ပြည်မြို့တွင် အိမ်မွေးခွေးများကို ဖမ်းဆီး၍ မှိန်းနှင့်ထိုးသည့် အမျိုးသားကို ပရဟတိအဖွဲ့က စခန်းသို့ အပ်နှံခဲ့

 1147

ခင်လပြည့်ဝန်း (NP News)- မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အိမ်မွေးခွေးများကို ဖမ်းဆီးပြီး မှိန်းဖြင့်ထိုး၍ သတ်သည့်အမျိုးသားတစ်ဦးကို တိရစ္ဆာန်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် Recovery_9 ပရဟိတအဖွဲ့သည် မေလ ၂၃ရက်နေ့က ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားသည် ရပ်ကွက်အတွင်းရှိ အိမ်မွေးခွေးများက ကြက်ကိုဝင်ဆွဲသည်ဟုဆိုကာ သွပ်ကြိုးဖြင့် ထောင်ဖမ်းခဲ့ကာ မှိန်းဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

"ခွေးကတော့ အိမ်မွေးခွေး ‌‌သမီးရယ်။ လည်ပင်းကိုသွပ်ကြိုးနဲ့ချည်ထားပြီး မှိန်းနဲ့ ထိုးသတ်နေတာ။ ဗိုက်ပေါက်သွားတယ်။ အဆုတ်လည်းထိသွားတယ်။ အဖွားတို့က မလုပ်ပါနဲ့ ဆိုတာလည်းမရဘူး။ R9 အဖွဲ့ကို ရပ်ကွက်က ခေါ်ပေးတော့မှပဲ ဟိုက ရဲတိုင်ပေးတာ " ဟု ရပ်ကွက်တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။

ကျူးလွန်သူမှာ ဦးတင်မောင်ဦး (၅၇နှစ်)ဖြစ်ကာ ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ပြည်မြို့ရှိ အမှတ် (၂)ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

"သူက အရင်ကထဲက ရပ်ကွက်ထဲက အိမ်မွေးခွေးတွေကို ခြေကျိုးလက်ကျိုးဖြစ်တဲ့အထိ ရိုက်ခဲ့ဖူးတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ျပည္ၿမိဳ႕တြင္ အိမ္ေမြးေခြးမ်ားကို ဖမ္းဆီး၍ မွိန္းႏွင့္ထိုးသည့္ အမ်ိဳးသားကို ပရဟတိအဖြဲ႕က စခန္းသို႔ အပ္ႏွံခဲ့

ခင္လျပည့္ဝန္း (NP News)- ေမ ၂၇

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အိမ္ေမြးေခြးမ်ားကို ဖမ္းဆီးၿပီး မွိန္းျဖင့္ထိုး၍ သတ္သည့္အမ်ိဳးသားတစ္ဦးကို တိရစာၦန္ကူညီကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ေနသည့္ Recovery_9 ပရဟိတအဖြဲ႕သည္ ေမလ ၂၃ရက္ေန႔က ရဲစခန္းသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါအမ်ိဳးသားသည္ ရပ္ကြက္အတြင္းရွိ အိမ္ေမြးေခြးမ်ားက ၾကက္ကိုဝင္ဆြဲသည္ဟုဆိုကာ သြပ္ႀကိဳးျဖင့္ ေထာင္ဖမ္းခဲ့ကာ မွိန္းျဖင့္ထိုးသတ္ခဲ့ေၾကာင္း သိရသည္။

"ေခြးကေတာ့ အိမ္ေမြးေခြး ‌‌သမီးရယ္။ လည္ပင္းကိုသြပ္ႀကိဳးနဲ႔ခ်ည္ထားၿပီး မွိန္းနဲ႔ ထိုးသတ္ေနတာ။ ဗိုက္ေပါက္သြားတယ္။ အဆုတ္လည္းထိသြားတယ္။ အဖြားတို႔က မလုပ္ပါနဲ႔ ဆိုတာလည္းမရဘူး။ R9 အဖြဲ႕ကို ရပ္ကြက္က ေခၚေပးေတာ့မွပဲ ဟိုက ရဲတိုင္ေပးတာ " ဟု ရပ္ကြက္တြင္းေနထိုင္သူ အမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။

က်ဴးလြန္သူမွာ ဦးတင္ေမာင္ဦး (၅၇ႏွစ္)ျဖစ္ကာ ျပည္ၿမိဳ႕၊ ပြင့္လွသိမ္ကုန္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ၎ကို ျပည္ၿမိဳ႕ရွိ အမွတ္ (၂)ရဲစခန္းသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

"သူက အရင္ကထဲက ရပ္ကြက္ထဲက အိမ္ေမြးေခြးေတြကို ေျခက်ိဳးလက္က်ိဳးျဖစ္တဲ့အထိ ႐ိုက္ခဲ့ဖူးတယ္" ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.