မရမ်းကုန်းမြို့နယ်တွင် အငြိမ်းစားသံအမတ်ကြီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံပစ်ခတ်

1522

သန့်ဇင် (NP News) - မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် အငြိမ်စားသံအမတ်ကြီးတစ်ဦးကို PDF သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၂၂ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဝိဇ္ဇာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က မှန်တယ်။ ပစ်တဲ့သူကိုရှာနေတုန်းပါပဲ။ လောလောဆယ်ဆယ်တော့ မသိရသေးဘူး။ မေးနေတုန်းပါ။ အသေးစိတ်အတည် မပြုနိုင်သေးပါဘူး” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ပစ်ခတ်လုပ်ကြံခံရမှုကြောင့် အသက်(၆၈)နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း၊ အငြိမ်းစားသံအမတ်ကြီးချိုထွန်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားသည်။
အငြိမ်းစားဗိုလ်ချုပ်ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defense College-NDC) တွင် Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် (၂) ခုကိုသင်ကြားနေသူဖြစ်ကြောင်းလည်း Golden Valley Warriorsအဖွဲ့က ထုတ်ပြန်ထားသည်။

Zawgyi Version:
မရမ္းကုန္းၿမိဳ႕နယ္တြင္ အၿငိမ္းစားသံအမတ္ႀကီးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္လုပ္ႀကံပစ္ခတ္
သန႔္ဇင္ (NP News) - ေမ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ အၿငိမ္စားသံအမတ္ႀကီးတစ္ဦးကို PDF ေသနတ္ျဖင့္လုပ္ႀကံပစ္ခတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၂၂ ရက္) နံနက္ ၉ နာရီ ၂၀ မိနစ္အခ်ိန္ခန႔္က မရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ ဝိဇၨာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္က မွန္တယ္။ ပစ္တဲ့သူကိုရွာေနတုန္းပါပဲ။ ေလာေလာဆယ္ဆယ္ေတာ့ မသိရေသးဘူး။ ေမးေနတုန္းပါ။ အေသးစိတ္အတည္ မျပဳႏိုင္ေသးပါဘူး” ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ပစ္ခတ္လုပ္ႀကံခံရမႈေၾကာင့္ အသက္(၆၈)ႏွစ္အ႐ြယ္ ဗိုလ္မႉးခ်ဳပ္ေဟာင္း၊ အၿငိမ္းစားသံအမတ္ႀကီးခ်ိဳထြန္းေအာင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ တပ္မေတာ္ ကုတင္(၁၀၀၀)ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ လုပ္ႀကံသတ္ျဖတ္မႈႏွင့္ ပတ္သက္၍ Golden Valley Warriors ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕က ၎တို႔က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခ်က္ထုတ္ျပန္ထားသည္။
အၿငိမ္းစားဗိုလ္ခ်ဳပ္ခ်ိဳထြန္းေအာင္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ (National Defense College-NDC) တြင္ Internal Security & Counterterrorism (ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး) ဘာသာရပ္ႏွင့္ ႏိုင္ငံတကာဆက္ဆံေရး ဘာသာရပ္ (၂) ခုကိုသင္ၾကားေနသူျဖစ္ေၾကာင္းလည္း Golden Valley Warriorsအဖြဲ႕က ထုတ္ျပန္ထားသည္။