အမေရိကန်က သံမဏိနဲ့အလူမီနီယံတင်သွင်းမှုအ‌ပေါ် အခွန်နှစ်ဆတိုးကောက်သွားမယ်

 223

Pika (NP News) - ဇွန် ၄

အမေရိကန်နိုင်ငံဟာ လာမယ့်ဇွန်လ(၅)ရက်ကနေစတင်ပြီး တင်သွင်းမယ့် သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်နှစ်ဆတိုးကောက်သွားမယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အဆိုပါအမိန့်ကို လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်မှုနဲ့အတူ အဲဒီသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ သတ္တုတွေအပေါ် အခွန်ကောက်ခံမှုကို (၂၅)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ဗြိတိန်ရဲ့သတ္တုတင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုဟာ (၂၅)ရာခိုင်နှုန်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး နှစ်ဖက်စလုံးဟာ ၎င်းတို့ရဲ့အစောပိုင်းကုန်သွယ်ရေးသဘောတူညီချက်ပါ စည်းကမ်းချက်တွေနဲ့အညီ အကောက်ခွန်နဲ့ ခွဲတမ်းတွေကို ဆက်လက်လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

အဲဒီလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ဟာ အမေရိကန်နိုင်ငံတွင်းမှာ စျေးနှုန်းနိမ့်၊ ပိုလျှံနေတဲ့ သံမဏိနဲ့အလူမီနီယံတွေ ဆက်လက်ရောင်းချနေတဲ့ အခြားနိုင်ငံတွေကို ထိထိရောက်ရောက် တန်ပြန်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။ အခြားနိုင်ငံတွေရဲ့ စျေးနှုန်းနိမ့်၊ ပိုလျှံနေတဲ့ သတ္တုတွေရောင်းချမှုဟာ အမေရိကန်စက်မှုလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

zawgyi version
အေမရိကန္က သံမဏိနဲ႔အလူမီနီယံတင္သြင္းမႈအ‌ေပၚ အခြန္ႏွစ္ဆတိုးေကာက္သြားမယ္
Pika (NP News) - ဇြန္ ၄

အေမရိကန္ႏိုင္ငံဟာ လာမယ့္ဇြန္လ(၅)ရက္ကေနစတင္ၿပီး တင္သြင္းမယ့္ သံမဏိနဲ႔ အလူမီနီယံအေပၚ အခြန္ႏွစ္ဆတိုးေကာက္သြားမယ္လို႔ သိရပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္က အဆိုပါအမိန႔္ကို လက္မွတ္ေရးထိုးကာ ထုတ္ျပန္လိုက္မႈနဲ႔အတူ အဲဒီသတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီလႈပ္ရွားမႈဟာ သတၱဳေတြအေပၚ အခြန္ေကာက္ခံမႈကို (၂၅)ရာခိုင္ႏႈန္းကေန (၅၀)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ၿဗိတိန္ရဲ႕သတၱဳတင္သြင္းမႈအေပၚ အခြန္ေကာက္ခံမႈဟာ (၂၅)ရာခိုင္ႏႈန္းမွာပဲ ဆက္ရွိေနမွာျဖစ္ၿပီး ႏွစ္ဖက္စလုံးဟာ ၎တို႔ရဲ႕အေစာပိုင္းကုန္သြယ္ေရးသေဘာတူညီခ်က္ပါ စည္းကမ္းခ်က္ေတြနဲ႔အညီ အေကာက္ခြန္နဲ႔ ခြဲတမ္းေတြကို ဆက္လက္လုပ္ေဆာင္ေနၾကတယ္လို႔လည္း သိရပါတယ္။

အဲဒီလႈပ္ရွားမႈရဲ႕ရည္႐ြယ္ခ်က္ဟာ အေမရိကန္ႏိုင္ငံတြင္းမွာ ေစ်းႏႈန္းနိမ့္၊ ပိုလွ်ံေနတဲ့ သံမဏိနဲ႔အလူမီနီယံေတြ ဆက္လက္ေရာင္းခ်ေနတဲ့ အျခားႏိုင္ငံေတြကို ထိထိေရာက္ေရာက္ တန္ျပန္ဖို႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ အျခားႏိုင္ငံေတြရဲ႕ ေစ်းႏႈန္းနိမ့္၊ ပိုလွ်ံေနတဲ့ သတၱဳေတြေရာင္းခ်မႈဟာ အေမရိကန္စက္မႈလုပ္ငန္းေတြရဲ႕ ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ေလ်ာ့က်ေစတယ္လို႔လည္း ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.