သန်လျင်၌ (၃)ရက်ကြာပျောက်ဆုံးနေသောအမျိုးသားကို ရေတွင်းထဲတွင် သေဆုံးလျက်တွေ့ရှိ

 3594

ချယ်ရီ (NP News) - ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် (၃) ရက်ကြာပျောက်ဆုံးနေသောအမျိုးသားကို ရေတွင်းထဲတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သန်လျင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
အဆိုပါ ရုပ်အလောင်းကို ယနေ့ (ဇွန်လ ၅ ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်ခန့်က သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ ထန်းပင်ဆိပ်အမှတ်(၈)ရပ်ကွက်၊ အောင်သုခ(၂)လမ်းရှိ ရေတွင်းထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ သိသလောက်ကတော့ အမျိုးသားတစ်ဦးပျောက်နေတာ (၃) ရက်လောက် ရှိပြီ။ ဒီနေ့မနက် သူတို့အနောက်က ရေတွင်းထဲမှာတွေ့လို့ ကျွန်တော်တို့ဆီ အကူညီတောင်းလာတာပါ။ အဲဒါ ရေတွင်းထဲကနေတွေ့တဲ့ Dead Body ကို အပြင်ကို ဆယ်ထုတ်ပေးပြီး ဆေးရုံကို ပို့ပေးလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူအမျိုးသားမှာ အသက်(၄၃)နှစ်အရွယ်ရှိပြီး ရုပ်အလောင်းတွေ့ရှိချိန်တွင် ၎င်း၏ခန္ဓာကိုယ်မှာ မည်သူမည်ဝါ မသိလောက်သည်အထိ ပုံစံပျက်စီးနေပြီး ၎င်းတွင် မည်သည့်ဒဏ်ရာမျှ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
“ အခုတွေ့တာက သူ့ဦးလေးအိမ်ပါ။ သေဆုံးသူကလည်း အဲဒီရပ်ကွက်ထဲမှာပဲ နေတာ။ သူကဘုန်းကြီးလူထွက်ပြီးတော့ သူ့အမေနဲ့အတူတူ အနီးနားဝန်းကျင်မှာပဲ နေတယ်။ နေတော့ သူက (၄၊၅) ရက်ဆက်တိုက်လောက် အရက်သောက်တာ များတယ်လို့ ပြောတယ်။ သောက်တာများပြီး စိတ်ဂယောင်ချောက်ချားဖြစ်ပြီးတော့ သူ့အမေဆီကနေ ထွက်ပြေးသွားပြီး သူ့ဦးလေးအိမ်ကို သွားတယ်လို့ ပြောပါတယ် ” ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် အဆိုပါရုပ်အလောင်းကို သန်လျင်နာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကာ အဆိုပါဖြစ်စဉ်အကြောင်းရင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Zawgyi Version:
သန္လ်င္၌ (၃)ရက္ၾကာေပ်ာက္ဆုံးေနေသာအမ်ိဳးသားကို ေရတြင္းထဲတြင္ ေသဆုံးလ်က္ေတြ႕ရွိ
ခ်ယ္ရီ (NP News) - ဇြန္ ၅
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္ (၃) ရက္ၾကာေပ်ာက္ဆုံးေနေသာအမ်ိဳးသားကို ေရတြင္းထဲတြင္ ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သန္လ်င္ၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
အဆိုပါ ႐ုပ္အေလာင္းကို ယေန႔ (ဇြန္လ ၅ ရက္)၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္ခန႔္က သန္လ်င္ၿမိဳ႕နယ္၊ လက္ယက္စမ္းေက်း႐ြာ၊ ထန္းပင္ဆိပ္အမွတ္(၈)ရပ္ကြက္၊ ေအာင္သုခ(၂)လမ္းရွိ ေရတြင္းထဲတြင္ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။
“ ကြၽန္ေတာ္တို႔ သိသေလာက္ကေတာ့ အမ်ိဳးသားတစ္ဦးေပ်ာက္ေနတာ (၃) ရက္ေလာက္ ရွိၿပီ။ ဒီေန႔မနက္ သူတို႔အေနာက္က ေရတြင္းထဲမွာေတြ႕လို႔ ကြၽန္ေတာ္တို႔ဆီ အကူညီေတာင္းလာတာပါ။ အဲဒါ ေရတြင္းထဲကေနေတြ႕တဲ့ Dead Body ကို အျပင္ကို ဆယ္ထုတ္ေပးၿပီး ေဆး႐ုံကို ပို႔ေပးလိုက္ပါတယ္” ဟု ၎က ဆိုသည္။
ေသဆုံးသူအမ်ိဳးသားမွာ အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီး ႐ုပ္အေလာင္းေတြ႕ရွိခ်ိန္တြင္ ၎၏ခႏၶာကိုယ္မွာ မည္သူမည္ဝါ မသိေလာက္သည္အထိ ပုံစံပ်က္စီးေနၿပီး ၎တြင္ မည္သည့္ဒဏ္ရာမွ် ေတြ႕ရွိျခင္းမရွိေၾကာင္း သိရသည္။
“ အခုေတြ႕တာက သူ႔ဦးေလးအိမ္ပါ။ ေသဆုံးသူကလည္း အဲဒီရပ္ကြက္ထဲမွာပဲ ေနတာ။ သူကဘုန္းႀကီးလူထြက္ၿပီးေတာ့ သူ႔အေမနဲ႔အတူတူ အနီးနားဝန္းက်င္မွာပဲ ေနတယ္။ ေနေတာ့ သူက (၄၊၅) ရက္ဆက္တိုက္ေလာက္ အရက္ေသာက္တာ မ်ားတယ္လို႔ ေျပာတယ္။ ေသာက္တာမ်ားၿပီး စိတ္ဂေယာင္ေခ်ာက္ခ်ားျဖစ္ၿပီးေတာ့ သူ႔အေမဆီကေန ထြက္ေျပးသြားၿပီး သူ႔ဦးေလးအိမ္ကို သြားတယ္လို႔ ေျပာပါတယ္ ” ဟု ၎က ရွင္းျပသည္။
ထို႔ေၾကာင့္ အဆိုပါ႐ုပ္အေလာင္းကို သန္လ်င္နာေရးကူညီမႈအသင္းမွ လူနာတင္ယာဥ္ျဖင့္ သန္လ်င္ျပည္သူ႔ေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ကာ အဆိုပါျဖစ္စဥ္အေၾကာင္းရင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာက ဆက္လက္စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.