တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရက်ပေါင်း (၁၂၀)အတွင်း ယာဉ်တိုက်မှု (၁၀၀၀)ကျော်ဖြစ်ပွား

115

စော(NP News)-မေ ၂၂
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လေးလတာကာလအတွင်း ယာဉ်တိုက်မှု (၁၁၄၈)ကြိမ်ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၁၇၀၄)ဦးနှင့် သေဆုံးသူ(၆၂၂)ဦး ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါယာဉ်တိုက်မှုပေါင်း (၁၁၄၈)ကြိမ် ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၀) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် (၂၆၄)ကြိမ်ဖြင့် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ဒဏ်ရာရရှိသူ (၂၈၀)ဦး နှင့်သေဆုံးသူ (၁၂၅)ဦးရှိခဲ့ကြောင်း သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံအနီးတွင် ယနေ့ (မေလ ၂၂ရက်)၊ နံနက် (၇)နာရီဝန်းကျင်အချိန်က ရပ်ထားသည့်YBS (58)ကို စားအုန်းဆီပုံးများသယ်ဆောင်လာသည့်ကုန်ကားသည် အနောက်မှ ဝင်တိုက်ခဲ့ရာ ကုန်ကားမောင်းသူ အသက် (၄၀)ဝန်းကျင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၅၈)ကြိမ်ဖြစ်ပွားခဲ့ရာ (၁၅၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူဦးရေ (၂၀)ဦးရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် (၂၀၂၄) ခုနှစ်၊ အလားတူကာလ ၌ ယာဉ်တိုက်မှုပေါင်း (၁၄၉၁) ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၇၉၁) ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၂၂၄၄) ဦး ရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက သေဆုံးသူ (၁၆၉) ဦးနှင့် ဒဏ်ရာရရှိသူ (၅၄၀)ဦး လျော့နည်းကျဆင်းသွားကြောင်း သိရသည်။

Zawgyi Version:
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ရက္ေပါင္း (၁၂၀)အတြင္း ယာဥ္တိုက္မႈ (၁၀၀၀)ေက်ာ္ျဖစ္ပြား
ေစာ(NP News)-ေမ ၂၂
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေလးလတာကာလအတြင္း ယာဥ္တိုက္မႈ (၁၁၄၈)ႀကိမ္ျဖစ္ပြားခဲ့ရာ ဒဏ္ရာရရွိသူ (၁၇၀၄)ဦးႏွင့္ ေသဆုံးသူ(၆၂၂)ဦး ရွိခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါယာဥ္တိုက္မႈေပါင္း (၁၁၄၈)ႀကိမ္ ျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ (၁၀) ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ (၂၆၄)ႀကိမ္ျဖင့္ ယာဥ္တိုက္မႈအမ်ားဆုံးျဖစ္ပြားခဲ့ျခင္း ျဖစ္ရာ ဒဏ္ရာရရွိသူ (၂၈၀)ဦး ႏွင့္ေသဆုံးသူ (၁၂၅)ဦးရွိခဲ့ေၾကာင္း သိရသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ သခင္ျမပန္းၿခံအနီးတြင္ ယေန႔ (ေမလ ၂၂ရက္)၊ နံနက္ (၇)နာရီဝန္းက်င္အခ်ိန္က ရပ္ထားသည့္YBS (58)ကို စားအုန္းဆီပုံးမ်ားသယ္ေဆာင္လာသည့္ကုန္ကားသည္ အေနာက္မွ ဝင္တိုက္ခဲ့ရာ ကုန္ကားေမာင္းသူ အသက္ (၄၀)ဝန္းက်င္အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရသည္။
အလားတူ ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၅၈)ႀကိမ္ျဖစ္ပြားခဲ့ရာ (၁၅၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသူဦးေရ (၂၀)ဦးရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ (၂၀၂၄) ခုႏွစ္၊ အလားတူကာလ ၌ ယာဥ္တိုက္မႈေပါင္း (၁၄၉၁) ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူေပါင္း (၇၉၁) ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူေပါင္း (၂၂၄၄) ဦး ရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေသဆုံးသူ (၁၆၉) ဦးႏွင့္ ဒဏ္ရာရရွိသူ (၅၄၀)ဦး ေလ်ာ့နည္းက်ဆင္းသြားေၾကာင္း သိရသည္။