ဗီယက်နမ်နိုင်ငံက Vinspeed အမြန်ရထားလမ်းတည်ဆောက်ဖို့ အဆိုပြုချက် ထည့်သွင်းစဉ်းစားမယ်လို့ဆို

120
ရောင်နီ (NP News) - မေ ၂၂
ဗီယက်နမ်အစိုးရဟာ ဘီလျံနာ Vingroup (VIC.HM) တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vinspeed ရဲ့ မြန်နှုန်းမြင့် ရထားလမ်းတစ်ခု ဖွင့်လှစ်မယ့် အဆိုပြုချက်ကို လက်ခံလိုက်ပါတယ်။
မြို့တော်ဟနွိုင်းမှ စီးပွားရေးအချက်အချာ ဟိုချီမင်းစီးတီး ထိ - ၁,၅၄၁ ကီလိုမီတာ (၉၅၈ မိုင်) အရှည်ရှိတဲ့ မီးရထားလိုင်းတည်ဆောက်မယ့် အစီအစဉ်ကို အရှေ့တောင်အာရှစက်မှု ဗဟိုက လွှတ်တော်ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ နို၀င်ဘာလ ကတည်းက မဲပေးခဲ့ကြတာဖြစ်ပြီး မေလမှာတော့ အဆိုပြုချက်ကို နိုင်ငံတော်က လက်ခံလိုက်တာပဲဖြစ်ပါတယ်။
တရားဝင် ရထားလမ်း နဲ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး JSC (ခေါ် ) Vinspeed ဟာ အစိုးရရဲ့ယခင်ပစ်မှတ်ထားထဲ့ ကာလထက် ငါးနှစ်စောပြီး ရထားလမ်းဖောက်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။
အဆိုပါ ရထားလမ်း ကုန်ကျစရိတ်ဟာ ဆိုက်ရှင်းလင်းရေး ကုန်ကျစရိတ် မပါဝင်ရင်တောင် ၁,၅၆၂ ထရီလီယံ ဒေါင် (ဒေါ်လာ ၆၀,၃၆ ဘီလီယံ) ရှိမယ်လို့ သိရပါတယ်။
Zawgyi Version:
ရောင်နီ (NP News) - မေ ၂၂