Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှု သန်း(၅၀ဝ)ကျော်သွားခဲ့သည့် BLACKPINK အဖွဲ့၏ (၁၁)ပုဒ်မြောက်သီချင်း “Pretty Savage’’

295

Pika (Ref : allkpop)
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK သည် အဖွဲ့လိုက် ဖျော်ဖြေမှုများကို လုပ်ဆောင်ခြင်းမျိုးမရှိတော့သော်လည်း အောင်မြင်မှုများကို ဆက်လက်ရယူနေလျက် ရှိကြောင်းသိရသည်။ BLACKPINK အဖွဲ့၏ “Pretty Savage”သီချင်းသည် Spotify ပလက် ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၅၀ဝ)ကျော်သွား ခဲ့မှုနှင့်အတူ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ‘‘Pretty Savage” သီချင်းသည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၅၀ဝ)ကျော်သွားခဲ့သည့် BLACKPINK အဖွဲ့၏ (၁၁)ပုဒ်မြောက် သီချင်းတစ်ပုဒ် ဖြစ်ကြောင်းလည်းသိရ သည်။
အဆိုပါစံချိန်သစ်ကိုတင်နိုင်မှုနှင့်အတူ BLACKPINK အဖွဲ့သည် K pop အမျိုးသမီး အဆိုတော်အဖွဲ့များကြားတွင် Spotify ပလက်ဖောင်းမှာ ထုတ်လွှင့်မှုသန်း(၅၀ဝ)ကျော်သွားခဲ့သည့် သီချင်းအများဆုံးပိုင်ဆိုင်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ် လာခဲ့ကြောင်းလည်းသိရသည်။ BLACKPINK အဖွဲ့၏ “Pretty Savage”သီချင်းသည် ၎င်းတို့၏ပထမဆုံးပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် ‘‘The Album”ထဲတွင် ပါဝင်ခဲ့သည့် သီချင်းတစ်ပုဒ်လည်း ဖြစ်သည်။
လက်ရှိအချိန်တွင် BLACKPINK အဖွဲ့ ဝင်အားလုံးသည် အဖွဲ့တစ်ခုအဖြစ် ဖျော်ဖြေမှုများကို လုပ်ဆောင်ခြင်းမျိုး မရှိတော့ဘဲ တစ်ကိုယ်တော်ဖျော် ဖြေမှုများကိုလုပ်ဆောင်ကာ အောင်မြင်မှုများကို အသီးသီးရယူနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈ သန္း(၅၀ဝ)ေက်ာ္သြားခဲ့သည့္ BLACKPINK အဖြဲ႕၏
(၁၁)ပုဒ္ေျမာက္သီခ်င္း “Pretty Savage’’
Pika (Ref : allkpop)
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ BLACKPINK သည္ အဖြဲ႕လိုက္ ေဖ်ာ္ေျဖမႈမ်ားကို လုပ္ေဆာင္ျခင္းမ်ိဳးမရွိေတာ့ေသာ္လည္း ေအာင္ျမင္မႈမ်ားကို ဆက္လက္ရယူေနလ်က္ ရွိေၾကာင္းသိရသည္။ BLACKPINK အဖြဲ႕၏ “Pretty Savage”သီခ်င္းသည္ Spotify ပလက္ ေဖာင္းတြင္ ထုတ္လႊင့္မႈသန္း(၅၀ဝ)ေက်ာ္သြား ခဲ့မႈႏွင့္အတူ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ‘‘Pretty Savage” သီခ်င္းသည္ Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈသန္း(၅၀ဝ)ေက်ာ္သြားခဲ့သည့္ BLACKPINK အဖြဲ႕၏ (၁၁)ပုဒ္ေျမာက္ သီခ်င္းတစ္ပုဒ္ ျဖစ္ေၾကာင္းလည္းသိရ သည္။
အဆိုပါစံခ်ိန္သစ္ကိုတင္ႏိုင္မႈႏွင့္အတူ BLACKPINK အဖြဲ႕သည္ K pop အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕မ်ားၾကားတြင္ Spotify ပလက္ေဖာင္းမွာ ထုတ္လႊင့္မႈသန္း(၅၀ဝ)ေက်ာ္သြားခဲ့သည့္ သီခ်င္းအမ်ားဆုံးပိုင္ဆိုင္ထားေသာ အဖြဲ႕တစ္ဖြဲ႕ျဖစ္ လာခဲ့ေၾကာင္းလည္းသိရသည္။ BLACKPINK အဖြဲ႕၏ “Pretty Savage”သီခ်င္းသည္ ၎တို႔၏ပထမဆုံးပြဲဦးထြက္ စတူဒီယိုအယ္လ္ဘမ္ ‘‘The Album”ထဲတြင္ ပါဝင္ခဲ့သည့္ သီခ်င္းတစ္ပုဒ္လည္း ျဖစ္သည္။
လက္ရွိအခ်ိန္တြင္ BLACKPINK အဖြဲ႕ ဝင္အားလုံးသည္ အဖြဲ႕တစ္ခုအျဖစ္ ေဖ်ာ္ေျဖမႈမ်ားကို လုပ္ေဆာင္ျခင္းမ်ိဳး မရွိေတာ့ဘဲ တစ္ကိုယ္ေတာ္ေဖ်ာ္ ေျဖမႈမ်ားကိုလုပ္ေဆာင္ကာ ေအာင္ျမင္မႈမ်ားကို အသီးသီးရယူေနလ်က္ရွိေၾကာင္း သိရသည္။