ယူကရိန်းကို ဒရုန်းအစင်းရေ(၁)သိန်း ပေးပို့ကူညီဖို့ ဗြိတိန်အစိုးရကတိပြု

 567

Pika (NP News) - ဇွန် ၄

လက်ရှိဘဏ္ဍာရေးနှစ်အကုန် (၂၀၂၆)ခုနှစ် ဧပြီလမှာ ယူကရိန်းကို ဒရုန်းအစင်းရေ(၁)သိန်းထောက်ပံ့ပေးဖို့ ဗြိတိန်အစိုးရက ကတိပြုခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းတွေဟာ စစ်ပွဲဆင်နွှဲတဲ့ပုံစံတွေကို ပြောင်းလဲခဲ့တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပြီးနောက် ယခုလိုကတိပြုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုအပါအဝင် အခြားပေါ်ပေါက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် သေစေလောက်တဲ့နည်းပညာနဲ့စစ်တပ်အတွက် တောင်းဆိုတဲ့ မဟာဗျူဟာမြောက်ကာကွယ်ရေးသုံးသပ်ချက်ကို ဗြိတိန်အစိုးရက ထောက်ခံခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်ကနေစတင်ပြီး ယူကရိန်းရဲ့ အဓိကကျောထောက်နောက်ခံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ ဒရုန်းတွေက စစ်မြေပြင်ကို ဘယ်လိုပြောင်းလဲမှုတွေဖြစ်စေလဲဆိုတာကို ယူကရိန်းဆီကနေ လေ့လာသင်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပေါင်သန်း(၃၅၀)တန်ဖိုးရှိ ဒရုန်းအကူအညီဟာ ယူကရိန်းအတွက် ပေါင်(၄ ဒသမ ၅)ဘီလျံတန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဗြိတိန်အစိုးရကပြောကြားခဲ့ပါတယ်။ ဗြိတိန်အစိုးရက"ဗြိတိန်နိုင်ငံဟာ ယခုနှစ်အတွင်း ယူကရိန်းကို ထောင်နဲ့ချီတဲ့ဒရုန်းတွေ ပေးပို့ပြီး ယူကရိန်းအတွက် ဗြိတိန်ရဲ့အကူအညီတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ယူကရိန္းကို ဒ႐ုန္းအစင္းေရ(၁)သိန္း ေပးပို႔ကူညီဖို႔ ၿဗိတိန္အစိုးရကတိျပဳ
Pika (NP News) - ဇြန္ ၄

လက္ရွိဘ႑ာေရးႏွစ္အကုန္ (၂၀၂၆)ခုႏွစ္ ဧၿပီလမွာ ယူကရိန္းကို ဒ႐ုန္းအစင္းေရ(၁)သိန္းေထာက္ပံ့ေပးဖို႔ ၿဗိတိန္အစိုးရက ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။

ဒ႐ုန္းေတြဟာ စစ္ပြဲဆင္ႏႊဲတဲ့ပုံစံေတြကို ေျပာင္းလဲခဲ့တယ္လို႔ ေျပာဆိုမႈေတြရွိခဲ့ၿပီးေနာက္ ယခုလိုကတိျပဳမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားရဲ႕ ျဖစ္ႏိုင္ေျခရွိတဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈအပါအဝင္ အျခားေပၚေပါက္လာႏိုင္တဲ့ ၿခိမ္းေျခာက္မႈေတြကို တန္ျပန္ဖို႔အတြက္ ေသေစေလာက္တဲ့နည္းပညာနဲ႔စစ္တပ္အတြက္ ေတာင္းဆိုတဲ့ မဟာဗ်ဴဟာေျမာက္ကာကြယ္ေရးသုံးသပ္ခ်က္ကို ၿဗိတိန္အစိုးရက ေထာက္ခံခဲ့တယ္လို႔လည္း သိရပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခ်ိန္ကေနစတင္ၿပီး ယူကရိန္းရဲ႕ အဓိကေက်ာေထာက္ေနာက္ခံႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ခဲ့တဲ့ ၿဗိတိန္ဟာ ဒ႐ုန္းေတြက စစ္ေျမျပင္ကို ဘယ္လိုေျပာင္းလဲမႈေတြျဖစ္ေစလဲဆိုတာကို ယူကရိန္းဆီကေန ေလ့လာသင္ယူဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေပါင္သန္း(၃၅၀)တန္ဖိုးရွိ ဒ႐ုန္းအကူအညီဟာ ယူကရိန္းအတြက္ ေပါင္(၄ ဒသမ ၅)ဘီလ်ံတန္ဖိုးရွိ စစ္ေရးေထာက္ပံ့မႈအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ၿဗိတိန္အစိုးရကေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္အစိုးရက"ၿဗိတိန္ႏိုင္ငံဟာ ယခုႏွစ္အတြင္း ယူကရိန္းကို ေထာင္နဲ႔ခ်ီတဲ့ဒ႐ုန္းေတြ ေပးပို႔ၿပီး ယူကရိန္းအတြက္ ၿဗိတိန္ရဲ႕အကူအညီေတြကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.