ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သားများကို သူရဲကောင်းဆုများ ချီးမြှင့်

 128

ဂျန်ဇက် (NP News) - သြဂုတ် ၂၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ယူကရိန်းနဲ့ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ရုရှားဘက် ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေကို သူရဲကောင်းဆုများ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအမ်က ရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေကို သမိုင်းဝင်စစ်သားတွေ အဖြစ် ချီးကျူးပြောဆိုခဲ့ပြီး တိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့မိသားစုတွေ သားသမီးတွေကိုလည်း ဖခင်ဖြစ်သူ ကိုယ်စား ဆုများချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က “ပြည်ပစစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီယားစစ်သားတွေဟာ သမိုင်းဝင်မြောက်ကိုရီးယားစစ်တပ်ရဲ့စွမ်းအားနဲ့အင်အားကို နောင်တရမရှိဘူးဆိုတာကို သက်သေပြခဲ့တယ်။ ယူကရိန်းပိုင်နက် Kursk" ဒေသကို ရုရှားနိုင်ငံက သိမ်းယူနိုင်အောင် မြောက်ကိုရီးယားစစ်သားတွေက သူရဲကောင်းစိတ်အပြည့်နဲ့တိုက်ခိုက်ပေးခဲ့တယ်။ Kursk" ဒေသလွှတ်မြောက်ခြင်းဟာ မြောက်ကိုရီးယားစစ်သား တွေရဲ့သူရဲကောင်းစိတ်ကို သက်သေပြလိုက်တာလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရုရှားစစ်တပ်အတွက် ပါဝင်တိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သားတွေ ပြန်လည်ရုတ်သိမ်းခြင်းရှိ/မရှိ ဆိုတဲ့အချက်ကို အတိအကျမသိရသေးပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင်ကတော့ အောင်ပွဲနဲ့အတူ အဆုံးသတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းနဲ့ဖြစ်ပွားတဲ့စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ရုရှားနိုင်ငံကို တပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော် ပေးပို့စေလွှတ်ခဲ့ပြီး ၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲမွာ ပါဝင္တိုက္ခိုက္ခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားမ်ားကို သူရဲေကာင္းဆုမ်ား ခ်ီးျမႇင့္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ ယူကရိန္းနဲ႔႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း ႐ုရွားဘက္ ကေန ပါဝင္တိုက္ခိုက္ေပးခဲ့တဲ့ေျမာက္ကိုရီးယားစစ္သားေတြကို သူရဲေကာင္းဆုမ်ား ခ်ီးျမႇင့္ေပးခဲ့တယ္လို႔ သိရပါတယ္။
ကင္ဂ်ဳံအမ္က ႐ုရွားဘက္က ပါဝင္တိုက္ခိုက္ေပးခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားေတြကို သမိုင္းဝင္စစ္သားေတြ အျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး တိုက္ပြဲမွာ က်ဆုံးသြားသူေတြရဲ႕မိသားစုေတြ သားသမီးေတြကိုလည္း ဖခင္ျဖစ္သူ ကိုယ္စား ဆုမ်ားခ်ီးျမႇင့္ခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္က “ျပည္ပစစ္ပြဲေတြမွာ ပါဝင္တိုက္ခိုက္ေပးခဲ့တဲ့ ေျမာက္ကိုရီယားစစ္သားေတြဟာ သမိုင္းဝင္ေျမာက္ကိုရီးယားစစ္တပ္ရဲ႕စြမ္းအားနဲ႔အင္အားကို ေနာင္တရမရွိဘူးဆိုတာကို သက္ေသျပခဲ့တယ္။ ယူကရိန္းပိုင္နက္ Kursk" ေဒသကို ႐ုရွားႏိုင္ငံက သိမ္းယူႏိုင္ေအာင္ ေျမာက္ကိုရီးယားစစ္သားေတြက သူရဲေကာင္းစိတ္အျပည့္နဲ႔တိုက္ခိုက္ေပးခဲ့တယ္။ Kursk" ေဒသလႊတ္ေျမာက္ျခင္းဟာ ေျမာက္ကိုရီးယားစစ္သား ေတြရဲ႕သူရဲေကာင္းစိတ္ကို သက္ေသျပလိုက္တာလည္းျဖစ္ပါတယ္” လို႔ ေျပာပါတယ္။
႐ုရွားစစ္တပ္အတြက္ ပါဝင္တိုက္ခိုက္ေပးေနတဲ့ေျမာက္ကိုရီးယားစစ္သားေတြ ျပန္လည္႐ုတ္သိမ္းျခင္းရွိ/မရွိ ဆိုတဲ့အခ်က္ကို အတိအက်မသိရေသးပါဘူး။ ေျမာက္ကိုရီးယားေခါင္းေဆာင္ကေတာ့ ေအာင္ပြဲနဲ႔အတူ အဆုံးသတ္ ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ယူကရိန္းနဲ႔ျဖစ္ပြားတဲ့စစ္ပြဲမွာ ပါဝင္တိုက္ခိုက္ဖို႔ ႐ုရွားႏိုင္ငံကို တပ္ဖြဲ႕ဝင္ ၁၅၀၀၀ ေက်ာ္ ေပးပို႔ေစလႊတ္ခဲ့ၿပီး ၅၀၀ ေက်ာ္ က်ဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.