ညှဉ်းပန်းနှိပ်စက်ခအဖြစ် တစ်ညလျှင် ဘတ် (၆)ထောင်ခန့် ပေးသော အလုပ်အကိုင်မျိုးပင် KK Park တွင် ရှိခဲ့

 1658

Pearl (NP News) - ဒီဇင်ဘာလ ၁၈
ညှဉ်းပန်းနှိပ်စက်ခအဖြစ် တစ်ညလျှင် ဘတ် (၆)ထောင်ခန့်အထိ ရရှိသော အလုပ်အ ကိုင်မျိုးပင် KK Park တွင်ရှိခဲ့ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park သည် တရားမဝင် ပြည်ပနိုင်ငံသားအများအ ပြားဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများအ များဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့်နေရာတစ်ခုဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော နေရာတစ်ခုဖြစ်ကြောင်းသိရ သည်။ အဆိုပါနေရာတွင် အတင်းအဓမ္မစေခိုင်းခံ ရသူများကို ညှဉ်းပန်းနှိပ်စက်ရန်အတွက် အချိန်၊ ပုံစံတို့ကို သတ်မှတ်ထားသည့်အပြင် ညှဉ်းပန်းနှိပ် စက်ခအဖြစ် တစ်ဦးလျှင် တစ်ည ဘတ်(၆)ထောင်ခန့် အထိပင် ပေးသော အလုပ်အကိုင် ရှိခဲ့ခြင်း ဖြစ်သည်။
" ကျားဖျန့်ထဲမှာ ဝင်ငွေရအောင် မလုပ် ပေးနိုင်တဲ့လူကို ပထမပိုင်းတော့ ရိုက်၊ နှက်။ ပိုက် ဆံရလို့ သွားလုပ်တာ လူရိုက်တဲ့အလုပ်ဖြစ်နေတယ်။ ရိုက်တာ စာနဲ့ရေးပေးထားတယ်။ ဘယ်နှနာရီမှာ ဘယ်လိုပုံစံနဲ့ရိုက်ရမယ်ဆိုတာ။ ရိုက်တဲ့လူတောင် တစ်ညကို ဘတ်(၆)ထောင်ရတယ်။ လက်သီးတွေ ရောင်ပြီး ပြန်လာတာ။ အဲဒီမှာ လက်လွန်ခြေလွန် ဖြစ်ပြီးသေတဲ့လူက သေတယ်။ အဲဒီမှာသွားလုပ်တဲ့ သူတွေတောင် သွေးပျက်တယ်လေ"ဟု ၎င်းက ဆိုသည်။ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ပြီးနောက် ခြေလွန်လက်လွန်ဖြစ်ကာ သေဆုံးသွားပါက ကိုယ် တွင်းအင်္ဂါများ ထုတ်ယူကာ ရောင်းချခြင်းများပြုလုပ်၍ ခန္ဓာကိုယ်ရုပ်အလောင်းကို သင်္ဂြိုဟ်စက်အတွင်း ထည့်သွင်း သင်္ဂြိုဟ်ကာ အလောင်းဖျောက်ခြင်းများ ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ KK Park အတွင်း ဟိုင်းခန်း များ၊ KTV များကဲ့သို့ ဖျော်ဖြေရေးနေရာ များစွာရှိပြီး ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများက မူး ယစ်ဆေးများ အလွန်အကျွံသုံးစွဲကာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏရှိခဲ့ကြောင်း လည်း သိရသည်။
