ကမ္ဘာကျော်ဟားဗတ် တက္ကသိုလ်တွင် နိုင်ငံခြားကျောင်းသားများ လက်ခံခြင်းကို ပိတ်ပင်ရန်ရှိ

 257

ဂျန်ဇက် (NP News) - မေ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံခြားသား ကျောင်းသားများ ပညာသင်ကြားခြင်းကိုပိတ်ပင်ဖွယ်ရှိနေကြောင်း သိရသည်။ အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် နိုင်ငံခြားသားကျောင်းသားများကို ကျောင်းအပ်နှံခွင့်ပြုထားသည့် ဟားဗတ်တက္ကသိုလ်၏ လုပ်ပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းဖွယ်ရှိနေရာ ဟားဗတ်တက္ကသိုလ်၏ Ivy League အင်စတီကျူးရှင်းနှင့် အငြင်းပွားမှုများဖြစ်လာဖွယ် ရှိနေသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကို ရပ်တန့်ရန်အတွက် ကောလိပ်များ၊ တက္ကသိုလ်များကို ခွင့်ပြုထားသည့်လုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထဲရေးဝန်ကြီး ခရစ်တီနိုအမ်က ဟားဗတ်တက္ကသိုလ်အာဏာပိုင်များအနေဖြင့် ဖက်ဒရယ်အစိုးရ၏ တောင်းဆိုမှုများကို (၇၂) နာရီအတွင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောဆိုထားသည်။ ဖက်ဒရယ် အစိုးရသည် ပြီးခဲ့သော ငါးနှစ်အတွင်း ရွှေ့ပြောင်းကျောင်းသား မဟုတ်သူများ၏ စည်းကမ်းပိုင်းဆိုင်ရာအချက် အလက်များကို တောင်းဆိုထားခြင်းမျိုးဖြစ်ကြောင်း၊ တက္ကသိုလ်အဆောက်အအုံအတွင်း အကြမ်းဖက်မှု (သို့) အန္တရာယ်ဖြစ်စေသောလုပ်ရပ်များ၊ တရားမဝင် လုပ်ရပ်များ လုပ်ကိုင်ခြင်းရှိ/မရှိကို စုံစမ်းစစ်ဆေးရန်အတွက် ရုပ်သံမှတ်တမ်းများ၊ စာရွက်စာတမ်းများပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထဲရေးဝန်ကြီးက “ဟားဗတ်တက္ကသိုလ်ဟာ နိုင်ငံခြားကျောင်းသားတွေကို ‌ကျောင်းတက်ခွင့်ပေးဖို့ ကျောင်းအပ်လက်ခံခွင့်ရတော့မှာ မဟုတ်ဘူး။ လက်ရှိနိုင်ငံခြားသား ကျောင်းသားတွေကို လွှဲပြောင်းပေးရမယ် ဒါမှမဟုတ် တရားဝင် အဆင့်အတန်း ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ နိုင်ငံတစ်ဝန်းရှိ၊ တက္ကသိုလ်အားလုံး၊ အင်စတီကျူးရှင်း အားလုံးကို သတိပေးလိုက်တာမျိုးဖြစ်တယ်” ဟု ပြောသည်။
အမေရိကန်အစိုးရက ဟားဗတ်တက္ကသိုလ်သည် အကြမ်းဖက်မှုများ၊ ကိုးကွယ်ယုံကြည်မှုများ တိုးပွားလာစေရန်နှင့် ၎င်း၏ကျောင်းဝင်းအတွင်းရှိ အခြားအဖွဲ့စည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုအတွက် တာဝန်ရှိသကဲ့သို့ နိုင်ငံခြား ကျောင်းသားများကို ကျောင်းအပ်ရန်နှင့် ၎င်းတို့၏ မြင့်မားသော ကျူရှင်ပေးချေမှုမှ အကျိုးခံစားခွင့်ရှိသော တက္ကသိုလ်များအတွက် အခွင့်ထူးတစ်ခုမဟုတ်ကြောင်း ပြောသည်။

Zawgyi Version:
ကမာၻေက်ာ္ဟားဗတ္ တကၠသိုလ္တြင္ ႏိုင္ငံျခားေက်ာင္းသားမ်ား လက္ခံျခင္းကို ပိတ္ပင္ရန္ရွိ
ဂ်န္ဇက္ (NP News) - ေမ ၂၅

