စေတုတ္တရာမြို့နယ်မှ ဆရာမများ၊ ကျောင်းသားကျောင်းသူ နှင့် မိဘများကို PDF အဖွဲ့က ဖမ်းဆီးထား

 255

သန့်ဇင် (NP News) - မေ ၃၁

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ အပါအဝင် လူ (၉) ဦး ပြီးခဲ့သည့် မေလ(၂၄)ရက်က PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်မှုခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည်။
ဖမ်းဆီးခဲ့ရသူများတွင် ပညာရေးဝန်ထမ်းများဖြစ်သည့် စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေသူ ရေသောင် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထက်တန်းပြဆရာမ ဒေါ်ဖြိုးဝေမြင့် (၃၀) နှစ် နှင့် တောင် ဟန်ဒေါက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလ တန်းပြဆရာမဖြစ်သူ ဒေါ်ချိုသဇင်ဦး (၂၆)နှစ်တို့ (၂)ဦးသည် စေတုတ္တရာမြို့နယ်ပညာ ရေးမှူးရုံးသို့သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေ ဆိပ်ကမ်း၌ စက်လှေစောင့်ဆိုင်းနေစဉ် PDF အဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား မောင်ဇော်ဇော်အောင်(၂၀)နှစ်၊ တတိယ နှစ်ကျောင်းသူ မနွေးနွေးလှိုင်(၂၁) နှစ်နှင့် မခင်မိုးဝေ(၂၀)နှစ်၊ ပခုက္ကူပညာရေးကောလိပ်မှ ဒုတိယနှစ်ကျောင်းသူ မခင်စုစုလှိုင် (၂၀)နှစ်၊ မခင်မိုးဝေ၏ ဖခင် ဦးလှမိုး(၄၈)နှစ်၊ မနွေးနွေးလှိုင်၏ ဖခင် ဦးသန်းထွန်း(၅၆)နှစ်တို့ (၆)ဦးနှင့် မပပဝင်း (၂၉)နှစ်သည်လည်း အထက်ပါ ပညာရေးဝန်ထမ်းများနှင့်အတူ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ(၉)ဦးကို PDF အဖွဲ့က ပွင့်တောက်ကျေးရွာမြောက်ဘက်၊ သုံးမိုင်ခန့်အကွာရှိ၊ မကြီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်းလည်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထို့သို့ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို PDF အဖွဲ့က ဖမ်းဆီးခြင်းများရှိသကဲ့သို့ ပြီးခဲ့သည် မေလ (၂၃)ရက် ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ ဆင်သားမွေး ကျေးရွာတွင် ကျောင်းအပ်လက်ခံနေသည့် ကျောင်းဆရာ၊ ဆရာမများကို PDF အကြမ်းဖက်အဖွဲ့က ကျောင်းမတက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နေသည်ကို ကန့်ကွက်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေစတုတၱရာၿမိဳ႕နယ္မွ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူ ႏွင့္ မိဘမ်ားကို PDF အဖြဲ႕က ဖမ္းဆီးထား
သန႔္ဇင္ (NP News) - ေမ ၃၁
မေကြးတိုင္းေဒသႀကီး ေစတုတၱရာၿမိဳ႕နယ္တြင္ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ မိဘမ်ား အပါအဝင္ လူ (၉) ဦး ၿပီးခဲ့သည့္ ေမလ(၂၄)ရက္က PDF အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္မႈခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ား ထံမွ သိရသည္။
ဖမ္းဆီးခဲ့ရသူမ်ားတြင္ ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ေစတုတၱရာၿမိဳ႕နယ္၊ လက္ပံက်င္းေက်း႐ြာေနသူ ေရေသာင္ ေက်း႐ြာ၊ အေျခခံပညာအထက္တန္းေက်ာင္းခြဲမွ အထက္တန္းျပဆရာမ ေဒၚၿဖိဳးေဝျမင့္ (၃၀) ႏွစ္ ႏွင့္ ေတာင္ ဟန္ေဒါက္ေက်း႐ြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ လက္ေထာက္မူလ တန္းျပဆရာမျဖစ္သူ ေဒၚခ်ိဳသဇင္ဦး (၂၆)ႏွစ္တို႔ (၂)ဦးသည္ ေစတုတၱရာၿမိဳ႕နယ္ပညာ ေရးမႉး႐ုံးသို႔သြားေရာက္ရန္ ပြင့္ေတာက္ေက်း႐ြာ စက္ေလွ ဆိပ္ကမ္း၌ စက္ေလွေစာင့္ဆိုင္းေနစဥ္ PDF အဖြဲ႕က လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ မေကြးပညာေရးေကာလိပ္မွ ပထမႏွစ္ေက်ာင္းသား ေမာင္ေဇာ္ေဇာ္ေအာင္(၂၀)ႏွစ္၊ တတိယ ႏွစ္ေက်ာင္းသူ မေႏြးေႏြးလႈိင္(၂၁) ႏွစ္ႏွင့္ မခင္မိုးေဝ(၂၀)ႏွစ္၊ ပခုကၠဴပညာေရးေကာလိပ္မွ ဒုတိယႏွစ္ေက်ာင္းသူ မခင္စုစုလႈိင္ (၂၀)ႏွစ္၊ မခင္မိုးေဝ၏ ဖခင္ ဦးလွမိုး(၄၈)ႏွစ္၊ မေႏြးေႏြးလႈိင္၏ ဖခင္ ဦးသန္းထြန္း(၅၆)ႏွစ္တို႔ (၆)ဦးႏွင့္ မပပဝင္း (၂၉)ႏွစ္သည္လည္း အထက္ပါ ပညာေရးဝန္ထမ္းမ်ားႏွင့္အတူ PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူ(၉)ဦးကို PDF အဖြဲ႕က ပြင့္ေတာက္ေက်း႐ြာေျမာက္ဘက္၊ သုံးမိုင္ခန႔္အကြာရွိ၊ မႀကီးေက်း႐ြာဘက္သို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး လက္ရွိအခ်ိန္ထိ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္းလည္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ထို႔သို႔ ပညာေရးဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို PDF အဖြဲ႕က ဖမ္းဆီးျခင္းမ်ားရွိသကဲ့သို႔ ၿပီးခဲ့သည္ ေမလ (၂၃)ရက္ ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳနယ္၊ ဆင္သားေမြး ေက်း႐ြာတြင္ ေက်ာင္းအပ္လက္ခံေနသည့္ ေက်ာင္းဆရာ၊ ဆရာမမ်ားကို PDF အၾကမ္းဖက္အဖြဲ႕က ေက်ာင္းမတက္ရန္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းအပ္ေနသည္ကို ကန႔္ကြက္ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.