မန္တလေးနှင့်စစ်ကိုင်းစသည့် ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ပြည်သူများ၏ အသံနားထောင်ရန် ဆုံးဖြတ်ထား

 976

စော(NP News)- မေ ၃၁

ငလျင်ဘေးသင့်ခဲ့သော မန္တလေးနှင့် စစ်ကိုင်းစသည့် ဒေသများသို့ သွားရောက်ကာ ပြည်သူများ၏ အသံကို နားထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအ့ဒါရိုက်တာ၊ ဒေါက်တာ ဇော်ဦးက ယနေ့ မေလ (၃၁)ရက်တွင် ‎ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးချက်များအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေးခြင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအနှစ်ချုပ်သုံးသပ်ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍအပါအဝင် စီးပွားရေးအရ နစ်နာဆုံးရှုံးခဲ့သော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ဖိုရမ် သုံးခုထက်မနည်း ဆောင်ရွက်သွားမည်ကို ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

“မန္တလေးနဲ့စစ်ကိုင်းလိုနေရာမျိုးမှာ ငလျင်ဘေးသင့်တဲ့နေရာမှာ ကျွန်တော်တို့ပါသွားပြီးတော့ ပြည်သူတွေနဲ့အတူကြားမှာ ပြည်သူတွေရဲ့ အသံနားထောင်ဖို့ မန္တလေးမှာလည်း ဖိုရမ်တစ်ခုဆက်လုပ်ဖို့ စဉ်းစားဖြစ်ပါတယ်။ ဆုံးလည်းဆုံးဖြတ်ထားပါတယ်။ သက်ဆိုင်ရာ အသင်းအဖွဲ့တွေက ဆက်ပြီးဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ငွေရေးကြေးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍ စသည့်တို့ကို စီမံခန့်ခွဲနေသော ဌာနများကလည်း ငလျင်ဘေးသင့်သူများတွက် သက်သာချောင်ချိရေး နှင့် လိုအပ်နေသော အကူအညီများ အမြန်ဆုံးရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးဖြစ်ကြောင်း သိရသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ ကုန်သွယ်မှုတွေဆိုင်ရာ ဝန်ဆောင်မှုတွေများများပေးဖို့ ၊ အဲဒါနဲ့ပတ်သတ်ပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ဆိုပြီးတော့ နိုင်ငံတော်ကချမှတ်ထားတဲ့ လမ်းညွှန်မှုအတိုင်းပဲ အခုလောလောဆယ်မှာလည်း ပို့ကုန်လုပ်နိုင်တဲ့ အခြေခံသားငါးလယ်ယာကလည်း ဆက်ပြီး ပံ့ပိုးပေးဖို့လိုနေတယ်ဆိုတော့ ဒါကိုကျွန်တော်တို့ လယ်ယာသားငါးကဏ္ဍမှာရှိနေတဲ့ ပံ့ပိုးပေးရမဲ့၊ ကူညီဖြေရှင်းပေးရမဲ့ ကိစ္စတွေ မြန်မြန်လေးဆောင်ရွက်လိုက်ခြင်းအားဖြင့် သူတို့ဆီကရလာမဲ့ ပို့ကုန်တွေကလည်း အမြန်ဆုံးမြှင့်တင်ဆောင်ရွက်နိုင်မယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် သွင်းကုန်နှင့်ပတ်သက်သော စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ညီနောင်အသင်းများက လိုအပ်ချက်များအပေါ်တွင် တာဝန်ခံကာ ရောင်းဝယ်ပေးခြင်း၊ ဖြန့်ဖြူးပေးခြင်းနှင့် လိုအပ်သူများ တိုက်ရိုက်သုံးစွဲနိုင်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အစီအစဉ်ကိုလည်း ဆုံးဖြတ်ထားကြောင်း သိရသည်။

အဆိုပါဆောက်လုပ်ရေးကဏ္ဍတွင် ဆောက်လုပ်ရေးအသင်းသာမက အင်ဂျင်နီယာအသင်း၊ သံနှင့်သံမဏိထုတ်လုပ်ရေး၊ ရောင်းဝယ်ရေး၊ ဖြန့်ဖြူးရေး စသည့် အသင်းများက တက်ရောက်ကာ ဖြေရှင်းဆောင်ရွက်ရန်အတွက် ကတိကဝတ်ပြုသွားကြောင်း သိရသည်။

zawgyi version
မႏၲေလးႏွင့္စစ္ကိုင္းစသည့္ ငလ်င္ေဘးသင့္ေဒသမ်ားသို႔ သြားေရာက္ကာ ျပည္သူမ်ား၏ အသံနားေထာင္ရန္ ဆုံးျဖတ္ထား

