ရေကြောင်းလမ်း အသုံးပြုကာ မူးယစ်ဆေးပို့ဆောင်မှုများလာသည့်အတွက် ပိုမိုတင်းကြပ်ရန် လိုအပ်လာ

469

သက်ပိုင် (NP News)-မေ ၂၆
ပင်လယ်ပြင်၏အားသာချက်ကို အသုံးချကာ မူးယစ်ဆေးဝါးများ သယ်ဆောင်နေသည့်အတွက် ရေကြောင်းလမ်းများကို ပိုမိုတင်းကြပ်ရန် လိုအပ်လျက်ရှိကြောင်း အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက NP News သို့ပြောသည်။
မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိ သည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှု များကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့ များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှ တစ် ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
“မူးယစ်မှောင်ခိုလုပ်မယ့် လမ်းကြောင်းရွေးတဲ့အခါမှာ စစ်ဆေးမှုနဲ့ အာရုံစိုက်မှုနည်းတဲ့ ရေ ကြောင်းက ပိုပြီးအခွင့်အလမ်းများတယ်။ ကုန်းပေါ်ဆိုရင်တော့ ဂိတ်တွေအများကြီးကို ဖြတ်ရမှာလေ။ ဆိပ်ကမ်းတွေမှာက ဘယ်လောက်ပဲ စစ်တယ်၊ တားဆီးတယ်ပြောပြော ယိုပေါက်ဟာပေါက်တွေက ရှိ နေတာလေ။ ဒီတော့အဖမ်းခံရနိုင်ခြေနည်းတဲ့ ရေကြောင်းကို ရွေးလာတာလို့ထင်တယ်။ ဒီတော့ ဒါကို တင်းတင်းကြပ်ကြပ်လုပ်ဖို့လိုတယ်” ဟု အဆိုပါ အငြိမ်းစားရဲအရာရှိကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် ယခင်က တပ်မတော် (ရေ) တစ်ခုတည်းမှသာ ရေကြောင်းလုံခြံရေးကိစ္စရပ် များကို ကိုင်တွယ်ခဲ့ရသော်လည်း ယခုအချိန်တွင် ရေကြောင်းရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များပါ ရှိလာပြီဖြစ်သည့်အတွက် အဆိုပါအဖွဲ့များ၏ လုပ်နိုင်စွမ်းမှာ များစွာအရေးပါလှကြောင်း ၎င်းကပြော သည်။
“မလေးရှားကို မူးယစ်ဆေးပို့တာ တစ်ခုပဲ မြင်နေရသေးတာ။ အနောက်ဘက်အခြမ်းက အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်နေတဲ့ မူးယစ်ဆေး ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း မသိရသေးဘူး။ နိုင်ငံဖြတ်ကျော်မှုခင်းတွေထဲမှာ မူးယစ်ဆေးဝါးမှုက ဒုတိယအများဆုံးလောက်ကို ရှိနေတယ်လို့ ပြောလို့ ရတယ်” ဟု အဆိုပါ အငြိမ်း စားရဲအရာရှိကြီးက ရှင်းပြသည်။
ထို့ပြင် ရေကြောင်းလုံခြုံရေးကို ပိုမိုတင်းကြပ်စွာလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်း များထောက်ပံ့ခြင်းနှင့်အတူ အရည်အသွေး မြှင့်တင်ခြင်းများကိုလည်း နိုင်ငံတော်မှ လုပ်ဆောင်ပေးသင့် ကြောင်း ၎င်းကထပ်လောင်း အကြံပြုပြောဆိုခဲ့သည်။

