မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း ပြန်လည်ပြင်ဆင်ပြီးတော့မည်

305

နန်းချမ်း(NP News)-မေ ၂၇
PDFအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားရှိ ရထားလမ်း ပျက်စီးသွားခဲ့ရာ လက်ရှိတွင် ပြန်လည်ပြင်ဆင်ပြီးစီးတော့မည့်ဖြစ်သောကြောင့် မူလသတ်မှတ်ထားသည့် ကာလထက် စောစီးစွာ ပြန်လည်ပြေးစွဲတော့မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြန်လည်ပြေးစွဲမည့်အချိန်ဇယားကို မူလကြေညာထားသည့် မေလ ၂၉ ရက်အစား မေလ ၂၈ ရက် သို့ ရက်ပြောင်းလဲကာ ရထားများ ပြန်လည်ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မေလ ၂၈ ရက်တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန်ရထား ရိုးရိုး (AAR) ရထားတွဲဆိုင်းဖြင့် ပြေးဆွဲ ပေးသွားမည်ဖြစ်ပြီး အထက်တန်းရက်ကြို လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ခငွေများ ပြန်အမ်း ပေးတော့မည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။
ထို့အပြင် ယင်းနေ့အတွက် အထက်တန်းရက်ကြို လက်မှတ်များ၊ ရိုးရိုးတန်း ရက်ကြို လက်မှတ်များ နှင့် အထက်တန်း (၃) ရက်ကြိုတင် လက်မှတ်များကိုမော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နံနက် (၀၇:၀၀) နာရီမှ နေ့လည် (၀၃:၀၀) နာရီအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပျက်စီးသွာားခဲ့သည့် မီးရထားလမ်းပြင်ဆင်မှုများ စောစီးစွာပြီးစီးခြင်းကြောင့် ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ရထားချိန်ဇယားနှင့် လက်မှတ်ဝယ်ယူမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို မော်လမြိုင်ဘူ တာကြီးတွင် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ထားသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းကို PDFအဖွဲ့က ပြီးခဲ့သည့် မေလ ၂၅ရက်တွင် မိုင်းထောင်ဖျက်ဆီးမှုကြောင့် အမှတ် (၆၈၇) ကျောက်ရထားမိုင်းထိမှန်၍ စက်ခေါင်းအပါအဝင် ကျောက်တွဲ (၇)တွဲ လမ်းချော် ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
မိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ ေမာ္လၿမိဳင္-ရန္ကုန္ ရထားလမ္းပိုင္း ျပန္လည္ျပင္ဆင္ၿပီးေတာ့မည္
နန္းခ်မ္း(NP News)-ေမ ၂၇
PDFအဖြဲ႕၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ေမာ္လၿမိဳင္-ရန္ကုန္ ရထားလမ္းပိုင္းရွိ သိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူတာၾကားရွိ ရထားလမ္း ပ်က္စီးသြားခဲ့ရာ လက္ရွိတြင္ ျပန္လည္ျပင္ဆင္ၿပီးစီးေတာ့မည့္ျဖစ္ေသာေၾကာင့္ မူလသတ္မွတ္ထားသည့္ ကာလထက္ ေစာစီးစြာ ျပန္လည္ေျပးစြဲေတာ့မည္ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပန္လည္ေျပးစြဲမည့္အခ်ိန္ဇယားကို မူလေၾကညာထားသည့္ ေမလ ၂၉ ရက္အစား ေမလ ၂၈ ရက္ သို႔ ရက္ေျပာင္းလဲကာ ရထားမ်ား ျပန္လည္ေျပးဆြဲေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။
ေမလ ၂၈ ရက္တြင္ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ (၈၂) အစုန္ရထား ႐ိုး႐ိုး (AAR) ရထားတြဲဆိုင္းျဖင့္ ေျပးဆြဲ ေပးသြားမည္ျဖစ္ၿပီး အထက္တန္းရက္ႀကိဳ လက္မွတ္ဝယ္ယူထားေသာ ခရီးသည္မ်ားအား လက္မွတ္ခေငြမ်ား ျပန္အမ္း ေပးေတာ့မည္မဟုတ္ေၾကာင္းလည္း အသိေပးေၾကညာထားသည္။
ထို႔အျပင္ ယင္းေန႔အတြက္ အထက္တန္းရက္ႀကိဳ လက္မွတ္မ်ား၊ ႐ိုး႐ိုးတန္း ရက္ႀကိဳ လက္မွတ္မ်ား ႏွင့္ အထက္တန္း (၃) ရက္ႀကိဳတင္ လက္မွတ္မ်ားကိုေမာ္လၿမိဳင္ဘူတာႀကီး ရက္ႀကိဳလက္မွတ္႐ုံတြင္ နံနက္ (၀၇:၀၀) နာရီမွ ေန႔လည္ (၀၃:၀၀) နာရီအထိ ေရာင္းခ်ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။
ပ်က္စီးသြာားခဲ့သည့္ မီးရထားလမ္းျပင္ဆင္မႈမ်ား ေစာစီးစြာၿပီးစီးျခင္းေၾကာင့္ ခရီးသြားျပည္သူမ်ားအတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႕စြာ ခရီးသြားလာႏိုင္မည္ျဖစ္ၿပီး ရထားခ်ိန္ဇယားႏွင့္ လက္မွတ္ဝယ္ယူမႈဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ေမာ္လၿမိဳင္ဘူ တာႀကီးတြင္ စုံစမ္းေမးျမန္းႏိုင္ေၾကာင္းလည္း ေမာ္လၿမိဳင္ဘူတာႀကီးမွ ထုတ္ျပန္ထားသည္။
ေမာ္လၿမိဳင္-ရန္ကုန္ ရထားလမ္းပိုင္းအတြင္း သိမ္ဆိပ္ဘူတာ ႏွင့္ ဒုံဝန္းဘူတာၾကား ရထားလမ္းကို PDFအဖြဲ႕က ၿပီးခဲ့သည့္ ေမလ ၂၅ရက္တြင္ မိုင္းေထာင္ဖ်က္ဆီးမႈေၾကာင့္ အမွတ္ (၆၈၇) ေက်ာက္ရထားမိုင္းထိမွန္၍ စက္ေခါင္းအပါအဝင္ ေက်ာက္တြဲ (၇)တြဲ လမ္းေခ်ာ္ က်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။