အချုပ်အခြာတည်တန့်ခိုင်မြဲရေးအတွက် ပုဂ္ဂလိကတို့အား တပ်မတော် ကျေးဇူးတင်ရှိ

548

Htay Oung (NP News) - သြဂုတ် ၂၄
(RTA) ခေါ် ထိုင်းတော်ဝင်တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်အားလုံးရဲ့ ယူနီဖောင်းများမှာ ထိုင်းနိုင်ငံတော်အလံကို ချုပ်ပိုး ဝတ်ဆင်ကြရန်အတည်ပြုလိုက်ကြောင်း၊ လေ့ကျင့်ရေးနဲ့ မြေပြင်တာဝန်ထမ်းဆောင်စဉ် ယူနီဖောင်းရဲ့ လက်ဝဲပုခုံးထက်မှာ ဝတ်ဆင်ကြရန် ခွင့်ပြုထားပြီး နယ်စပ် အခြေအနေများ ပုံမှန်ပြန်လည် ကောင်းမွန်လာသည် အထိ ဖြစ်ကြောင်း သိရှိရတယ်လို့ ဘန်ကောက်အခြေစိုက် “နေးရှင်း” က သြဂုတ်လ ၂၂ ရက်မှာ ရေးသားခဲ့ပါတယ်။
အဆိုပါကိစ္စကို RTA ပြောရေးဆိုခွင့်ရှိသူအဖွဲ့၊ အရပ်ဘက်ရေးရာညွှန်ကြားမှုဌာန၊ အများပြည်သူဆိုင်ရာဌာနရဲ့ Facebook စာမျက်နှာမှာ ဩဂုတ်လ ၂၂ ရက် သောကြာနေ့က ဖော်ပြထားပါတယ်။
ထိုင်း အရာရှိစစ်သည်များအနေနဲ့ အဲဒီအမှတ်အသားကို လေးစားထိန်းသိမ်းရန် အသင့်ရှိကြောင်း၊ စစ်သည် တော်တို့ရဲ့ပခုံးပေါ်ရှိ သုံးရောင်ခြယ်အမှတ်အသားဟာ နိုင်ငံတော်အတွက် ခိုင်မာတဲ့ စိတ်နှလုံးပင်ဖြစ်ကြောင်း၊ ထိုင်းစစ်သည်တော်တို့ရဲ့ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုပြီး မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်မှုနဲ့ သစ္စာစောင့် သိမှုတို့ကို တိုးပွားစေကြောင်း၊ စစ်သည်တော်တိုင်းရဲ့ဖြောင့်မတ်မှန်ကန်မှုနဲ့ သိက္ခာအဆင့်အတန်းကို ထင်ဟပ်စေ တယ်လို့ ရေးသားထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရာစုနှစ်နီးပါး နယ်ခြားဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပေမယ့် ခရီးသွား လုပ်ငန်းကို အကြောင်းပြုပြီး လတ်တလောနှစ်များမှာ ဆက်ဆံရေးတိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ပရာ့ရ် ဝိဟာဘုရားကျောင်းကိစ္စ၊ ထိုင်းဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ရဲ့ ဖုန်းဆက်သွယ်မှု အသံ ဖိုင်ပေါက်ကြားခြင်းကိစ္စတို့ဟာ နှစ်ဘက်အသီးသီးရှိ အမျိုးသားရေးဝါဒီတို့ရဲ့ သွေးများကို ဆူပွက်စေပြီး ဇူလိုင် ၂၄ ရက်မှာတော့ စစ်ရေးထိပ်တိုက်တွေ့မှုများအထိ ပြင်းထန်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်မှ ဒုံးကျည်များ နဲ့ပစ်ခတ်မှုကြောင့် ထိုင်းဘက်မှာ လူ ၁၄ ဦး သေဆုံးရပြီး