တရုတ်နိုင်ငံသို့ MSME ထုတ်ကုန်များနှင့်အေးခဲအသားများ တင်ပို့ခွင့်ရရန် ဆွေးနွေးနေ

439

သက်ပိုင် (NP News) - မေ ၃၁
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော တရုပ်နိုင်ငံသို့ MSME ထုတ်ကုန်များ နှင့် အေးခဲအသားများ တင်ပို့ခွင့်ရရန် ဆွေးနွေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ စီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Guo Xueyan တို့ မေလ ၂၉ ရက်က တွေ့ဆုံရာတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံကြား အေးခဲအသားအပါအဝင် တိရစ္ဆာန်အသား (အမဲသား)များ တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ရရှိရေးကိစ္စ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးကိစ္စ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များ နှင့် အလှကုန်ပစ္စည်း (ရေမွှေး၊ ခေါင်းလျှော်ရည်) များအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့မှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သောပို့ကုန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေခြင်းဆွေးနွေးပွဲအစီအစဉ် ဖွင့်ပွဲအခမ်းအနားတစ်ခုကိုလည်း ပြီးခဲ့သည့် မေလ ၂၁ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သေးသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံသို႔ MSME ထုတ္ကုန္မ်ားႏွင့္ေအးခဲအသားမ်ား တင္ပို႔ခြင့္ရရန္ ေဆြးေႏြးေန
သက္ပိုင္ (NP News) - ေမ ၃၁
ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္ေသာ တ႐ုပ္ႏိုင္ငံသို႔ MSME ထုတ္ကုန္မ်ား ႏွင့္ ေအးခဲအသားမ်ား တင္ပို႔ခြင့္ရရန္ ေဆြးေႏြးေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အသင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးတင္ေမာင္ေဆြ ႏွင့္ တ႐ုတ္ႏိုင္ငံ၊ အေကာက္ခြန္အေထြေထြ စီမံအုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕၏ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ Ms. Guo Xueyan တို႔ ေမလ ၂၉ ရက္က ေတြ႕ဆုံရာတြင္ အထက္ပါအတိုင္း ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဆြးေႏြးရာတြင္ ႏွစ္ႏိုင္ငံၾကား ေအးခဲအသားအပါအဝင္ တိရစာၦန္အသား (အမဲသား)မ်ား တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ခြင့္ ရရွိေရးကိစၥ၊ ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးႏွင့္ ေရထြက္ကုန္ပစၥည္းမ်ား တင္ပို႔ခြင့္ ရရွိေရးကိစၥ၊ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းမ်ား၏ ထုတ္ကုန္မ်ား ႏွင့္ အလွကုန္ပစၥည္း (ေရေမႊး၊ ေခါင္းေလွ်ာ္ရည္) မ်ားအား တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ေရးကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ့စိုက္ပ်ိဳးေရးထြက္ကုန္မ်ားကို တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ရာတြင္ ကုန္သြယ္မႈ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတာဝန္ရွိသူမ်ား၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးတို႔မွ တာဝန္ရွိသူမ်ား၊ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ား၊ ဝန္ႀကီးဌာနမ်ား၊ အသင္းအဖြဲ႕မ်ားႏွင့္ ကုမၸဏီမ်ားမွ ကိုယ္စားလွယ္မ်ား ပါဝင္ေသာပို႔ကုန္ဆိုင္ရာစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ လိုက္နာရမည့္အခ်က္မ်ားအား အသိပညာမွ်ေဝျခင္းေဆြးေႏြးပြဲအစီအစဥ္ ဖြင့္ပြဲအခမ္းအနားတစ္ခုကိုလည္း ၿပီးခဲ့သည့္ ေမလ ၂၁ ရက္က ေနျပည္ေတာ္တြင္ျပဳလုပ္ခဲ့ေသးသည္။