သထုံမြို့နယ်ရှိ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား မိုင်းပေါက်ကွဲရာ ရထားချော်ကျ၊ တိမ်းမှောက်မှုဖြစ်ပွား

 423

ချယ်ရီ (NP News) - မေ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြားရထားလမ်းပိုင်းတွင် PDFထောင်ထားသည့်မိုင်း ပေါက်ကွဲခြင်းကြောင့် ရထားချော်ကျ၊ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၅ ရက်)၊ နံနက် (၈)နာရီ (၄၅) မိနစ်အချိန်ခန့်က သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၂၃-၂၄ အရောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ အလစ်အငိုက်လုပ်ဆောင်လျက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်း မှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသော အမှတ် (၆၈၇)၊ အဆန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၂၃-၂၄ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့်မိုင်း ပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်းနားနေတွဲနှင့် ကျောက်တွဲ(၅)တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်း စစ်ဆေးခြင်းနှင့် မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအားမတင်၍ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ရထားလမ်းပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား နံနက် (၈) နာရီ (၅၁) မိနစ်အချိန်ခန့်တွင် အဆိုပါလမ်းပိုင်းအား ခေတ္တပိတ်သိမ်း၍ ယမန်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် သိမ်ဇရပ်ဘူတာသို့ ရောက်ရှိရပ်နားထားပြီး မော်လမြိုင်မှ ထွက်ခွာလာသော အမှတ်(၈၂) အစုန်ရထားသည် သဲဖြူကုန်းဘူတာသို့ ရောက်ရှိရပ်နားထားကာ မြန်မာ့မီးရထားက အဆိုပါရထားများအား ခရီးအစဘူတာများဖြစ်သည့် ရန်ကုန်နှင့် မော်လမြိုင်ဘူတာသို့ ပြန်လည်ထွက်ခွာပြီး ခရီးသည်များအား လက်မှတ်ခများ ပြန်လည်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၆) ကြိမ်နှင့် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

Zawgyi Veersion:
သထုံၿမိဳ႕နယ္ရွိ သိမ္ဆိပ္ႏွင့္ ဒုံဝန္းဘူတာအၾကား မိုင္းေပါက္ကြဲရာ ရထားေခ်ာ္က်၊ တိမ္းေမွာက္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ေမ ၂၆
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ရွိ သိမ္ဆိပ္ႏွင့္ ဒုံဝန္းဘူတာအၾကားရထားလမ္းပိုင္းတြင္ PDFေထာင္ထားသည့္မိုင္း ေပါက္ကြဲျခင္းေၾကာင့္ ရထားေခ်ာ္က်၊ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၂၅ ရက္)၊ နံနက္ (၈)နာရီ (၄၅) မိနစ္အခ်ိန္ခန႔္က သိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူတာအၾကား မိုင္တိုင္အမွတ္၊ ၁၂၃/၂၃-၂၄ အေရာက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
NUG ၊ CRPH တို႔၏ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ တရားဥပေဒစိုးမိုးမႈကို ပ်က္ျပားေစရန္ရည္႐ြယ္ခ်က္ျဖင့္ ႐ုံးဌာနအေဆာက္အဦမ်ား၊ စာသင္ေက်ာင္းမ်ား၊ အမ်ားျပည္သူ ေနထိုင္လ်က္ရွိေသာ ေနအိမ္မ်ား၊ လမ္း၊ တံတားမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ား အလစ္အငိုက္လုပ္ေဆာင္လ်က္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔လုပ္ေဆာင္လ်က္ရွိရာ ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္း၌ သဲျဖဴးကုန္း မွ ကလိခရီးစဥ္အျဖစ္ ထြက္ခြာလာေသာ အမွတ္ (၆၈၇)၊ အဆန္ေက်ာက္ရထားသည္ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ သိမ္ဆိပ္ဘူတာမွ ထြက္ခြာၿပီး သိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူတာအၾကား မိုင္တိုင္အမွတ္၊ ၁၂၃/၂၃-၂၄ အေရာက္ ရထားခုတ္ေမာင္းျဖတ္သန္းစဥ္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ ေထာင္ထားသည့္မိုင္း ေပါက္ကြဲခဲ့သျဖင့္ ရထားတြဲဆိုင္းတြင္ပါရွိေသာ စက္ေခါင္းႏွင့္အတူ စက္ေခါင္းေရွ႕မိုင္းကာတြဲ၊ စက္ေခါင္းေနာက္ကပ္လ်က္ စက္ေခါင္းေမာင္းနားေနတြဲႏွင့္ ေက်ာက္တြဲ(၅)တြဲတို႔ လမ္းေခ်ာ္က်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါမိုင္းေပါက္ကြဲမႈျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ နယ္ေျမေဒသတာဝန္ရွိသူမ်ား၊ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္တို႔က နယ္ေျမရွင္းလင္း စစ္ေဆးျခင္းႏွင့္ ျမန္မာ့မီးရထားဝန္ထမ္းမ်ားကလည္း လမ္းေခ်ာ္က်ေသာ စက္ေခါင္းႏွင့္ တြဲမ်ားအားမတင္၍ လမ္းပိုင္းအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ရထားလမ္းျပန္လည္ျပဳျပင္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ သိမ္ဆိပ္ႏွင့္ ဒုံဝန္းရထားလမ္းပိုင္းအား နံနက္ (၈) နာရီ (၅၁) မိနစ္အခ်ိန္ခန႔္တြင္ အဆိုပါလမ္းပိုင္းအား ေခတၱပိတ္သိမ္း၍ ယမန္ေန႔၊ နံနက္ပိုင္းတြင္ ရန္ကုန္မွ ပုံမွန္ထြက္ခြာလာေသာ အမွတ္ (၈၁) အဆန္ လူစီးရထားသည္ သိမ္ဇရပ္ဘူတာသို႔ ေရာက္ရွိရပ္နားထားၿပီး ေမာ္လၿမိဳင္မွ ထြက္ခြာလာေသာ အမွတ္(၈၂) အစုန္ရထားသည္ သဲျဖဴကုန္းဘူတာသို႔ ေရာက္ရွိရပ္နားထားကာ ျမန္မာ့မီးရထားက အဆိုပါရထားမ်ားအား ခရီးအစဘူတာမ်ားျဖစ္သည့္ ရန္ကုန္ႏွင့္ ေမာ္လၿမိဳင္ဘူတာသို႔ ျပန္လည္ထြက္ခြာၿပီး ခရီးသည္မ်ားအား လက္မွတ္ခမ်ား ျပန္လည္ေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားအေနျဖင့္ (၂၀၂၁) ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယခုအခ်ိန္အထိ ရထားလမ္းႏွင့္ ရထားဘူတာ နယ္ေျမအတြင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း(၈၂)ႀကိမ္၊ ရထားတံတား/သံလမ္းမ်ားအား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း (၁၇၆) ႀကိမ္ႏွင့္ ဘူတာအေဆာက္အဦႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း(၁၆)ႀကိမ္ က်ဴးလြန္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.