သီပေါတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသူများကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

404

ထိုက်စံ (NP News) - ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသူများကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၇ရက်) ၊ နံနက် (၉) နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်များသည် သီပေါမြို့ ၊ ပန်စင်ကျေးရွာအနီး သွားရောက်စစ်ဆေးခဲ့စဉ် မိုးကာတဲအစုအဖွဲ့များအတွင်းရှိ လက်နက်ကိုင်နှစ်ဦးမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုများရပ်တန့်သွားချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား ဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင် (၃) ဦးကို AK-47 (၁) လက်၊ M-22 (၁) လက်၊ MK-12 (၁) လက်၊ ပွိုင့်-၂၂ (၁) လက် တို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသား အမျိုးသား (၅) ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးတို့နှင့်အတူ ၎င်းတို့အသုံးပြုသော မိုးကာတဲကြီး (၁၇) လုံးနှင့် ကင်းတဲငယ်များ၊ All in one ကွန်ပျူတာ (၆) လုံး၊ လက်တော့ (၇၀) လုံး၊ ဖုန်းမျိုး စုံ (၁၆၀) လုံး၊ iPad (၁၀) လုံး၊ Router (၁၀) လုံး၊ Modern Stick (၃၇) ခု၊ မီးစက် (၃) လုံး၊ STAR LINK ဗန်း (၁၉) ခု၊ 4 × 4 WHEEL (၂) စီး၊ သရီးကရောင်း (၁) စီး နှင့်ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ အဆိုပါနေရာတွင်အွန်လိုင်းလိမ်လည် မှုများလုပ်ကိုင်နေသူ (၂၀၀) ဉီးခန့်ရှိပြီး ပစ်ခတ်မှုများဖြစ်ပွားချိန်တွင် ၎င်းတို့မှာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်သူများအား စစ်ဆေးဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သီေပါတြင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္ေနသူမ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းဆီးရမိ
ထိုက္စံ (NP News) - ဒီဇင္ဘာ ၁၈
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္တြင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္ေနသူမ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနကထုတ္ျပန္ထားသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၁၇ရက္) ၊ နံနက္ (၉) နာရီခြဲခန႔္က ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သီေပါၿမိဳ႕ ၊ ပန္စင္ေက်း႐ြာအနီး သြားေရာက္စစ္ေဆးခဲ့စဥ္ မိုးကာတဲအစုအဖြဲ႕မ်ားအတြင္းရွိ လက္နက္ကိုင္ႏွစ္ဦးမွ စတင္ပစ္ခတ္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္မႈမ်ားရပ္တန႔္သြားခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေနရာအား ဝင္ေရာက္ရွင္းလင္းခဲ့ရာ SSPP/SSA တပ္ဖြဲ႕ဝင္ (၃) ဦးကို AK-47 (၁) လက္၊ M-22 (၁) လက္၊ MK-12 (၁) လက္၊ ပြိဳင့္-၂၂ (၁) လက္ တို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ ဆက္လက္စစ္ေဆးခဲ့ရာ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား လုပ္ကိုင္ၾကသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၅) ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး (၁) ဦးတို႔ႏွင့္အတူ ၎တို႔အသုံးျပဳေသာ မိုးကာတဲႀကီး (၁၇) လုံးႏွင့္ ကင္းတဲငယ္မ်ား၊ All in one ကြန္ပ်ဴတာ (၆) လုံး၊ လက္ေတာ့ (၇၀) လုံး၊ ဖုန္းမ်ိဳး စုံ (၁၆၀) လုံး၊ iPad (၁၀) လုံး၊ Router (၁၀) လုံး၊ Modern Stick (၃၇) ခု၊ မီးစက္ (၃) လုံး၊ STAR LINK ဗန္း (၁၉) ခု၊ 4 × 4 WHEEL (၂) စီး၊ သရီးကေရာင္း (၁) စီး ႏွင့္ဆက္စပ္ပစၥည္းမ်ားကိုသိမ္းဆည္း ရမိခဲ့ေၾကာင္းသိရသည္။
စစ္ေဆးခ်က္အရ အဆိုပါေနရာတြင္အြန္လိုင္းလိမ္လည္ မႈမ်ားလုပ္ကိုင္ေနသူ (၂၀၀) ဉီးခန႔္ရွိၿပီး ပစ္ခတ္မႈမ်ားျဖစ္ပြားခ်ိန္တြင္ ၎တို႔မွာ အရပ္မ်က္ႏွာ အသီးသီးသို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ သိမ္းဆည္းရမိေသာ ပစၥည္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ပါဝင္သူမ်ားအား စစ္ေဆးေဖာ္ထုတ္ကာ တရားဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။