ထိုင်းဘက်ကလည်း လေကြောင်းတိုက် ခိုက်မှုများနဲ့ တုန့်ပြန်ခဲ့တဲ့အတွက် သူတို့ဘက်မှာ ၁၃ ဦး သေဆုံးတယ်လို့ ဖနွမ်းပင်က ပြောပါတယ်။ လွန်ခဲ့တဲ့ မတ်လ ကမ္ဘောဒီးယား စစ်သားတစ်ဦးသေဆုံးမှုမှာ အဟောင်းများ အသစ်ဖြစ်ရပြီး နယ်စပ်ကျူးကျော်မှုများ မြေမြှုပ် မိုင်းပေါက်ကွဲမှုများနဲ့ ဆက်လက်အရှိန်မြင့်လာခြင်း ဖြစ်ပါတယ်။
စုစုပေါင်း ၃၃ ဦးထက်မနည်း သေဆုံးလာခဲ့ရပြီး လူပေါင်း ၁၄၀,၀၀၀ ခန့် ဘေးလွတ်ရာရွှေပြောင်းခဲ့ရတဲ့ အရှေ့ တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား ၅ ရက်ကြာ စစ်ရေးပဋိပက္ခဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် စိုးရိမ်ဖွယ်ဖြစ်စေပြီး အရပ်သားများထိခိုက်မှုနဲ့ စီးပွားရေးအကြပ်အတည်းများကို ဦးတည်စေပါတယ်။
နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ အမြန်ဆုံးစတင်ရန် တရုတ်နဲ့ မြန်မာအပါအဝင် မိတ်ဆွေနိုင်ငံများရဲ့တိုက်တွန်းမှု၊ အမေရိကန်ရဲ့ကုန်သွယ်ရေးအကြပ်ကိုင်မှုနဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုဖြင့် ဇူလိုင်လ ၃ဝ ရက်မှာ အပစ်အခတ် စတင်ရပ်စဲကြရန် နှစ်နိုင်ငံသဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် နယ်ခြား တစ်လျှောက် နှစ်ဖက်ကြိုကြားကြိုကြားပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း၊ ကျူးကျော်ရန်ပြင်ဆင်ကြောင်း အပြန်အလှန်စွပ်စွဲနေကြဆဲဖြစ်ပါတယ်။
ဒစ်ဂျစ်တ်မီဒီယာကွန်ရက်များပေါ်မှာ ထိုင်းနိုင်ငံတော်အလံပုံကို မျှဝေခြင်းဖြင့် တိုင်းပြည်အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး-ကာကွယ်စောင့်ရှောက်ရေး ပံ့ပိုးကူညီတဲ့အတွက် ပုဂ္ဂလိကတို့အား ကျေးဇူးတင်ရှိကြောင်း ထိုင်းတော်ဝင်တပ်မတော်က ပြောဆိုတယ်လို့ ဇူလိုင် ၃၀-ရက် နေရှင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။
နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ တက်ကြွစွာပံ့ပိုးပေးမှုအတွက် “Plan B Media” “BTS Group Holdings” နဲ့ “VGI” အား ကျေးဇူးတင်ရှိကြောင်း ထိုင်းတော်ဝင်တပ်မတော် ဒုတိယပြောရေးဆိုခွင့်ရှိသူ က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီသုံးခုတို့ဟာ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ဒစ်ဂျစ်တယ်ကြော်ငြာကွန်ရက်များပေါ်မှာ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ထိုင်းနိုင်ငံတော်အလံကို