စစ်ကိုင်းတွင် ဆောက်လုပ်ရေးသုံး ကျောက်တွင်း ပြိုကျသည့် အတွက် ၂ ဦး သေပြီး ၁ ဦး ကယ်ထုတ်နိုင်

490

ဆုမြတ် (NP News) - မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ရှိ အရှေ့တောင်ညို ရွာတွင် ဆောက်လုပ်ရေးသုံး ကျောက်များ ထုတ်သည့် တနိုင်တပိုင် ကျောက်တွင်း ပြိုကျသောကြောင့် ၂ ဦး သေဆုံးပြီး ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့ အိုးဘိုလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၅ ရက်)၊ နေ့လယ်ပိုင်း ၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အခင်း ဖြစ်ချိန်တွင် မိုးရွာပြီး မြေသားပျော့နေစဉ် ဂလိုဏ် တူးရာ မှ ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် အသက် ၄၈ နှစ် အရွယ် ဒေါ်တင်ပို နှင့် အသက် ၃၈ နှစ်အရွယ် ဦးသန်းဇော် တို့ သေဆုံးခဲ့ခြင်း ဖြစ်ကာ ဒဏ်ရာရသူကို ဘက်ဟိုး ဖြင့် အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“၁၀နှစ်ကြီး ၁၀နှစ်ကွာတဲ့ မောင်နှမ၂ယောက်ကတော့ တွင်းပိပြီးဆုံးသွားတယ်။ ဒဏ်ရာရရှိသူ မအိအိစိုးကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ဒဏ်ရာရသူ မအိအိစိုး မှာ စစ်ကိုင်းပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေပြီး ၎င်း၏ ကျန်းမာရေး အခြေအနေကို သိရခြင်း မရှိသေးပါ။
ကွယ်လွန်သူ နှစ်ဦးကိုမူ ယနေ့ (မေလ ၂၆ ရက်) ညနေပိုင်းက တောင်ညို သုဿာန်သို့ ပို့ဆောင်ကာ မြေမြုပ်သဂြိုလ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းတြင္ ေဆာက္လုပ္ေရးသုံး ေက်ာက္တြင္း ၿပိဳက်သည့္ အတြက္ ၂ ဦး ေသၿပီး ၁ ဦး ကယ္ထုတ္ႏိုင္
ဆုျမတ္ (NP News) - ေမ ၂၆
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္ ရွိ အေရွ႕ေတာင္ညိဳ ႐ြာတြင္ ေဆာက္လုပ္ေရးသုံး ေက်ာက္မ်ား ထုတ္သည့္ တႏိုင္တပိုင္ ေက်ာက္တြင္း ၿပိဳက်ေသာေၾကာင့္ ၂ ဦး ေသဆုံးၿပီး ၁ ဦးကို ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕ အိုးဘိုလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၂၅ ရက္)၊ ေန႔လယ္ပိုင္း ၂ နာရီ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ အခင္း ျဖစ္ခ်ိန္တြင္ မိုး႐ြာၿပီး ေျမသားေပ်ာ့ေနစဥ္ ဂလိုဏ္ တူးရာ မွ ၿပိဳက်သြားခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ အသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
အဆိုပါ ျဖစ္စဥ္တြင္ အသက္ ၄၈ ႏွစ္ အ႐ြယ္ ေဒၚတင္ပို ႏွင့္ အသက္ ၃၈ ႏွစ္အ႐ြယ္ ဦးသန္းေဇာ္ တို႔ ေသဆုံးခဲ့ျခင္း ျဖစ္ကာ ဒဏ္ရာရသူကို ဘက္ဟိုး ျဖင့္ အခ်ိန္မီ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“၁၀ႏွစ္ႀကီး ၁၀ႏွစ္ကြာတဲ့ ေမာင္ႏွမ၂ေယာက္ကေတာ့ တြင္းပိၿပီးဆုံးသြားတယ္။ ဒဏ္ရာရရွိသူ မအိအိစိုးကိုေတာ့ ကယ္ထုတ္ႏိုင္ခဲ့တယ္” ဟု ၎ကေျပာသည္။
ဒဏ္ရာရသူ မအိအိစိုး မွာ စစ္ကိုင္းျပည္သူ႔ ေဆး႐ုံႀကီးတြင္ ေဆးဝါးကုသမႈ ခံယူေနၿပီး ၎၏ က်န္းမာေရး အေျခအေနကို သိရျခင္း မရွိေသးပါ။
ကြယ္လြန္သူ ႏွစ္ဦးကိုမူ ယေန႔ (ေမလ ၂၆ ရက္) ညေနပိုင္းက ေတာင္ညိဳ သုႆာန္သို႔ ပို႔ေဆာင္ကာ ေျမျမဳပ္သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။