မလေးရှားနိုင်ငံမှာ တရုတ်ခရီးသွားတစ်ဦး ရေငုပ်ရင်း ရေနစ်သေဆုံး

236
ရောင်နီ (NP News) - မေ ၂၁
မလေးရှားနိုင်ငံ၊ ဆာဘက်ဟ်ရှိ စီပါဒန် ကျွန်း၊ ဆမ်ပေါ်နာမှာ တရုတ်စုံတွဲတစ်တွဲ ရေငုပ်အပန်းဖြေကြစဉ် အမျိုးသား ရေနစ်သေဆုံးသွားခဲ့ပါတယ်။
အမျိုးသားဟာ အသက်(၃၇)နှစ်အရွယ်ဖြစ်ပြီး မေလ ၁၉ ရက် နံနက်ပိုင်းက ဇနီးနဲ့ အခြားရေငုပ်သမား၊ လမ်းပြတွေရှိနေတဲ့ကြားထဲကပဲ ရေနစ်သေဆုံးသွားခဲ့ပါတယ်။ ဆမ်ပေါ်နာရဲချုပ် မိုဟက်ဆာဘရီဇိုနယ်လ်ရဲ့ပြောကြားချက်အရ မေလ ၁၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်မှယ တရုတ်ခရီးသွားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖုန်းလက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အမျိုးသားဟာ လမ်းပြဆီက ခွင့်ပြုချက်မရဘဲ ရေထဲခုန်ချရေငုပ်ခဲ့ရာမှ ရေနစ်ကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခြားရေငုပ်သမားတွေက ချက်ချင်းရှာဖွေ ခဲ့ကြပေမယ့် အမျိုးသားကို အနက် ၂၅ မီတာမှ သတိလစ်လျက် ပြန်တွေ့ကာ အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားဟာ ဆမ်ပေါနာ ဆေးရုံကို ပို့ဆောင်ပြီး တာဝူ ဆေးရုံကို လွှဲပြောင်းခြင်း မပြုရသေးခင် ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
မေလးရွားႏိုင္ငံမွာ တ႐ုတ္ခရီးသြားတစ္ဦး ေရငုပ္ရင္း ေရနစ္ေသဆုံး
ေရာင္နီ (NP News) - ေမ ၂၁
မေလးရွားႏိုင္ငံ၊ ဆာဘက္ဟ္ရွိ စီပါဒန္ ကြၽန္း၊ ဆမ္ေပၚနာမွာ တ႐ုတ္စုံတြဲတစ္တြဲ ေရငုပ္အပန္းေျဖၾကစဥ္ အမ်ိဳးသား ေရနစ္ေသဆုံးသြားခဲ့ပါတယ္။
အမ်ိဳးသားဟာ အသက္(၃၇)ႏွစ္အ႐ြယ္ျဖစ္ၿပီး ေမလ ၁၉ ရက္ နံနက္ပိုင္းက ဇနီးနဲ႔ အျခားေရငုပ္သမား၊ လမ္းျပေတြရွိေနတဲ့ၾကားထဲကပဲ ေရနစ္ေသဆုံးသြားခဲ့ပါတယ္။ ဆမ္ေပၚနာရဲခ်ဳပ္ မိုဟက္ဆာဘရီဇိုနယ္လ္ရဲ႕ေျပာၾကားခ်က္အရ ေမလ ၁၉ ရက္ ညေန ၆ နာရီ ၄၅ မိနစ္မွယ တ႐ုတ္ခရီးသြားတစ္ဦး ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဖုန္းလက္ခံရရွိခဲ့တယ္လို႔ ဆိုပါတယ္။ တ႐ုတ္အမ်ိဳးသားဟာ လမ္းျပဆီက ခြင့္ျပဳခ်က္မရဘဲ ေရထဲခုန္ခ်ေရငုပ္ခဲ့ရာမွ ေရနစ္ကာ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ အျခားေရငုပ္သမားေတြက ခ်က္ခ်င္းရွာေဖြ ခဲ့ၾကေပမယ့္ အမ်ိဳးသားကို အနက္ ၂၅ မီတာမွ သတိလစ္လ်က္ ျပန္ေတြ႕ကာ အေရးေပၚကယ္ဆယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။
အမ်ိဳးသားဟာ ဆမ္ေပါနာ ေဆး႐ုံကို ပို႔ေဆာင္ၿပီး တာဝူ ေဆး႐ုံကို လႊဲေျပာင္းျခင္း မျပဳရေသးခင္ ကြယ္လြန္သြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။