အမေရိကန်၏ ခရီးသွားလာမှုပိတ်ပင်မှုစာရင်းကို ဒေါ်နယ်ထရမ့် ထပ်မံတိုးချဲ့

143

Pika (NP News) - ဒီဇင်ဘာ ၁၉
အမေရိကန်၏ ခရီးသွားလာမှုပိတ်ပင်မှုစာရင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထပ်မံချဲ့ထွင်ခဲ့ပြီး ဆီးရီးယားနှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့အပါအဝင် နောက်ထပ်နိုင်ငံ(၈)နိုင်ငံကို အဆိုပါစာရင်းတွင် ထည့်သွင်းခဲ့ကြောင်းသိရသည်။ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့သော ကန့်သတ်ချက်အသစ်များသည် လာမည့်(၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၁)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလှုပ်ရှားမှုသည် နာတာရှည်ရောဂါဆေးစစ်မှုဆိုင်ရာ ချို့ယွင်းချက်များရှိသည့် နိုင်ငံများမှလာသော နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့်ကန့်သတ်ချက်ကို တင်းကြပ်ရန် ကျယ်ပြန့်သောကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် စစ်ဆေးမှုပိုင်းအားနည်းသောနိုင်ငံများမှလာသည့် နိုင်ငံခြားသားများသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။
ဒေါ်နယ်ထရမ့်က ထပ်မံချဲ့ထွင်ခဲ့သော ခရီးသွားလာမှုပိတ်ပင်သည့်စာရင်းတွင် ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊တောင်ဆူဒန်၊ ဆီးရီးယား၊ လာအို နှင့် ဆီယာရာလီယွန်နိုင်ငံတို့မှ နိုင်ငံသားများအပြင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ထုတ်ပေးသောစာရွက်စာတမ်းများဖြင့် ခရီးသွားလာသူများကိုပါ ဝင်ခွင့်ပိတ်ပင်ထားကြောင်းသိရသည်။
ဆီးရီးယားနိုင်ငံတွင် ISIS အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်နေသည်ဟု ယူဆရသည့် သေနတ်သမားတစ်ဦးက အမေရိကန်စစ်သားနှစ်ဦး နှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဆီးရီးယားကို ခရီးသွားလာမှုပိတ်ပင်သည့်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်တွင် ခိုလှုံခွင့်ရရှိထားသောသူများအပေါ် သက်ရောက်မှုများရှိလိမ့်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

Zawgyi Version:
အေမရိကန္၏ ခရီးသြားလာမႈပိတ္ပင္မႈစာရင္းကို ေဒၚနယ္ထရမ့္ ထပ္မံတိုးခ်ဲ႕
Pika (NP News) - ဒီဇင္ဘာ ၁၉
အေမရိကန္၏ ခရီးသြားလာမႈပိတ္ပင္မႈစာရင္းကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထပ္မံခ်ဲ႕ထြင္ခဲ့ၿပီး ဆီးရီးယားႏွင့္ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕တို႔အပါအဝင္ ေနာက္ထပ္ႏိုင္ငံ(၈)ႏိုင္ငံကို အဆိုပါစာရင္းတြင္ ထည့္သြင္းခဲ့ေၾကာင္းသိရသည္။ေဒၚနယ္ထရမ့္က ထုတ္ျပန္ခဲ့ေသာ ကန႔္သတ္ခ်က္အသစ္မ်ားသည္ လာမည့္(၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ(၁)ရက္တြင္ စတင္အသက္ဝင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါလႈပ္ရွားမႈသည္ နာတာရွည္ေရာဂါေဆးစစ္မႈဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္မ်ားရွိသည့္ ႏိုင္ငံမ်ားမွလာေသာ ႏိုင္ငံျခားသားမ်ားအတြက္ ျပည္ဝင္ခြင့္ကန႔္သတ္ခ်က္ကို တင္းၾကပ္ရန္ က်ယ္ျပန႔္ေသာႀကိဳးပမ္းအားထုတ္မႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ စစ္ေဆးမႈပိုင္းအားနည္းေသာႏိုင္ငံမ်ားမွလာသည့္ ႏိုင္ငံျခားသားမ်ားသည္ အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္လာႏိုင္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ခဲ့သည္။
ေဒၚနယ္ထရမ့္က ထပ္မံခ်ဲ႕ထြင္ခဲ့ေသာ ခရီးသြားလာမႈပိတ္ပင္သည့္စာရင္းတြင္ ဘာကီနာဖာဆို၊ မာလီ၊ ႏိုင္ဂ်ာ၊ေတာင္ဆူဒန္၊ ဆီးရီးယား၊ လာအို ႏွင့္ ဆီယာရာလီယြန္ႏိုင္ငံတို႔မွ ႏိုင္ငံသားမ်ားအျပင္ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕က ထုတ္ေပးေသာစာ႐ြက္စာတမ္းမ်ားျဖင့္ ခရီးသြားလာသူမ်ားကိုပါ ဝင္ခြင့္ပိတ္ပင္ထားေၾကာင္းသိရသည္။
ဆီးရီးယားႏိုင္ငံတြင္ ISIS အၾကမ္းဖက္အဖြဲ႕ႏွင့္ဆက္စပ္ေနသည္ဟု ယူဆရသည့္ ေသနတ္သမားတစ္ဦးက အေမရိကန္စစ္သားႏွစ္ဦး ႏွင့္ အရပ္သားတစ္ဦးကို သတ္ျဖတ္ခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ ဆီးရီးယားကို ခရီးသြားလာမႈပိတ္ပင္သည့္စာရင္းတြင္ ထည့္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္လည္း အဆိုပါဆုံးျဖတ္ခ်က္သည္ အေမရိကန္တြင္ ခိုလႈံခြင့္ရရွိထားေသာသူမ်ားအေပၚ သက္ေရာက္မႈမ်ားရွိလိမ့္မည္မဟုတ္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္မ်ားအရ သိရသည္။