ငလျင်ဒဏ်ကြောင့် လူနေခြင်းမရှိသည့်အိမ်များ၌ မီးကြိုးခိုးယူသူ အမျိုးသားတစ်ဦး ဖမ်းဆီးအရေးယူ

505

ချယ်ရီ (NP News) - ဇွန် ၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးကာ လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၌ လျှပ်စစ်မီးကြိုးများခိုးယူသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇွန်လ ၃ ရက်)၊ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ဇမ္ဗူသီရိမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားပြီး လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၌ လှည့်ကင်းဆောင်ရွက်စဉ် ခရေအိမ်ရာ၊ တိုက်အမှတ်(၄၄)အရောက်တွင် တိုက်ပေါ်မှအသံများ ကြားရသည့်အတွက် တက်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ အခန်းအမှတ် (၂၃)၊ အိပ်ခန်းအတွင်းမှ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူနေသည့် ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာတွင် နေထိုင်သည့် အသက် (၄၅)နှစ်အရွယ်ရှိ စပတ်ထရိတ်(ခ) ကရင်ကို မီးကြိုးများဖြတ်တောက်ရာတွင် အသုံးပြု သည့် ပစ္စည်းများ၊ ဖြတ်တောက်ထားသော လျှပ်စစ်မီးကြိုးအလေးချိန် (၁ဝ) ပိဿာခန့်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းကို အမှတ်(၅) နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ငလ်င္ဒဏ္ေၾကာင့္ လူေနျခင္းမရွိသည့္အိမ္မ်ား၌ မီးႀကိဳးခိုးယူသူ အမ်ိဳးသားတစ္ဦး ဖမ္းဆီးအေရးယူ
ခ်ယ္ရီ (NP News) - ဇြန္ ၅
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္ရွိ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးကာ လူေနထိုင္ျခင္းမရွိသည့္ အိမ္ရာမ်ား၌ လွ်ပ္စစ္မီးႀကိဳးမ်ားခိုးယူသူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇြန္လ ၃ ရက္)၊ ေန႔လည္ ၂ နာရီခြဲအခ်ိန္ခန႔္က ဇမၺဴသီရိၿမိဳ႕နယ္မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးသြားၿပီး လူေနထိုင္ျခင္းမရွိသည့္ အိမ္ရာမ်ား၌ လွည့္ကင္းေဆာင္႐ြက္စဥ္ ခေရအိမ္ရာ၊ တိုက္အမွတ္(၄၄)အေရာက္တြင္ တိုက္ေပၚမွအသံမ်ား ၾကားရသည့္အတြက္ တက္ေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခဲ့ရာ အခန္းအမွတ္ (၂၃)၊ အိပ္ခန္းအတြင္းမွ လွ်ပ္စစ္မီးႀကိဳးမ်ား ျဖတ္ေတာက္ခိုးယူေနသည့္ ပုဗၺသီရိၿမိဳ႕နယ္၊ ေအာင္သုခေက်း႐ြာတြင္ ေနထိုင္သည့္ အသက္ (၄၅)ႏွစ္အ႐ြယ္ရွိ စပတ္ထရိတ္(ခ) ကရင္ကို မီးႀကိဳးမ်ားျဖတ္ေတာက္ရာတြင္ အသုံးျပဳ သည့္ ပစၥည္းမ်ား၊ ျဖတ္ေတာက္ထားေသာ လွ်ပ္စစ္မီးႀကိဳးအေလးခ်ိန္ (၁ဝ) ပိႆာခန႔္တို႔ႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့သျဖင့္ ၎ကို အမွတ္(၅) နယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။