လေယာဉ်တင်သင်္ဘောတစ်စီးကနေ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြော

 729

Pika (NP News) - မေ ၂၄

ယခုနှစ်အစောပိုင်းက ဆိုမာလီယာနိုင်ငံမှာလုပ်ဆောင်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်ရေတပ်ဟာ လေယာဉ်တင်သင်္ဘောတစ်စီးကနေ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ကီဘိုင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman နဲ့ ၎င်းရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တို့ဟာ ကမ္ဘာ့သမိုင်း တစ်လျှောက် လေယာဉ်တင်သင်္ဘောတစ်စီးကနေ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ တယ်လို့ ဂျိမ်းစ်ကီဘိုင်ကပြောကြားခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman နဲ့ ၎င်းရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တို့ဟာ (၁၂၅၀၀၀)ပေါင် ရှိတဲ့ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဂျိမ်းစ်ကီဘိုင်ကပြောကြားခဲ့ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁)ရက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး F/A-18 Super Hornets တိုက်လေယာဉ်(၁၆)စင်းပါဝင်ခဲ့တယ်လို့ ဂျိမ်းစ်ကီဘိုင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်အာဖရိကစစ်ဌာနချုပ်ရဲ့အဆိုအရ ဆိုမာလီယာနိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ISIS အကြမ်းဖက်အဖွဲ့ နဲ့ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်တဲ့ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့တွေကို ပြီးခဲ့တဲ့ဇန်နဝါရီလတည်းက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၂၅)ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေလယာဥ္တင္သေဘၤာတစ္စီးကေန အႀကီးမားဆုံးေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - ေမ ၂၄

ယခုႏွစ္အေစာပိုင္းက ဆိုမာလီယာႏိုင္ငံမွာလုပ္ေဆာင္ခဲ့တဲ့စစ္ဆင္ေရးတစ္ခုအတြင္း အေမရိကန္ေရတပ္ဟာ ေလယာဥ္တင္သေဘၤာတစ္စီးကေန အႀကီးမားဆုံးေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဂ်ိမ္းစ္ကီဘိုင္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ USS Harry S. Truman နဲ႔ ၎ရဲ႕တိုက္ခိုက္ေရးတပ္ဖြဲ႕တို႔ဟာ ကမာၻ႔သမိုင္း တစ္ေလွ်ာက္ ေလယာဥ္တင္သေဘၤာတစ္စီးကေန အႀကီးမားဆုံး ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ တယ္လို႔ ဂ်ိမ္းစ္ကီဘိုင္ကေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ USS Harry S. Truman နဲ႔ ၎ရဲ႕တိုက္ခိုက္ေရးတပ္ဖြဲ႕တို႔ဟာ (၁၂၅၀၀၀)ေပါင္ ရွိတဲ့ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ဂ်ိမ္းစ္ကီဘိုင္ကေျပာၾကားခဲ့ပါတယ္။ အဲဒီဗုံးႀကဲတိုက္ခိုက္မႈကို ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၁)ရက္က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး F/A-18 Super Hornets တိုက္ေလယာဥ္(၁၆)စင္းပါဝင္ခဲ့တယ္လို႔ ဂ်ိမ္းစ္ကီဘိုင္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္အာဖရိကစစ္ဌာနခ်ဳပ္ရဲ႕အဆိုအရ ဆိုမာလီယာႏိုင္ငံမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြဟာ ISIS အၾကမ္းဖက္အဖြဲ႕ နဲ႔ အယ္လ္ကိုင္းဒါးအၾကမ္းဖက္အဖြဲ႕နဲ႔ဆက္ႏြယ္တဲ့ အယ္လ္ရွာဘတ္စစ္ေသြးႂကြအဖြဲ႕ေတြကို ၿပီးခဲ့တဲ့ဇန္နဝါရီလတည္းက ေလေၾကာင္းတိုက္ခိုက္မႈ စုစုေပါင္း(၂၅)ႀကိမ္ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.