(၃)နှစ်ကျော်အတွင်း တရားမဝင်ကုန်သွယ်မှုများမှ ငွေကျပ်(၅၇၆)ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့

 220

သန့်ဇင်(NP News)-မေ ၂၇
၂၀၂၂ခုနှစ်မှာစတင်ကာ (၃)နှစ်ကျော်အတွင်း တရားမဝင်ကုန်သွယ်မှုများမှ ငွေကျပ်(၅၇၆)ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (မေလ ၂၆ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော် မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစကဒုတိယဥက္ကဋ္ဌက အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးရာနှင့်ပတ်သက်သည့် အစည်းအဝေးများတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက် ၍ ထိထိရောက်ရောက် တားဆီးဆောင်ရွက်ရန်” အမြဲတစေလမ်းညွှန်မှာကြားခဲ့ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကိစ္စရပ်များကို အထူးဂရုစိုက်ပြီး ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နစကဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် (၂၀၂၂) ခုနှစ်မှစတင်၍ ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ (၁၉) ကြိမ်ရှိပြီဖြစ်ပြီး ယခင်အစည်းအဝေး (၁၈) ကြိမ်အထိ ဆုံးဖြတ်ချက် (၆၁၉) ချက်ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
(၃)နှစ်နှင့်(၄)လတာကာလအတွင်း ဖမ်းဆီးရရှိမှုများကို ပြန်ကြည့်မည်ဆိုပါက ဖမ်းဆီးရမိအမှုတွဲ (၂၂၁၉၈) မှု၊ တန်ဖိုးအားဖြင့် ငွေကျပ် (၅၇၆ ဒသမ ၅၄၁) ဘီလျံဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်းလည်း နစကဒုတိယဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
လအလိုက်ဖမ်းဆီးရမိမှုများတွင်လည်း ၂၀၂၅ ခုနှစ်၊ မတ်လ၌ ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်ပြီး ယခုထက် ပို၍ ဖမ်းဆီးဖော်ထုတ် နိုင်ရမည်ဖြစ်ကြောင်းလည်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့်နေသည့်အချိန်တွင် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှုပါ များပြားလာပြီး တရားမဝင်ကုန်သွယ်မှုများ ပေါ်ပေါက်လာမှုနှင့်အတူ ဖမ်းဆီးရရှိမှုများ များလာသည်ကိုလည်းတွေ့ရှိရကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့များနှင့် စစ်ဆေးရေးအဖွဲ့များကလည်း စနစ်တကျထိထိမိမိ စစ်ဆေးဆောင်ရွက်မည်ဆိုပါက ယခုထက်ပို၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၃)ႏွစ္ေက်ာ္အတြင္း တရားမဝင္ကုန္သြယ္မႈမ်ားမွ ေငြက်ပ္(၅၇၆)ဘီလ်ံေက်ာ္ ဖမ္းဆီးႏိုင္ခဲ့
သန႔္ဇင္(NP News)-ေမ ၂၇
၂၀၂၂ခုႏွစ္မွာစတင္ကာ (၃)ႏွစ္ေက်ာ္အတြင္း တရားမဝင္ကုန္သြယ္မႈမ်ားမွ ေငြက်ပ္(၅၇၆)ဘီလ်ံေက်ာ္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ မႉးႀကီး စိုးဝင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ေမလ ၂၆ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္ေသာ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးဦးေဆာင္ေကာ္ မတီ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ နစကဒုတိယဥကၠ႒က အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စီးပြားေရးရာႏွင့္ပတ္သက္သည့္ အစည္းအေဝးမ်ားတြင္လည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က “တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ ပတ္သက္ ၍ ထိထိေရာက္ေရာက္ တားဆီးေဆာင္႐ြက္ရန္” အၿမဲတေစလမ္းၫႊန္မွာၾကားခဲ့ေၾကာင္း နစကဒုတိယဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ တရားမဝင္ကုန္သြယ္မႈကိစၥရပ္မ်ားကို အထူးဂ႐ုစိုက္ၿပီး ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း နစကဒုတိယဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
တရားမဝင္ကုန္သြယ္မႈမ်ားကို ထိေရာက္စြာ တိုက္ဖ်က္ရန္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ လက္ထက္တြင္ (၂၀၂၂) ခုႏွစ္မွစတင္၍ ျပင္ဆင္ဖြဲ႕စည္းၿပီး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမ်ား က်င္းပလာခဲ့သည္မွာ (၁၉) ႀကိမ္ရွိၿပီျဖစ္ၿပီး ယခင္အစည္းအေဝး (၁၈) ႀကိမ္အထိ ဆုံးျဖတ္ခ်က္ (၆၁၉) ခ်က္ခ်မွတ္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
(၃)ႏွစ္ႏွင့္(၄)လတာကာလအတြင္း ဖမ္းဆီးရရွိမႈမ်ားကို ျပန္ၾကည့္မည္ဆိုပါက ဖမ္းဆီးရမိအမႈတြဲ (၂၂၁၉၈) မႈ၊ တန္ဖိုးအားျဖင့္ ေငြက်ပ္ (၅၇၆ ဒသမ ၅၄၁) ဘီလ်ံဖမ္းဆီးေဖာ္ထုတ္ခဲ့ေၾကာင္းလည္း နစကဒုတိယဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
လအလိုက္ဖမ္းဆီးရမိမႈမ်ားတြင္လည္း ၂၀၂၅ ခုႏွစ္၊ မတ္လ၌ ဖမ္းဆီးရရွိမႈသည္ အမ်ားဆုံးျဖစ္ၿပီး ယခုထက္ ပို၍ ဖမ္းဆီးေဖာ္ထုတ္ ႏိုင္ရမည္ျဖစ္ေၾကာင္းလည္း နစကဒုတိယဥကၠ႒က ဆိုသည္။
နယ္စပ္ကုန္သြယ္ေရးႏွင့္ ပတ္သက္၍ နယ္ေျမလုံၿခဳံေရးအေျခအေနအရ နယ္စပ္ကုန္သြယ္ေရးမ်ား ေခတၱရပ္တန႔္ေနသည့္အခ်ိန္တြင္ တရားမဝင္ကုန္ပစၥည္းမ်ား တင္ပို႔မႈႏွင့္ တင္သြင္းမႈပါ မ်ားျပားလာၿပီး တရားမဝင္ကုန္သြယ္မႈမ်ား ေပၚေပါက္လာမႈႏွင့္အတူ ဖမ္းဆီးရရွိမႈမ်ား မ်ားလာသည္ကိုလည္းေတြ႕ရွိရေၾကာင္း နစကဒုတိယဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ စစ္ေဆးေရးအဖြဲ႕မ်ားကလည္း စနစ္တက်ထိထိမိမိ စစ္ေဆးေဆာင္႐ြက္မည္ဆိုပါက ယခုထက္ပို၍ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ား ထိေရာက္ေအာင္ျမင္မည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒က တိုက္တြန္းေျပာၾကား ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.