လွှင့်ထူပြသရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ယခုလို ပူးပေါင်းဆောင်ရွက်မှုဟာ မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး မျှဝေကတိကဝတ်ပြုရာမှာ လူ့အဖွဲ့အစည်းဝင်အားလုံးနဲ့အတူ ပုဂ္ဂလိက ကဏ္ဍရဲ့စွမ်းအားကို မီးမောင်းထိုးပြခဲ့တယ်လို့ နေရှင်းက ရေးပါတယ်။
(အလားတူကိစ္စမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းမြန်မာ နယ်စပ်ရှိ အရေးပါ တောင်ကုန်းကိစ္စမှာ တစ်ဖက်နိုင်ငံရဲ့ စစ်အင်အားဆောင်ရွက်မှုမှာ တိုင်းပြည်အပေါ် ရန်စ စော်ကားရာ ရောက်ရှိတဲ့ ရန်ကုန်မြို့အနှံ့ အပြား နိုင်ငံတော်အလံကို လွှင့်ထူခြင်းဖြင့် ပြည်သူတို့က တုန့်ပြန်ခဲ့ကြပါတယ်။ ဦးသန်းရွှေအစိုးရလက်ထက် ဖြစ်ရပ်ဟာ နှစ်ဖက်ဆွေးနွေးခြင်းဖြင့် ညှိနှိုင်းခဲ့ကြောင်း သိရှိရပါတယ်။
၎င်းမတိုင်မီ စစ်ကြေညာတဲ့အထိ ဆောင်ရွက်သင့်ကြောင်း ပြောဆိုသူ တြိဂံဒေသ တိုင်းမှူးမှာ နောင်နိုင်ငံတော် သမ္မတကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လွတ်လပ်ရေးရရပြီးနောက်ပိုင်း ယခုအချိန်ထိ မြန်မာ့သမိုင်းမှာ အမြင့် ဆုံး ဂျီဒီပီရရှိအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။သတင်းဘာသာပြန်သူ)
#HtayOung #OungMarine

Zawgyi Version:
အခ်ဳပ္အျခာတည္တန႔္ခိုင္ၿမဲေရးအတြက္ ပုဂၢလိကတို႔အား တပ္မေတာ္ ေက်းဇူးတင္ရွိ
Htay Oung (NP News) - ၾသဂုတ္ ၂၄
(RTA) ေခၚ ထိုင္းေတာ္ဝင္တပ္မေတာ္ တပ္ရင္းတပ္ဖြဲ႕ဝင္အားလုံးရဲ႕ ယူနီေဖာင္းမ်ားမွာ ထိုင္းႏိုင္ငံေတာ္အလံကို ခ်ဳပ္ပိုး ဝတ္ဆင္ၾကရန္အတည္ျပဳလိုက္ေၾကာင္း၊ ေလ့က်င့္ေရးနဲ႔ ေျမျပင္တာဝန္ထမ္းေဆာင္စဥ္ ယူနီေဖာင္းရဲ႕ လက္ဝဲပုခုံးထက္မွာ ဝတ္ဆင္ၾကရန္ ခြင့္ျပဳထားၿပီး နယ္စပ္ အေျခအေနမ်ား ပုံမွန္ျပန္လည္ ေကာင္းမြန္လာသည္ အထိ ျဖစ္ေၾကာင္း သိရွိရတယ္လို႔ ဘန္ေကာက္အေျခစိုက္ “ေနးရွင္း” က ၾသဂုတ္လ ၂၂ ရက္မွာ ေရးသားခဲ့ပါတယ္။
အဆိုပါကိစၥကို RTA ေျပာေရးဆိုခြင့္ရွိသူအဖြဲ႕၊ အရပ္ဘက္ေရးရာၫႊန္ၾကားမႈဌာန၊ အမ်ားျပည္သူဆိုင္ရာဌာနရဲ႕ Facebook စာမ်က္ႏွာမွာ ဩဂုတ္လ ၂၂ ရက္ ေသာၾကာေန႔က ေဖာ္ျပထားပါတယ္။