Zawgyi Version:
ေရေၾကာင္းလမ္း အသုံးျပဳကာ မူးယစ္ေဆးပို႔ေဆာင္မႈမ်ားလာသည့္အတြက္ ပိုမိုတင္းၾကပ္ရန္ လိုအပ္လာ
သက္ပိုင္ (NP News)-ေမ ၂၆
ပင္လယ္ျပင္၏အားသာခ်က္ကို အသုံးခ်ကာ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေနသည့္အတြက္ ေရေၾကာင္းလမ္းမ်ားကို ပိုမိုတင္းၾကပ္ရန္ လိုအပ္လ်က္ရွိေၾကာင္း အၿငိမ္းစားရဲအရာရွိႀကီးတစ္ဦးက NP News သို႔ေျပာသည္။
မူးယစ္ေဆးဝါးသယ္ေဆာင္ေလ့ရွိ သည့္လမ္းေၾကာင္းမ်ား၌ စစ္ေဆးရွာေဖြေဖာ္ထုတ္ဖမ္းဆီးမႈ မ်ားကို တိုးျမႇင့္လုပ္ေဆာင္မႈမ်ားေၾကာင့္ မူးယစ္ေဆးဝါးမ်ား ျဖန႔္ျဖဴးလ်က္ရွိသည့္ ေသာင္းက်န္းသူအဖြဲ႕ မ်ားႏွင့္ မူးယစ္ဂိုဏ္းမ်ားသည္ ေရေၾကာင္း၏အားသာခ်က္ကို အသုံးခ်ကာ ေရလမ္းေၾကာင္းမ်ားမွ တစ္ ဆင့္ သယ္ယူပို႔ေဆာင္လာသည္ကို ေတြ႕ရွိရေၾကာင္းကိုလည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားသည္။
“မူးယစ္ေမွာင္ခိုလုပ္မယ့္ လမ္းေၾကာင္းေ႐ြးတဲ့အခါမွာ စစ္ေဆးမႈနဲ႔ အာ႐ုံစိုက္မႈနည္းတဲ့ ေရ ေၾကာင္းက ပိုၿပီးအခြင့္အလမ္းမ်ားတယ္။ ကုန္းေပၚဆိုရင္ေတာ့ ဂိတ္ေတြအမ်ားႀကီးကို ျဖတ္ရမွာေလ။ ဆိပ္ကမ္းေတြမွာက ဘယ္ေလာက္ပဲ စစ္တယ္၊ တားဆီးတယ္ေျပာေျပာ ယိုေပါက္ဟာေပါက္ေတြက ရွိ ေနတာေလ။ ဒီေတာ့အဖမ္းခံရႏိုင္ေျခနည္းတဲ့ ေရေၾကာင္းကို ေ႐ြးလာတာလို႔ထင္တယ္။ ဒီေတာ့ ဒါကို တင္းတင္းၾကပ္ၾကပ္လုပ္ဖို႔လိုတယ္” ဟု အဆိုပါ အၿငိမ္းစားရဲအရာရွိႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံတြင္ ယခင္က တပ္မေတာ္ (ေရ) တစ္ခုတည္းမွသာ ေရေၾကာင္းလုံၿခံေရးကိစၥရပ္ မ်ားကို ကိုင္တြယ္ခဲ့ရေသာ္လည္း ယခုအခ်ိန္တြင္ ေရေၾကာင္းရဲတပ္ဖြဲ႕ႏွင့္ ကမ္းေျခေစာင့္ တပ္ဖြဲ႕မ်ားပါ ရွိလာၿပီျဖစ္သည့္အတြက္ အဆိုပါအဖြဲ႕မ်ား၏ လုပ္ႏိုင္စြမ္းမွာ မ်ားစြာအေရးပါလွေၾကာင္း ၎ကေျပာ သည္။
“မေလးရွားကို မူးယစ္ေဆးပို႔တာ တစ္ခုပဲ ျမင္ေနရေသးတာ။ အေနာက္ဘက္အျခမ္းက အိႏၵိယ နဲ႔ ဘဂၤလားေဒ့ရွ္ဘက္ကိုထြက္ေနတဲ့ မူးယစ္ေဆး ဘယ္ေလာက္ရွိတယ္ဆိုတာကိုလည္း မသိရေသးဘူး။ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းေတြထဲမွာ မူးယစ္ေဆးဝါးမႈက ဒုတိယအမ်ားဆုံးေလာက္ကို ရွိေနတယ္လို႔ ေျပာလို႔ ရတယ္” ဟု အဆိုပါ အၿငိမ္း စားရဲအရာရွိႀကီးက ရွင္းျပသည္။
ထို႔ျပင္ ေရေၾကာင္းလုံၿခဳံေရးကို ပိုမိုတင္းၾကပ္စြာလုပ္ေဆာင္ႏိုင္ရန္အတြက္ လိုအပ္ေသာ ပစၥည္း မ်ားေထာက္ပံ့ျခင္းႏွင့္အတူ အရည္အေသြး ျမႇင့္တင္ျခင္းမ်ားကိုလည္း ႏိုင္ငံေတာ္မွ လုပ္ေဆာင္ေပးသင့္ ေၾကာင္း ၎ကထပ္ေလာင္း အႀကံျပဳေျပာဆိုခဲ့သည္။