အင်တာဗျူးမှာ BTS ကို mention မလုပ်တာကြောင့် BTS fan တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ဘရူနိုမားစ်

 73

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈

အမေရိကန်အဆိုတော်ဘရူနိုမားစ်ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တဲ့ သူ့ရဲ့မှတ်ချက် တွေကြောင့် BTS ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က ဘရူနိုမားစ် ဟာ BLACKPINK အဖွဲ့ဝင် ရိုစ့်နဲ့အတူ Billboard ရဲ့ အထူး အင်တာဗျူး တစ်ခုမှာ သူတို့ရဲ့ collab သီချင်း 'APT' နဲ့ ပတ်သက်ပြီး အမေးအဖြေ ပြုလုပ်ကြပါတယ်။ အဲဒီ အင်တာဗျူးရဲ့ တစ်စိတ်တစ်ပိုင်းအတွင်းမှာ ဘရူနို က APT ရဲ့ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းကို ယူဆောင်လာပုံ အကြောင်း ပြောပြခဲ့ပါတယ်။ သူက 'APT' ကို PSY ရဲ့ 'Gangnam Style' နဲ့ နှိုင်းယှဉ်ခဲ့ပြီး သီချင်းနှစ်ပုဒ်စလုံးဟာ အလွန် ရေပန်းစားလာတာကြောင့် K-pop နဲ့ ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းကို အောင်မြင်စွာ မိတ်ဆက် ပေးနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ "ဘယ်သူမှ မပြောပေမယ့် ရိုစ့်က ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခု ကတော့ "Gangnam Style" ပါ။" "ရိုစ့် ကလည်း "APT" နဲ့အတူ တခါမှ မခံစားဖူး၊ မမြင်ဖူးတဲ့ အရာကို မိတ်ဆက်ပေးခဲ့တဲ့ ကိုရီးယားမိန်းကလေးပါ" လို့ သူက ပြောခဲ့ပါတယ်။ ဒါပေမယ့် APT ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုအပေါ် ဘရူနို ရဲ့ မှတ်ချက် ဟာ K-pop ပရိသတ်အချို့၊ အထူးသဖြင့် BTS ရဲ့ ပရိသတ်တွေကို ဒေါသ ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုရရှိခဲ့တဲ့ K-pop သီချင်းတွေအကြောင်း ဘရူနိုက ပြောဆိုရာမှာ BTS ကို ထည့်သွင်းဖော်ပြခြင်း မရှိတဲ့အတွက် BTS အပေါ် " လေးစားမှု မရှိခြင်း" "BTS ရဲ့ ဂီတလောကအပေါ် သက်ရောက်မှုကို ဖျက်စီးနေခြင်း" "K-pop ကို တီထွင်ခဲ့သလို ဟန်ဆောင်နေခြင်း" ဆိုတဲ့ ဝေဖန်မှုတွေ များစွာ ရှိလာပါတယ်။ တချို့ ပရိသတ်တွေကလည်း Spotify မှာ ဘရူနိုမားစ် ကို အားမပေးဖို့ တိုက်တွန်းနေကြပြီး တချို့ကလည်း BTS ကသာ K Pop ကို လမ်းခင်းပေးခဲ့တာဖြစ်တယ်လို့ဆိုကာ တောင်းပန်ဖို့ တောင်းဆိုနေကြပါတယ်။

