ရွှေဘိုမြို့တွင် Online လောင်းကစားပြုလုပ်နေသည့်အဖွဲ့ကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

803
သန့်ဇင်(NP News)-ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် Online လောင်းကစားပြုလုပ်နေသည့်အဖွဲ့ကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့(ဇွန်လ ၄ ရက်)က ရွှေဘိုမြို့၊ တပ်မြို့တောင်ရပ်၊တပ်မြို့တောင် (၇)လမ်းရှိ နေအိမ်တစ်ခုတွင် Online လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များကရှာဖွေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့မှန်ပါတယ်။ တပ်မြို့တောင်ရပ်ကွက်က မကြာသေးဘူးအသစ်တိုးချဲ့ထားတဲ့ရပ်ကွက်ပါ။ အဲဒီမှာဖမ်းမိတာပါ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါနေအိမ်မှာ နေဇင်ဝင်း နှင့် ၎င်း၏ဇနီးဖြစ်သူ မေသဲဖြူထွန်း နေအိမ်ဖြစ်ပြီး Onlineလောင်းကစားပြုလုပ်ရာတွင် ပါဝင်သူ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁၄)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် Online လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်း(၂၆)လုံး၊ ကွန်ပြူတာ(၁၀)လုံး ငွေကြေးများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Zawgyi Version:
ေ႐ႊဘိုၿမိဳ႕တြင္ Online ေလာင္းကစားျပဳလုပ္ေနသည့္အဖြဲ႕ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းမိ
သန႔္ဇင္(NP News)-ဇြန္ ၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕တြင္ Online ေလာင္းကစားျပဳလုပ္ေနသည့္အဖြဲ႕ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ယမန္ေန႔(ဇြန္လ ၄ ရက္)က ေ႐ႊဘိုၿမိဳ႕၊ တပ္ၿမိဳ႕ေတာင္ရပ္၊တပ္ၿမိဳေတာင္ (၇)လမ္းရွိ ေနအိမ္တစ္ခုတြင္ online ေလာင္းကစားျပဳလုပ္ ေနေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲဝင္မ်ားကရွာေဖြ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္ကေတာ့မွန္ပါတယ္။ တပ္ၿမိဳ႕ေတာင္ရပ္ကြက္က မၾကာေသးဘူးအသစ္တိုးခ်ဲ႕ထားတဲ့ရပ္ကြက္ပါ။ အဲဒီမွာဖမ္းမိတာပါ”ဟု ေဒသခံတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါေနအိမ္မွာ ေနဇင္ဝင္း ႏွင့္ ၎၏ဇနီးျဖစ္သူ ေမသဲျဖဴထြန္း ေနအိမ္ျဖစ္ၿပီး Onlineေလာင္းကစားျပဳလုပ္ရာတြင္ ပါဝင္သူ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁၄)ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ Onlineေလာင္းကစားျပဳလုပ္ရာတြင္အသုံးျပဳသည့္ လက္ကိုင္ဖုန္း(၂၆)လုံး၊ ကြန္ျပဴတာ(၁၀)လုံး ေငြေၾကးမ်ားႏွင့္ ဆက္စပ္ပစၥည္း မ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။