ထိုင္း အရာရွိစစ္သည္မ်ားအေနနဲ႔ အဲဒီအမွတ္အသားကို ေလးစားထိန္းသိမ္းရန္ အသင့္ရွိေၾကာင္း၊ စစ္သည္ ေတာ္တို႔ရဲ႕ပခုံးေပၚရွိ သုံးေရာင္ျခယ္အမွတ္အသားဟာ ႏိုင္ငံေတာ္အတြက္ ခိုင္မာတဲ့ စိတ္ႏွလုံးပင္ျဖစ္ေၾကာင္း၊ ထိုင္းစစ္သည္ေတာ္တို႔ရဲ႕ကိုယ္ပိုင္လကၡဏာကို ကိုယ္စားျပဳၿပီး မ်ိဳးခ်စ္စိတ္၊ စည္းလုံးညီၫြတ္မႈနဲ႔ သစၥာေစာင့္ သိမႈတို႔ကို တိုးပြားေစေၾကာင္း၊ စစ္သည္ေတာ္တိုင္းရဲ႕ေျဖာင့္မတ္မွန္ကန္မႈနဲ႔ သိကၡာအဆင့္အတန္းကို ထင္ဟပ္ေစ တယ္လို႔ ေရးသားထားပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔အၾကား ရာစုႏွစ္နီးပါး နယ္ျခားဆိုင္ရာ အျငင္းပြားမႈေတြ ရွိေနေပမယ့္ ခရီးသြား လုပ္ငန္းကို အေၾကာင္းျပဳၿပီး လတ္တေလာႏွစ္မ်ားမွာ ဆက္ဆံေရးတိုးတက္ခဲ့ပါတယ္။ ဒါေပမယ့္ အထူးသျဖင့္ ပရာ့ရ္ ဝိဟာဘုရားေက်ာင္းကိစၥ၊ ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းတို႔ရဲ႕ ဖုန္းဆက္သြယ္မႈ အသံ ဖိုင္ေပါက္ၾကားျခင္းကိစၥတို႔ဟာ ႏွစ္ဘက္အသီးသီးရွိ အမ်ိဳးသားေရးဝါဒီတို႔ရဲ႕ ေသြးမ်ားကို ဆူပြက္ေစၿပီး ဇူလိုင္ ၂၄ ရက္မွာေတာ့ စစ္ေရးထိပ္တိုက္ေတြ႕မႈမ်ားအထိ ျပင္းထန္လာခဲ့ပါတယ္။ ကေမာၻဒီးယားဘက္မွ ဒုံးက်ည္မ်ား နဲ႔ပစ္ခတ္မႈေၾကာင့္ ထိုင္းဘက္မွာ လူ ၁၄ ဦး ေသဆုံးရၿပီး ထိုင္းဘက္ကလည္း ေလေၾကာင္းတိုက္ ခိုက္မႈမ်ားနဲ႔ တုန႔္ျပန္ခဲ့တဲ့အတြက္ သူတို႔ဘက္မွာ ၁၃ ဦး ေသဆုံးတယ္လို႔ ဖႏြမ္းပင္က ေျပာပါတယ္။ လြန္ခဲ့တဲ့ မတ္လ ကေမာၻဒီးယား စစ္သားတစ္ဦးေသဆုံးမႈမွာ အေဟာင္းမ်ား အသစ္ျဖစ္ရၿပီး နယ္စပ္က်ဴးေက်ာ္မႈမ်ား ေျမျမႇဳပ္ မိုင္းေပါက္ကြဲမႈမ်ားနဲ႔ ဆက္လက္အရွိန္ျမင့္လာျခင္း ျဖစ္ပါတယ္။
စုစုေပါင္း ၃၃ ဦးထက္မနည္း ေသဆုံးလာခဲ့ရၿပီး လူေပါင္း ၁၄၀,၀၀၀ ခန႔္ ေဘးလြတ္ရာေ႐ႊေျပာင္းခဲ့ရတဲ့ အေရွ႕ ေတာင္အာရွအိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား ၅ ရက္ၾကာ စစ္ေရးပဋိပကၡဟာ ေဒသတြင္း တည္ၿငိမ္ေရးအတြက္ စိုးရိမ္ဖြယ္ျဖစ္ေစၿပီး အရပ္သားမ်ားထိခိုက္မႈနဲ႔ စီးပြားေရးအၾကပ္အတည္းမ်ားကို ဦးတည္ေစပါတယ္။
ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးမႈမ်ား အျမန္ဆုံးစတင္ရန္ တ႐ုတ္နဲ႔ ျမန္မာအပါအဝင္ မိတ္ေဆြႏိုင္ငံမ်ားရဲ႕တိုက္တြန္းမႈ၊ အေမရိကန္ရဲ႕ကုန္သြယ္ေရးအၾကပ္ကိုင္မႈနဲ႔ အာဆီယံအလွည့္က်ဥကၠဌ မေလးရွားႏိုင္ငံရဲ႕ၾကားဝင္ေစ့စပ္မႈျဖင့္ ဇူလိုင္လ ၃ဝ ရက္မွာ အပစ္အခတ္ စတင္ရပ္စဲၾကရန္ ႏွစ္ႏိုင္ငံသေဘာတူခဲ့ၾကပါတယ္။ ဒါေပမယ့္ နယ္ျခား တစ္ေလွ်ာက္ ႏွစ္ဖက္ႀကိဳၾကားႀကိဳၾကားပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေၾကာင္း၊ က်ဴးေက်ာ္ရန္ျပင္ဆင္ေၾကာင္း အျပန္အလွန္စြပ္စြဲေနၾကဆဲျဖစ္ပါတယ္။