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ကမာၻေက်ာ္ဟားဗတ္တကၠသိုလ္တြင္ ႏိုင္ငံျခားသား ေက်ာင္းသားမ်ား ပညာသင္ၾကားျခင္းကိုပိတ္ပင္ဖြယ္ရွိေနေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံျခားသားေက်ာင္းသားမ်ားကို ေက်ာင္းအပ္ႏွံခြင့္ျပဳထားသည့္ ဟားဗတ္တကၠသိုလ္၏ လုပ္ပိုင္ခြင့္ကို ျပန္လည္ ႐ုပ္သိမ္းဖြယ္ရွိေနရာ ဟားဗတ္တကၠသိုလ္၏ Ivy League အင္စတီက်ဴးရွင္းႏွင့္ အျငင္းပြားမႈမ်ားျဖစ္လာဖြယ္ ရွိေနသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း အစၥေရးဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား ကို ရပ္တန႔္ရန္အတြက္ ေကာလိပ္မ်ား၊ တကၠသိုလ္မ်ားကို ခြင့္ျပဳထားသည့္လုပ္ပိုင္ခြင့္ကို ျပန္လည္႐ုပ္သိမ္းရန္ ႀကိဳးပမ္းလာခဲ့ေၾကာင္း သိရသည္။
အေမရိကန္ျပည္ထဲေရးဝန္ႀကီး ခရစ္တီႏိုအမ္က ဟားဗတ္တကၠသိုလ္အာဏာပိုင္မ်ားအေနျဖင့္ ဖက္ဒရယ္အစိုးရ၏ ေတာင္းဆိုမႈမ်ားကို (၇၂) နာရီအတြင္း လိုက္နာေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ေျပာဆိုထားသည္။ ဖက္ဒရယ္ အစိုးရသည္ ၿပီးခဲ့ေသာ ငါးႏွစ္အတြင္း ေ႐ႊ႕ေျပာင္းေက်ာင္းသား မဟုတ္သူမ်ား၏ စည္းကမ္းပိုင္းဆိုင္ရာအခ်က္ အလက္မ်ားကို ေတာင္းဆိုထားျခင္းမ်ိဳးျဖစ္ေၾကာင္း၊ တကၠသိုလ္အေဆာက္အအုံအတြင္း အၾကမ္းဖက္မႈ (သို႔) အႏၲရာယ္ျဖစ္ေစေသာလုပ္ရပ္မ်ား၊ တရားမဝင္ လုပ္ရပ္မ်ား လုပ္ကိုင္ျခင္းရွိ/မရွိကို စုံစမ္းစစ္ေဆးရန္အတြက္ ႐ုပ္သံမွတ္တမ္းမ်ား၊ စာ႐ြက္စာတမ္းမ်ားေပးရန္ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ျပည္ထဲေရးဝန္ႀကီးက “ဟားဗတ္တကၠသိုလ္ဟာ ႏိုင္ငံျခားေက်ာင္းသားေတြကို ‌ေက်ာင္းတက္ခြင့္ေပးဖို႔ ေက်ာင္းအပ္လက္ခံခြင့္ရေတာ့မွာ မဟုတ္ဘူး။ လက္ရွိႏိုင္ငံျခားသား ေက်ာင္းသားေတြကို လႊဲေျပာင္းေပးရမယ္ ဒါမွမဟုတ္ တရားဝင္ အဆင့္အတန္း ဆုံးရႈံးရဖြယ္ရွိေနပါတယ္။ ႏိုင္ငံတစ္ဝန္းရွိ၊ တကၠသိုလ္အားလုံး၊ အင္စတီက်ဴးရွင္း အားလုံးကို သတိေပးလိုက္တာမ်ိဳးျဖစ္တယ္” ဟု ေျပာသည္။
အေမရိကန္အစိုးရက ဟားဗတ္တကၠသိုလ္သည္ အၾကမ္းဖက္မႈမ်ား၊ ကိုးကြယ္ယုံၾကည္မႈမ်ား တိုးပြားလာေစရန္ႏွင့္ ၎၏ေက်ာင္းဝင္းအတြင္းရွိ အျခားအဖြဲ႕စည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈအတြက္ တာဝန္ရွိသကဲ့သို႔ ႏိုင္ငံျခား ေက်ာင္းသားမ်ားကို ေက်ာင္းအပ္ရန္ႏွင့္ ၎တို႔၏ ျမင့္မားေသာ က်ဴရွင္ေပးေခ်မႈမွ အက်ိဳးခံစားခြင့္ရွိေသာ တကၠသိုလ္မ်ားအတြက္ အခြင့္ထူးတစ္ခုမဟုတ္ေၾကာင္း ေျပာသည္။

© 2021. All rights reserved.