ေစာ(NP News)- ေမ ၃၁

ငလ်င္ေဘးသင့္ခဲ့ေသာ မႏၲေလးႏွင့္ စစ္ကိုင္းစသည့္ ေဒသမ်ားသို႔ သြားေရာက္ကာ ျပည္သူမ်ား၏ အသံကို နားေထာင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအ့ဒါ႐ိုက္တာ၊ ေဒါက္တာ ေဇာ္ဦးက ယေန႔ ေမလ (၃၁)ရက္တြင္ ‎ငလ်င္အလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးခ်က္မ်ားအေပၚ အႏွစ္ခ်ဳပ္သုံးသပ္ေဆြးေႏြးျခင္းတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအႏွစ္ခ်ဳပ္သုံးသပ္ေဆြးေႏြးပြဲတြင္ သက္ဆိုင္ရာကုန္သည္စက္မႈအသင္းခ်ဳပ္၊ ညီေနာင္အသင္းမ်ားက စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑၊ ေဆာက္လုပ္ေရးက႑၊ စက္မႈကုန္ထုတ္က႑အပါအဝင္ စီးပြားေရးအရ နစ္နာဆုံးရႈံးခဲ့ေသာ ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ ဖိုရမ္ သုံးခုထက္မနည္း ေဆာင္႐ြက္သြားမည္ကို ဆုံးျဖတ္ထားေၾကာင္း ၎ကဆိုသည္။

“မႏၲေလးနဲ႔စစ္ကိုင္းလိုေနရာမ်ိဳးမွာ ငလ်င္ေဘးသင့္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔ပါသြားၿပီးေတာ့ ျပည္သူေတြနဲ႔အတူၾကားမွာ ျပည္သူေတြရဲ႕ အသံနားေထာင္ဖို႔ မႏၲေလးမွာလည္း ဖိုရမ္တစ္ခုဆက္လုပ္ဖို႔ စဥ္းစားျဖစ္ပါတယ္။ ဆုံးလည္းဆုံးျဖတ္ထားပါတယ္။ သက္ဆိုင္ရာ အသင္းအဖြဲ႕ေတြက ဆက္ၿပီးေဆာင္႐ြက္သြားဖို႔ ျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

ထို႔ျပင္ ေငြေရးေၾကးေရးက႑၊ ေဆာက္လုပ္ေရးက႑ႏွင့္ ကုန္သြယ္မႈက႑ စသည့္တို႔ကို စီမံခန႔္ခြဲေနေသာ ဌာနမ်ားကလည္း ငလ်င္ေဘးသင့္သူမ်ားတြက္ သက္သာေခ်ာင္ခ်ိေရး ႏွင့္ လိုအပ္ေနေသာ အကူအညီမ်ား အျမန္ဆုံးရရွိေရးႏွင့္ပတ္သက္၍ ေဆြးေႏြးျဖစ္ေၾကာင္း သိရသည္။

“ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကုန္သြယ္မႈေတြဆိုင္ရာ ဝန္ေဆာင္မႈေတြမ်ားမ်ားေပးဖို႔ ၊ အဲဒါနဲ႔ပတ္သတ္ၿပီး ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ဖို႔ဆိုၿပီးေတာ့ ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့ လမ္းၫႊန္မႈအတိုင္းပဲ အခုေလာေလာဆယ္မွာလည္း ပို႔ကုန္လုပ္ႏိုင္တဲ့ အေျခခံသားငါးလယ္ယာကလည္း ဆက္ၿပီး ပံ့ပိုးေပးဖို႔လိုေနတယ္ဆိုေတာ့ ဒါကိုကြၽန္ေတာ္တို႔ လယ္ယာသားငါးက႑မွာရွိေနတဲ့ ပံ့ပိုးေပးရမဲ့၊ ကူညီေျဖရွင္းေပးရမဲ့ ကိစၥေတြ ျမန္ျမန္ေလးေဆာင္႐ြက္လိုက္ျခင္းအားျဖင့္ သူတို႔ဆီကရလာမဲ့ ပို႔ကုန္ေတြကလည္း အျမန္ဆုံးျမႇင့္တင္ေဆာင္႐ြက္ႏိုင္မယ္”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ သြင္းကုန္ႏွင့္ပတ္သက္ေသာ စက္မႈကုန္ထုတ္လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ သက္ဆိုင္ရာ ညီေနာင္အသင္းမ်ားက လိုအပ္ခ်က္မ်ားအေပၚတြင္ တာဝန္ခံကာ ေရာင္းဝယ္ေပးျခင္း၊ ျဖန႔္ျဖဴးေပးျခင္းႏွင့္ လိုအပ္သူမ်ား တိုက္႐ိုက္သုံးစြဲႏိုင္ေစရန္ သက္ဆိုင္ရာဝန္ႀကီးဌာနႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားမည့္ အစီအစဥ္ကိုလည္း ဆုံးျဖတ္ထားေၾကာင္း သိရသည္။

အဆိုပါေဆာက္လုပ္ေရးက႑တြင္ ေဆာက္လုပ္ေရးအသင္းသာမက အင္ဂ်င္နီယာအသင္း၊ သံႏွင့္သံမဏိထုတ္လုပ္ေရး၊ ေရာင္းဝယ္ေရး၊ ျဖန႔္ျဖဴးေရး စသည့္ အသင္းမ်ားက တက္ေရာက္ကာ ေျဖရွင္းေဆာင္႐ြက္ရန္အတြက္ ကတိကဝတ္ျပဳသြားေၾကာင္း သိရသည္။

လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.