဆာင္ပါတီ (PPP) ပါတီ သာ သတ္မွတ္႐ုံးခန္းအေရအတြက္ ျပည့္ေသးသည္ ဟု ၾကားရေၾကာင္း ႏိုင္ငံေရး သတင္းရင္းျမစ္တစ္ဦး က NP News သို႔ ေျပာသည္။
တစ္ႏိုင္ငံလုံး စည္း႐ုံးမည့္ ပါတီ (၉) ပါတီ တြင္ (၃) ပါတီမွာ သတ္မွတ္႐ုံးခန္းအေရအတြက္ ဖြင့္လွစ္ထားႏိုင္ၿပီး (၆) ပါတီမွာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒပါ သတ္မွတ္ခ်က္အတိုင္း ေ႐ြးေကာက္ပြဲက်င္းပမည့္ ေန႔ရက္ မတိုင္မီ အနည္းဆုံး ရက္ေပါင္း (၉၀) ႀကိဳတင္၍ ေကာ္မရွင္က အမိန႔္ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္သည့္ေန႔ရက္အတြင္း သတ္ မွတ္႐ုံးခန္းျပည့္မီႏိုင္ေရးကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေျဖၾကားထား သည္။
“မျပည့္ေသးတာက ျပည္သူ႔ပါတီ ပါမယ္ ဗ်ာ။ က်ားျဖဴပါမယ္။ ေနာက္ၿပီးေတာ့ NDF ပါတယ္။ ေနာက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးစိုးေမာင္တို႔ DNP ပါမယ္။ ေနာက္ၿပီးေတာ့ မြန္အမ်ိဳးသမီးပါတီပါမယ္။ ေနာက္တစ္ခုက ဦးေက်ာ္ စြာစိုးတို႔ ေတာင္သူ လယ္သမား ဖြံ႕ၿဖိဳးတိုးေရးပါတီ။ ျပည္ခိုင္ၿဖိဳးရယ္၊ တစည ရယ္၊ ဏဏဏ ရယ္သုံးခုက ျပည့္သြားၿပီ။ အဲဒါ ကြၽန္ေတာ္ ၾကားရသေလာက္ပါ” ဟု အထက္ ပါ သတင္းရင္းျမစ္က ဆိုသည္။
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ယခုကာလတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ သတ္မွတ္ခ်က္အတိုင္း ၿမိဳ႕နယ္႐ုံးမ်ား ဖြင့္လွစ္ရာတြင္ မ်ားစြာအခက္ေတြ႕ရေၾကာင္းႏွင့္ ၿမိဳ႕နယ္အလုပ္မႈေဆာင္မ်ား ဖြဲ႕စည္းရာတြင္ မ်ားစြာအခက္ႀကဳံရေၾကာင္း ျပည္သူ႔ပါတီ၏ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ဥကၠဌ ဦးလွေဌးက ဆိုသည္။
“ပထမဦးဆုံးၿမိဳ႕နယ္အဖြဲ႕ စဖြဲ႕တဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားၾကေပမယ့္ နယ္ေျမေဒသ အေျခ အေနေတြေၾကာင့္ မလုပ္ရဲမကိုင္ရဲ တာေတြရွိၾကတယ္။ သူတို႔နာမည္ေပါက္မွာ စိုးရိမ္ၾကတယ္။ ၿမိဳ႕နယ္႐ုံးေတြ ဖြင့္တဲ့ အခါက်ေတာ့လည္း ျပသနာရွိျပန္တယ္။ အိမ္ရွင္ေတြက ႏိုင္ငံေရးပါတီဆိုရင္ မငွားရဲၾကဘူး။ ဒီေတာ့ ကြၽန္ေတာ္ တို႔ပါတီက တာဝန္ယူထားတဲ့ ၿမိဳ႕နယ္တာဝန္ရွိတဲ့သူေတြရဲ႕ အိမ္ေတြမွာပဲ ဖြင့္ျဖစ္တာမ်ားပါတယ္” ဟု ၎ကရွင္းျပ သည္။
မိမိတို႔ပါတီႀကဳံရသည့္နည္းတူ အျခားပါတီမ်ား အေနျဖင့္လည္း ယခုကဲ့သို႔ ႀကဳံရႏိုင္ေၾကာင္း ဦးလွေဌးက ေျပာ သည္။
တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တစ္ခု အတြင္း၌သာ စည္း႐ုံးမည့္ ပါတီ (၄၅) ပါတီတြင္ (၁၉) ပါတီသာ သတ္မွတ္႐ုံးခန္းအေရအတြက္ ဖြင့္လွစ္ထားႏိုင္ၿပီး (၂၆) ပါတီမွာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒပါ သတ္မွတ္ ခ်က္အတိုင္း ေ႐ြးေကာက္ပြဲက်င္းပမည့္ ေန႔ရက္မတိုင္မီ အနည္းဆုံး ရက္ေပါင္း (၉၀) ႀကိဳတင္၍ ေကာ္မရွင္က အမိန႔္ ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္သည့္ေန႔ရက္အတြင္း သတ္မွတ္ ႐ုံးခန္းျပည့္မီႏိုင္ေရးေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းကိုလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေျဖၾကားခ်က္အရ သိရသည္။
နယ္ေျမအေျခအေန ကန႔္သတ္ခ်က္ရွိေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ပါတီမ်ား ႐ုံးခန္းဖြင့္လွစ္ျခင္းႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာပါတီ၏ တင္ျပခ်က္အေပၚ စိစစ္ၿပီး လုံၿခဳံေရး ေကာင္းမြန္ေသာ ၿမိဳ႕နယ္႐ုံးမ်ားတြင္ ယာယီ တြဲဖက္ဖြင့္လွစ္ခြင့္ျပဳထားေၾကာင္းကိုလည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျဖၾကားထားသည္။