မန္တလေးငလျင်နှင့်ပက်သက်၍ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း သုတေသန ပြုလုပ်မည်

340
Pearl (NP News) - ဇွန် ၂
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းသည် မန္တလေး ငလျင် နှင့်ပက်သက်၍ လေ့လာတိုင်းတာရေးနှင့် သုတေသန လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသနလုပ်ငန်းများကို အထူးလုပ်ငန်းကော်မတီ ( Working Committee) ဖွဲ့၍ ဆောင်ရွက်မည်ဖြစ်ပြီး လက်တွေ့ပါဝင်ဆောင်ရွက်နိုင်မည့် ဘူမိဗေဒ ဘွဲ့ရများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဖွဲ့ဝင်အဖြစ်အဆိုပြုလွှာလျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ အသင်းဝင်ဖြစ်ရန်လိုအပ်ပြီး အသင်းဝင်မဖြစ်သေးပါက လျှောက်ထားနိုင်ကြောင်းလည်းသိရသည်။
ထို့ပြင် ပါတီ နိုင်ငံရေး ကိစ္စအဝဝ ကင်းရှင်းသူ ဖြစ်ရန် နှင့် လိုအပ်ပါက ရက်တို / ရက်ရှည် ကွင်းဆင်းသွားလာနိုင်သူဖြစ်ရန် လိုအပ်ကြောင်းလည်း သိရသည်။
အဆိုပါ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း အလုပ်အမှုဆောင်အဖွဲ့အား တာဝန်ခံရမည်ဖြစ်ကာ
လျှောက်ထားလိုသူများသည် လာမည့် ဇွန်လ (၄)ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ Google Form မှတဆင့်ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
မႏၲေလးငလ်င္ႏွင့္ပက္သက္၍ ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း သုေတသန ျပဳလုပ္မည္
Pearl (NP News) - ဇြန္ ၂
ျမန္မာႏိုင္ငံဘူမိသိပၸံအသင္းသည္ မႏၲေလး ငလ်င္ ႏွင့္ပက္သက္၍ ေလ့လာတိုင္းတာေရးႏွင့္ သုေတသန လုပ္ငန္းမ်ားကို က်ယ္ျပန္႔စြာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သုေတသနလုပ္ငန္းမ်ားကို အထူးလုပ္ငန္းေကာ္မတီ ( Working Committee) ဖြဲ႕၍ ေဆာင္႐ြက္မည္ျဖစ္ၿပီး လက္ေတြ႕ပါဝင္ေဆာင္႐ြက္ႏိုင္မည့္ ဘူမိေဗဒ ဘြဲ႕ရမ်ားအား ဖိတ္ေခၚထားေၾကာင္း သိရသည္။
အဖြဲ႕ဝင္အျဖစ္အဆိုျပဳလႊာေလွ်ာက္ထားသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း၏ အသင္းဝင္ျဖစ္ရန္လိုအပ္ၿပီး အသင္းဝင္မျဖစ္ေသးပါက ေလွ်ာက္ထားႏိုင္ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ပါတီ ႏိုင္ငံေရး ကိစၥအဝဝ ကင္းရွင္းသူ ျဖစ္ရန္ ႏွင့္ လိုအပ္ပါက ရက္တို / ရက္ရွည္ ကြင္းဆင္းသြားလာႏိုင္သူျဖစ္ရန္ လိုအပ္ေၾကာင္းလည္း သိရသည္။
အဆိုပါ လုပ္ငန္းအဖြဲ႕သည္ ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း အလုပ္အမႈေဆာင္အဖြဲ႕အား တာဝန္ခံရမည္ျဖစ္ကာ
ေလွ်ာက္ထားလိုသူမ်ားသည္ လာမည့္ ဇြန္လ (၄)ရက္ေန႔ ညေန (၄) နာရီ ေနာက္ဆုံးထား၍ Google Form မွတဆင့္ျဖည့္သြင္း ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။