" တရုတ်တွေက သူတို့အချင်းချင်းလုပ် တာ။ တစ်ချိန်လုံးဆေးကြောင်နေတာလေ ဟိုင်းခန်း မှာ ။ လူရှိရှိ မရှိရှိ (၂၄)နာရီလုံးဖွင့်ထားတာ။ ဒီက ပိုက်ဆံဝင်။ ပြီးရင် သူတို့အချင်းချင်းပဲ။ စလော့တွေ ဆော့။ အလောင်းအစားတွေလုပ်ပြီးတော့ လာဧည့် ခံ။ အမြဲတမ်း ဆေးကို အကျမခံဘူး။ ရူးတဲ့ကောင်ရူး။ သူတို့ချင်းထိုးတဲ့ကောင်ထိုး။ တရုတ်အချင်းချင်းရန် ဖြစ်ရင် ဘတ် (၂)သိန်းတောင်းတယ်။ တစ်ယောက် (၂)သိန်းစီ။ အဲဒီနောက်ပိုင်း နည်းသွားတယ်။ မိန်းက လေးတွေက နိုင်ငံပေါင်းစုံက။ မြန်မာ မသိပ်ကြိုက်ဘူး။ မြန်မာမပါဘူး။ ထိုင်း ဈေးအနည်းဆုံး၊ တရုတ်မ ဈေးအများဆုံး။ ဖိလစ်ပိုင်တို့ ဗီယက်နမ်တို့က ဒုတိ ယတန်းစား။ အသက်ကိုလည်း (၂၂) မကျော်ဘူး။ ရည်းစားလည်း သူတို့အချင်းချင်းလည်း ပေါင်နှံကြ တယ်။ ဂိတ်ကကောင်တွေက ဒီကောင်တွေကို ကောင်းကောင်းကစားတာ" ဟု ၎င်းက ဆက်လက် ပြောသည်။ ထို့ပြင် ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံ သားများအနေဖြင့် မြဝတီမြို့အတွင်းသို့လည်း ကောင်း အခြား Site များအတွင်းရှိ Entertainment များ၊ စားသောက်ဆိုင်များသို့ သွားရောက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လုံခြုံ ရေးယူပေးရကြောင်းလည်း သိရသည်။
" တရုတ်တစ်ယောက် မြို့ထဲသွား လက် ဖက်ရည်သောက်ရင် ကားတစ်စီးထွက်ရင် ဂိတ်မှာ သိန်း (၂၀)ပေးရတယ်။ အထဲမှာ ဘယ်လိုပဲ ရှိရှိ အပြင်ကို ထွက်ချင်ကြတာပဲ။ လုံခြုံရေးမပါရင် ထွက် ခွင့်မပေးဘူး။ ရဲဘော်လေးတွေလိုက်ရင် ဘတ် (၁)ထောင်ပေးရတယ်။ မြဝတီဘက်ထွက်ရင် ဘတ် (၁)သိန်းလောက် အကုန်ခံတယ်။ အဲဒါမျိုးတွေကလည်း ကလေးတွေက ရတယ်။ ရဲဘော်လစာက ယိုးဒယား ထက်များတယ်လေ။ ဒီဘက်မှာ သေနတ်နဲ့ကားလေးနဲ့ ဆိုတော့ ပျော်နေတာ။ အခု ရုတ်တရက်ကြီးနေရ တော့ မနေတတ်မထိုင်တတ်ဖြစ်သွားတာ" ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော် အစိုးရအ နေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင် လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝ တီ - မဲ့ထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ် များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများကို စနစ်တကျဖြို ချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ညႇဥ္းပန္းႏွိပ္စက္ခအျဖစ္ တစ္ညလွ်င္ ဘတ္ (၆)ေထာင္ခန႔္ ေပးေသာ အလုပ္အကိုင္မ်ိဳးပင္ KK Park တြင္ ရွိခဲ့
Pearl (NP News) - ဒီဇင္ဘာလ ၁၈