ဒစ္ဂ်စ္တ္မီဒီယာကြန္ရက္မ်ားေပၚမွာ ထိုင္းႏိုင္ငံေတာ္အလံပုံကို မွ်ေဝျခင္းျဖင့္ တိုင္းျပည္အခ်ဳပ္အျခာအာဏာ တည္တန႔္ခိုင္ၿမဲေရး-ကာကြယ္ေစာင့္ေရွာက္ေရး ပံ့ပိုးကူညီတဲ့အတြက္ ပုဂၢလိကတို႔အား ေက်းဇူးတင္ရွိေၾကာင္း ထိုင္းေတာ္ဝင္တပ္မေတာ္က ေျပာဆိုတယ္လို႔ ဇူလိုင္ ၃၀-ရက္ ေနရွင္းသတင္းစာက ေဖာ္ျပခဲ့ပါတယ္။
ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ကာကြယ္ရာမွာ တက္ႂကြစြာပံ့ပိုးေပးမႈအတြက္ “Plan B Media” “BTS Group Holdings” နဲ႔ “VGI” အား ေက်းဇူးတင္ရွိေၾကာင္း ထိုင္းေတာ္ဝင္တပ္မေတာ္ ဒုတိယေျပာေရးဆိုခြင့္ရွိသူ က ဗုဒၶဟူးေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါ ကုမၸဏီသုံးခုတို႔ဟာ ထိုင္းႏိုင္ငံတစ္ဝွမ္းရွိ ဒစ္ဂ်စ္တယ္ေၾကာ္ျငာကြန္ရက္မ်ားေပၚမွာ ေန႔စဥ္ နံနက္ ၈ နာရီမွ ညေန ၆ နာရီအထိ ထိုင္းႏိုင္ငံေတာ္အလံကို လႊင့္ထူျပသရန္ ပူးေပါင္းေဆာင္႐ြက္ခဲ့ပါတယ္။
ယခုလို ပူးေပါင္းေဆာင္႐ြက္မႈဟာ မ်ိဳးခ်စ္စိတ္၊ စည္းလုံးညီၫြတ္ေရးနဲ႔ တိုင္းျပည္အက်ိဳးစီးပြားကို ကာကြယ္ ေစာင့္ေရွာက္ေရး မွ်ေဝကတိကဝတ္ျပဳရာမွာ လူ႔အဖြဲ႕အစည္းဝင္အားလုံးနဲ႔အတူ ပုဂၢလိက က႑ရဲ႕စြမ္းအားကို မီးေမာင္းထိုးျပခဲ့တယ္လို႔ ေနရွင္းက ေရးပါတယ္။
(အလားတူကိစၥမ်ိဳး ျမန္မာႏိုင္ငံမွာလည္း ျဖစ္ခဲ့ဖူးပါတယ္။ ထိုင္းျမန္မာ နယ္စပ္ရွိ အေရးပါ ေတာင္ကုန္းကိစၥမွာ တစ္ဖက္ႏိုင္ငံရဲ႕ စစ္အင္အားေဆာင္႐ြက္မႈမွာ တိုင္းျပည္အေပၚ ရန္စ ေစာ္ကားရာ ေရာက္ရွိတဲ့ ရန္ကုန္ၿမိဳ႕အႏွံ႔ အျပား ႏိုင္ငံေတာ္အလံကို လႊင့္ထူျခင္းျဖင့္ ျပည္သူတို႔က တုန႔္ျပန္ခဲ့ၾကပါတယ္။ ဦးသန္းေ႐ႊအစိုးရလက္ထက္ ျဖစ္ရပ္ဟာ ႏွစ္ဖက္ေဆြးေႏြးျခင္းျဖင့္ ညႇိႏႈိင္းခဲ့ေၾကာင္း သိရွိရပါတယ္။
၎မတိုင္မီ စစ္ေၾကညာတဲ့အထိ ေဆာင္႐ြက္သင့္ေၾကာင္း ေျပာဆိုသူ ႀတိဂံေဒသ တိုင္းမႉးမွာ ေနာင္ႏိုင္ငံေတာ္ သမၼတႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး လြတ္လပ္ေရးရရၿပီးေနာက္ပိုင္း ယခုအခ်ိန္ထိ ျမန္မာ့သမိုင္းမွာ အျမင့္ ဆုံး ဂ်ီဒီပီရရွိေအာင္ ေဆာင္က်ဥ္းေပးႏိုင္ခဲ့ပါတယ္။သတင္းဘာသာျပန္သူ)
#HtayOung #OungMarine