မော်လမြိုင်မြို့တွင် ပုတ်ပွသေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

706
အိန္ဒြေ(NP News)-မေ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ကန်တော်ဦးဘုန်းကြီးကျောင်းအနီးတွင် ပုပ်ပွသေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသား ရုပ်အလောင်းတစ်လောင်းကို ယမန်နေ့(မေလ ၂၆ ရက်) ညနေ ၅ နာရီ ဝန်းကျင်အချိန်ခန့်က တွေ့ရှိခဲ့ကြောင်း ရာမညလူမှု ကူညီရေး အသင်းထံမှ သိရသည်။
”မနေ့ကညနေ ၅နာရီလောက်ပေါ့ အလောင်းက ၂ရက် ၃ရက်လောက်တော့ ကြာနေပြီ" ဟု ရာမညလူမှုကူညီရေးအသင်းက NP Newsသို့ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသာနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသည့်အပြင် အလောင်းမှာပျက်စီးနေသဖြင့် အသက်ကိုလည်း ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version:
ေမာ္လၿမိဳင္ၿမိဳ႕တြင္ ပုတ္ပြေသဆုံးေနသည့္ ပိုင္ရွင္မဲ့အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
အိေျႏၵ(NP News)-ေမ ၂၇
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာၿမိဳင္ရပ္ကြက္၊ ကန္ေတာ္ဦးဘုန္းႀကီးေက်ာင္းအနီးတြင္ ပုပ္ပြေသဆုံးေနသည့္ ပိုင္ရွင္မဲ့အမ်ိဳးသား ႐ုပ္အေလာင္းတစ္ေလာင္းကို ယမန္ေန႔(ေမလ ၂၆ ရက္) ညေန ၅ နာရီ ဝန္းက်င္အခ်ိန္ခန႔္က ေတြ႕ရွိခဲ့ေၾကာင္း ရာမညလူမႈ ကူညီေရး အသင္းထံမွ သိရသည္။
”မေန႔ကညေန ၅နာရီေလာက္ေပါ့ အေလာင္းက ၂ရက္ ၃ရက္ေလာက္ေတာ့ ၾကာေနၿပီ" ဟု ရာမညလူမႈကူညီေရးအသင္းက NP Newsသို႔ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသာႏွင့္ပတ္သက္၍ မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္မရေသးသည့္အျပင္ အေလာင္းမွာပ်က္စီးေနသျဖင့္ အသက္ကိုလည္း ခန႔္မွန္းႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ေမာ္လၿမိဳင္ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။