BTS အဖွဲ့ဝင် RM ရဲ့ 'LOST!' သီချင်း MV Shark Music Video Awards မှာ ဆု သုံးခုထိ ချိတ်

 230

ရောင်နီ (NP News) - မေ ၂၆

တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် RM ရဲ့တစ်ကိုယ်တော်သီချင်း 'LOST!' ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မှာ မေလ ၂၂ ရက်က ပြုလုပ်တဲ့ ၆၃ နှစ်မြောက် 'Shark Music Video Awards' ဆုပေးပွဲမှာ ဆုသုံးဆုထိ ချိတ်ခဲ့ပြီး RM ရဲ့ အနုပညာခရီးလမ်းအတွက် နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်စေခဲ့ပါတယ်။
ဆုပေးပွဲ တရားဝင် ဝဘ်ဆိုဒ်မှ ဖော်ပြချက်အရ 'LOST!' သီချင်းဟာ သူ့ရဲ့ စိတ်ကူးယဉ်ဆန်ပြီး အသက်ဝင်တဲ့ music video ကြောင့် 'Best Music Video ဆု' 'Best R&B/Soul Video ဆု', နဲ့ 'Best Direction ဆု' ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင်၊ အမေရိကန်ရက်ပ်ပါ မီဂန်သီစတဲလီယန်ရဲ့ RM ပါဝင်တဲ့ 'Neva Play' သီချင်း ဂီတဗီဒီယိုဟာလည်း 'အကောင်းဆုံး အန်နီမေးရှင်း' ဆုကို ရရှိခဲ့တာ တွေ့ရပါတယ်
'Shark Awards' ဆုပေးပွဲဟာ ကြော်ငြာ၊ ဒီဇိုင်း၊ ရုပ်ရှင်တိုတွေနဲ့ တေးဂီတဗီဒီယိုတွေ အပါအဝင် နယ်ပယ်ပေါင်းစုံက ထူးချွန်စွာ ဖန်တီးနိုင်တဲ့ ဖန်တီးမှုတွေကို ဂုဏ်ပြုပေးတဲ့ ပွဲဖြစ်ပါတယ်။

Zawgyi Version:
BTS အဖြဲ႕ဝင္ RM ရဲ႕ 'LOST!' သီခ်င္း MV Shark Music Video Awards မွာ ဆု သုံးခုထိ ခ်ိတ္
ေရာင္နီ (NP News) - ေမ ၂၆

ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ BTS ရဲ႕ အဖြဲ႕ဝင္ RM ရဲ႕တစ္ကိုယ္ေတာ္သီခ်င္း 'LOST!' ဟာ ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္မွာ ေမလ ၂၂ ရက္က ျပဳလုပ္တဲ့ ၆၃ ႏွစ္ေျမာက္ 'Shark Music Video Awards' ဆုေပးပြဲမွာ ဆုသုံးဆုထိ ခ်ိတ္ခဲ့ၿပီး RM ရဲ႕ အႏုပညာခရီးလမ္းအတြက္ ေနာက္ထပ္မွတ္တိုင္တစ္ခု ျဖစ္ေစခဲ့ပါတယ္။
ဆုေပးပြဲ တရားဝင္ ဝဘ္ဆိုဒ္မွ ေဖာ္ျပခ်က္အရ 'LOST!' သီခ်င္းဟာ သူ႔ရဲ႕ စိတ္ကူးယဥ္ဆန္ၿပီး အသက္ဝင္တဲ့ music video ေၾကာင့္ 'Best Music Video ဆု' 'Best R&B/Soul Video ဆု', နဲ႔ 'Best Direction ဆု' ကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါအျပင္၊ အေမရိကန္ရက္ပ္ပါ မီဂန္သီစတဲလီယန္ရဲ႕ RM ပါဝင္တဲ့ 'Neva Play' သီခ်င္း ဂီတဗီဒီယိုဟာလည္း 'အေကာင္းဆုံး အန္နီေမးရွင္း' ဆုကို ရရွိခဲ့တာ ေတြ႕ရပါတယ္
'Shark Awards' ဆုေပးပြဲဟာ ေၾကာ္ျငာ၊ ဒီဇိုင္း၊ ႐ုပ္ရွင္တိုေတြနဲ႔ ေတးဂီတဗီဒီယိုေတြ အပါအဝင္ နယ္ပယ္ေပါင္းစုံက ထူးခြၽန္စြာ ဖန္တီးႏိုင္တဲ့ ဖန္တီးမႈေတြကို ဂုဏ္ျပဳေပးတဲ့ ပြဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.