Zawgyi Version:
အင္တာဗ်ဴးမွာ BTS ကို mention မလုပ္တာေၾကာင့္ BTS fan ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရတဲ့ ဘ႐ူႏိုမားစ္
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
အေမရိကန္အဆိုေတာ္ဘ႐ူႏိုမားစ္ဟာ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာေျပာၾကားခဲ့တဲ့ သူ႔ရဲ႕မွတ္ခ်က္ ေတြေၾကာင့္ BTS ပရိသတ္ေတြရဲ႕ေဝဖန္မႈနဲ႔ရင္ဆိုင္ေနရပါတယ္။
ဒီဇင္ဘာ ၁၁ ရက္က ဘ႐ူႏိုမားစ္ ဟာ BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္နဲ႔အတူ Billboard ရဲ႕ အထူး အင္တာဗ်ဴး တစ္ခုမွာ သူတို႔ရဲ႕ collab သီခ်င္း 'APT' နဲ႔ ပတ္သက္ၿပီး အေမးအေျဖ ျပဳလုပ္ၾကပါတယ္။ အဲဒီ အင္တာဗ်ဴးရဲ႕ တစ္စိတ္တစ္ပိုင္းအတြင္းမွာ ဘ႐ူႏို က APT ရဲ႕ကိုရီးယားယဥ္ေက်းမႈကို ကမာၻတစ္ဝွမ္းကို ယူေဆာင္လာပုံ အေၾကာင္း ေျပာျပခဲ့ပါတယ္။ သူက 'APT' ကို PSY ရဲ႕ 'Gangnam Style' နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး သီခ်င္းႏွစ္ပုဒ္စလုံးဟာ အလြန္ ေရပန္းစားလာတာေၾကာင့္ K-pop နဲ႔ ကိုရီးယားယဥ္ေက်းမႈကို ကမာၻတစ္ဝွမ္းကို ေအာင္ျမင္စြာ မိတ္ဆက္ ေပးႏိုင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ "ဘယ္သူမွ မေျပာေပမယ့္ ႐ိုစ့္က ပထမဆုံးျဖစ္မယ္ထင္ပါတယ္။ ေနာက္တစ္ခု ကေတာ့ "Gangnam Style" ပါ။" "႐ိုစ့္ ကလည္း "APT" နဲ႔အတူ တခါမွ မခံစားဖူး၊ မျမင္ဖူးတဲ့ အရာကို မိတ္ဆက္ေပးခဲ့တဲ့ ကိုရီးယားမိန္းကေလးပါ" လို႔ သူက ေျပာခဲ့ပါတယ္။ ဒါေပမယ့္ APT ရဲ႕ ကမာၻလုံးဆိုင္ရာ အက်ိဳးသက္ေရာက္မႈအေပၚ ဘ႐ူႏို ရဲ႕ မွတ္ခ်က္ ဟာ K-pop ပရိသတ္အခ်ိဳ႕၊ အထူးသျဖင့္ BTS ရဲ႕ ပရိသတ္ေတြကို ေဒါသ ျဖစ္ေစခဲ့ပါတယ္။ ကမာၻလုံးဆိုင္ရာ ေအာင္ျမင္မႈရရွိခဲ့တဲ့ K-pop သီခ်င္းေတြအေၾကာင္း ဘ႐ူႏိုက ေျပာဆိုရာမွာ BTS ကို ထည့္သြင္းေဖာ္ျပျခင္း မရွိတဲ့အတြက္ BTS အေပၚ " ေလးစားမႈ မရွိျခင္း" "BTS ရဲ႕ ဂီတေလာကအေပၚ သက္ေရာက္မႈကို ဖ်က္စီးေနျခင္း" "K-pop ကို တီထြင္ခဲ့သလို ဟန္ေဆာင္ေနျခင္း" ဆိုတဲ့ ေဝဖန္မႈေတြ မ်ားစြာ ရွိလာပါတယ္။ တခ်ိဳ႕ ပရိသတ္ေတြကလည္း Spotify မွာ ဘ႐ူႏိုမားစ္ ကို အားမေပးဖို႔ တိုက္တြန္းေနၾကၿပီး တခ်ိဳ႕ကလည္း BTS ကသာ K Pop ကို လမ္းခင္းေပးခဲ့တာျဖစ္တယ္လို႔ဆိုကာ ေတာင္းပန္ဖို႔ ေတာင္းဆိုေနၾကပါတယ္။

Related news

© 2021. All rights reserved.