ညႇဥ္းပန္းႏွိပ္စက္ခအျဖစ္ တစ္ညလွ်င္ ဘတ္ (၆)ေထာင္ခန႔္အထိ ရရွိေသာ အလုပ္အ ကိုင္မ်ိဳးပင္ KK Park တြင္ရွိခဲ့ေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ရွိ KK Park သည္ တရားမဝင္ ျပည္ပႏိုင္ငံသားအမ်ားအ ျပားျဖင့္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ားအ မ်ားဆုံးအေျခခ်လုပ္ကိုင္လ်က္ရွိၾကသည့္ေနရာတစ္ခုျဖစ္ၿပီး အြန္လိုင္းလိမ္လည္မႈမ်ားလုပ္ေဆာင္ရန္ အတင္းအဓမၼေစခိုင္းျခင္း ၊ ညႇဥ္းပန္းႏွိပ္စက္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေသာ ေနရာတစ္ခုျဖစ္ေၾကာင္းသိရ သည္။ အဆိုပါေနရာတြင္ အတင္းအဓမၼေစခိုင္းခံ ရသူမ်ားကို ညႇဥ္းပန္းႏွိပ္စက္ရန္အတြက္ အခ်ိန္၊ ပုံစံတို႔ကို သတ္မွတ္ထားသည့္အျပင္ ညႇဥ္းပန္းႏွိပ္ စက္ခအျဖစ္ တစ္ဦးလွ်င္ တစ္ည ဘတ္(၆)ေထာင္ခန႔္ အထိပင္ ေပးေသာ အလုပ္အကိုင္ ရွိခဲ့ျခင္း ျဖစ္သည္။
" က်ားဖ်န႔္ထဲမွာ ဝင္ေငြရေအာင္ မလုပ္ ေပးႏိုင္တဲ့လူကို ပထမပိုင္းေတာ့ ႐ိုက္၊ ႏွက္။ ပိုက္ ဆံရလို႔ သြားလုပ္တာ လူ႐ိုက္တဲ့အလုပ္ျဖစ္ေနတယ္။ ႐ိုက္တာ စာနဲ႔ေရးေပးထားတယ္။ ဘယ္ႏွနာရီမွာ ဘယ္လိုပုံစံနဲ႔႐ိုက္ရမယ္ဆိုတာ။ ႐ိုက္တဲ့လူေတာင္ တစ္ညကို ဘတ္(၆)ေထာင္ရတယ္။ လက္သီးေတြ ေရာင္ၿပီး ျပန္လာတာ။ အဲဒီမွာ လက္လြန္ေျခလြန္ ျဖစ္ၿပီးေသတဲ့လူက ေသတယ္။ အဲဒီမွာသြားလုပ္တဲ့ သူေတြေတာင္ ေသြးပ်က္တယ္ေလ"ဟု ၎က ဆိုသည္။ ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ျပဳလုပ္ၿပီးေနာက္ ေျခလြန္လက္လြန္ျဖစ္ကာ ေသဆုံးသြားပါက ကိုယ္ တြင္းအဂၤါမ်ား ထုတ္ယူကာ ေရာင္းခ်ျခင္းမ်ားျပဳလုပ္၍ ခႏၶာကိုယ္႐ုပ္အေလာင္းကို သၿဂႋဳဟ္စက္အတြင္း ထည့္သြင္း သၿဂႋဳဟ္ကာ အေလာင္းေဖ်ာက္ျခင္းမ်ား ကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အလားတူ KK Park အတြင္း ဟိုင္းခန္း မ်ား၊ KTV မ်ားကဲ့သို႔ ေဖ်ာ္ေျဖေရးေနရာ မ်ားစြာရွိၿပီး က်ားဖ်န႔္လုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသားမ်ားက မူး ယစ္ေဆးမ်ား အလြန္အကြၽံသုံးစြဲကာ အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားမႈမ်ားလည္း မၾကာခဏရွိခဲ့ေၾကာင္း လည္း သိရသည္။
" တ႐ုတ္ေတြက သူတို႔အခ်င္းခ်င္းလုပ္ တာ။ တစ္ခ်ိန္လုံးေဆးေၾကာင္ေနတာေလ ဟိုင္းခန္း မွာ ။ လူရွိရွိ မရွိရွိ (၂၄)နာရီလုံးဖြင့္ထားတာ။ ဒီက ပိုက္ဆံဝင္။ ၿပီးရင္ သူတို႔အခ်င္းခ်င္းပဲ။ စေလာ့ေတြ ေဆာ့။ အေလာင္းအစားေတြလုပ္ၿပီးေတာ့ လာဧည့္ ခံ။ အၿမဲတမ္း ေဆးကို အက်မခံဘူး။ ႐ူးတဲ့ေကာင္႐ူး။ သူတို႔ခ်င္းထိုးတဲ့ေကာင္ထိုး။ တ႐ုတ္အခ်င္းခ်င္းရန္ ျဖစ္ရင္ ဘတ္ (၂)သိန္းေတာင္းတယ္။ တစ္ေယာက္ (၂)သိန္းစီ။ အဲဒီေနာက္ပိုင္း နည္းသြားတယ္။ မိန္းက ေလးေတြက ႏိုင္ငံေပါင္းစုံက။ ျမန္မာ မသိပ္ႀကိဳက္ဘူး။ ျမန္မာမပါဘူး။ ထိုင္း ေဈးအနည္းဆုံး၊ တ႐ုတ္မ ေဈးအမ်ားဆုံး။ ဖိလစ္ပိုင္တို႔ ဗီယက္နမ္တို႔က ဒုတိ ယတန္းစား။ အသက္ကိုလည္း (၂၂) မေက်ာ္ဘူး။ ရည္းစားလည္း သူတို႔အခ်င္းခ်င္းလည္း ေပါင္ႏွံၾက တယ္။ ဂိတ္ကေကာင္ေတြက ဒီေကာင္ေတြကို ေကာင္းေကာင္းကစားတာ" ဟု ၎က ဆက္လက္ ေျပာသည္။ ထို႔ျပင္ က်ားဖ်န႔္လုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံ သားမ်ားအေနျဖင့္ ျမဝတီၿမိဳ႕အတြင္းသို႔လည္း ေကာင္း အျခား Site မ်ားအတြင္းရွိ Entertainment မ်ား၊ စားေသာက္ဆိုင္မ်ားသို႔ သြားေရာက္ရန္အတြက္ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံ ေရးယူေပးရေၾကာင္းလည္း သိရသည္။
" တ႐ုတ္တစ္ေယာက္ ၿမိဳ႕ထဲသြား လက္ ဖက္ရည္ေသာက္ရင္ ကားတစ္စီးထြက္ရင္ ဂိတ္မွာ သိန္း (၂၀)ေပးရတယ္။ အထဲမွာ ဘယ္လိုပဲ ရွိရွိ အျပင္ကို ထြက္ခ်င္ၾကတာပဲ။ လုံၿခဳံေရးမပါရင္ ထြက္ ခြင့္မေပးဘူး။ ရဲေဘာ္ေလးေတြလိုက္ရင္ ဘတ္ (၁)ေထာင္ေပးရတယ္။ ျမဝတီဘက္ထြက္ရင္ ဘတ္ (၁)သိန္းေလာက္ အကုန္ခံတယ္။ အဲဒါမ်ိဳးေတြကလည္း ကေလးေတြက ရတယ္။ ရဲေဘာ္လစာက ယိုးဒယား ထက္မ်ားတယ္ေလ။ ဒီဘက္မွာ ေသနတ္နဲ႔ကားေလးနဲ႔ ဆိုေတာ့ ေပ်ာ္ေနတာ။ အခု ႐ုတ္တရက္ႀကီးေနရ ေတာ့ မေနတတ္မထိုင္တတ္ျဖစ္သြားတာ" ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံေတာ္ အစိုးရအ ေနျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ အြန္လိုင္း ေလာင္းကစားမႈမ်ား အမ်ားဆုံးအေျခခ်လုပ္ကိုင္ လ်က္ရွိၾကသည့္ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ ျမဝ တီ - မဲ့ေထာ္သေလး (KK Park) နယ္ေျမမ်ား၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္း မ်ားႏွင့္ ေဒသတြင္းတာဝန္ရွိသူမ်ားအပါအဝင္ အဖြဲ႕စုံပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ တရားမဝင္ အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ရွင္းလင္းျခင္း၊ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ လုပ္ငန္းစဥ္ မ်ားတြင္ အသုံးျပဳခဲ့သည့္ သိမ္းဆည္းရမိပစၥည္းမ်ားႏွင့္ တရားမဝင္အေဆာက္အအုံမ်ားကို စနစ္တက်ၿဖိဳ ခ်ဖ်က္ဆီးျခင္းႏွင့္ ခ်ိပ္ပိတ္သိမ္းဆည္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.