ဂျပန်နိုင်ငံမှာ လူသားအဝတ်လျှော်စက် စတင် ရောင်းချ

3637

ရောင်နီ (NP News) - ဒီဇင်ဘာ ၇
ဂျပန်နိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ World Expo 2025 ပွဲမှာ လူသားကိုယ်တိုင် စက်အတွင်း ဝင်ရောက်အသုံးပြုနိုင်တဲ့ လူသားအဝတ်လျှော်စက်ကို စတင်ရောင်းချခဲ့ပြီး လာရောက်လည်ပတ်ကြည့်ရှုသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
အဲဒီစက်ကြီးဟာ ရိုးရိုးအဝတ်လျှော်စက်တွေလို စက်ဝိုင်းပုံ လည်ပတ်နေတာမျိုး မဟုတ်ပေမယ့် အသုံးပြုသူ ဟာ စက်ထဲ လဲလျောင်းပြီး အဖုံးကိုပိတ်လိုက်တာနဲ့ သန့်ရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစက်ကြီးကို လာရောက် ကြည့်ရှုသူ လူ ၂၇ သန်းကျော်ထိ ရှိခဲ့ပါတယ်။ လူသားအဝတ်လျှော်စက်ကို ဂျပန်ကုမ္ပဏီ Science မှ ထုတ်လုပ်ထား တာဖြစ်ပြီး ၁၉၇၀ ခုနှစ်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ပြပွဲမှာ ပြသခဲ့တဲ့ ထုတ်ကုန် တစ်ခုကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပါတယ်။ စက်ဟာ ခန္ဓာကိုယ်ကိုသာမက အသုံးပြုသူတွေရဲ့ နှလုံးခုန်နှုန်းနဲ့ အခြားအရေးကြီး လက္ခဏာတွေကိုလည်း စမ်းသပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အိုဆာကာရှိ ဟိုတယ်တစ်ခုက စက်ကို ပထမဆုံး ဝယ်ယူခဲ့ပြီး ဟိုတယ်ဧည့်သည်တွေကို ဝန်ဆောင်မှု ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရ စက်ရဲ့လက်လီဈေးနှုန်းဟာ ယန်း သန်း ၆ဝ (စင်ကာပူဒေါ်လာ ၄၉၈,၀၀၀) ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ လူသားအဝတ္ေလွ်ာ္စက္ စတင္ ေရာင္းခ်
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇
ဂ်ပန္ႏိုင္ငံမွာ ႏိုဝင္ဘာ ၂၈ ရက္က ျပဳလုပ္တဲ့ World Expo 2025 ပြဲမွာ လူသားကိုယ္တိုင္ စက္အတြင္း ဝင္ေရာက္အသုံးျပဳႏိုင္တဲ့ လူသားအဝတ္ေလွ်ာ္စက္ကို စတင္ေရာင္းခ်ခဲ့ၿပီး လာေရာက္လည္ပတ္ၾကည့္ရႈသူေတြကို အံ့အားသင့္ေစခဲ့ပါတယ္။
အဲဒီစက္ႀကီးဟာ ႐ိုး႐ိုးအဝတ္ေလွ်ာ္စက္ေတြလို စက္ဝိုင္းပုံ လည္ပတ္ေနတာမ်ိဳး မဟုတ္ေပမယ့္ အသုံးျပဳသူ ဟာ စက္ထဲ လဲေလ်ာင္းၿပီး အဖုံးကိုပိတ္လိုက္တာနဲ႔ သန႔္ရွင္းေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒီစက္ႀကီးကို လာေရာက္ ၾကည့္ရႈသူ လူ ၂၇ သန္းေက်ာ္ထိ ရွိခဲ့ပါတယ္။ လူသားအဝတ္ေလွ်ာ္စက္ကို ဂ်ပန္ကုမၸဏီ Science မွ ထုတ္လုပ္ထား တာျဖစ္ၿပီး ၁၉၇၀ ခုႏွစ္က ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕မွာ ေနာက္ဆုံးအႀကိမ္ က်င္းပခဲ့တဲ့ျပပြဲမွာ ျပသခဲ့တဲ့ ထုတ္ကုန္ တစ္ခုကို အဆင့္ျမႇင့္တင္ထားျခင္းျဖစ္ပါတယ္။ စက္ဟာ ခႏၶာကိုယ္ကိုသာမက အသုံးျပဳသူေတြရဲ႕ ႏွလုံးခုန္ႏႈန္းနဲ႔ အျခားအေရးႀကီး လကၡဏာေတြကိုလည္း စမ္းသပ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။
အိုဆာကာရွိ ဟိုတယ္တစ္ခုက စက္ကို ပထမဆုံး ဝယ္ယူခဲ့ၿပီး ဟိုတယ္ဧည့္သည္ေတြကို ဝန္ေဆာင္မႈ ေပးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ေဒသခံမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ စက္ရဲ႕လက္လီေဈးႏႈန္းဟာ ယန္း သန္း ၆ဝ (စင္ကာပူေဒၚလာ ၄၉၈,၀၀၀) ရွိတယ္လို႔ သိရပါတယ္။