အငြိမ်းစားသံအမတ်ကြီး ဦးချိုထွန်းအောင်၊ ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် တို့ကို အပါအဝင် လုပ်ကြံမှုပေါင်း ၄ ခုကို ဆောင်ရွက်ခဲ့သူများအား ဖမ်းမိ

3499

NP News - ဇွန် ၅
အငြိမ်းစားသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင်ကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် အခြားသော အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ဆောင်ရွက်ခဲ့သည့် Golden Valley Warrior အဖွဲ့မှ ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီ လမ်းနှင့် ဝိဇ္ဇာလမ်း ထောင့်နေ သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြစ်မှုကျူးလွန် သည့်တရားခံများ ရှာဖွေတွေ့ရှိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အကြမ်းဖက်အဖွဲ့များ အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ် ၁ စီးပေါ်တွင် တင်ဆောင်သွားသည်ကိုတွေ့ ရှိခဲ့ကြောင်း သိရှိရ သဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ မေလ ၂၃ ရက်နေ့တွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် သုံးဘီးယာဉ်မောင်းနှင်သူ စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၃)လမ်း၊ အမှတ်(၂၄၈)ရှိနေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြု ခဲ့သည့် စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ)ကုလားလေး(၃၉)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စိန်ချယ်လမ်းတို၊ အမှတ်(၂၃၃)ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၂၅ ရက်နေ့တွင် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော်(၂၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ပြုံးပြုံး(၂၄)နှစ်၊ သမီးဖြစ်သူ လင်းလက်ရွှေ (၆)နှစ်တို့အား ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင် လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင် ပေးခဲ့သည့် ယာဉ်မောင်း အောင်ဆန်းဟိန်း(၂၅)နှစ်နှင့် ချိတ်ဆက် ဆောင်ရွက်ပေးသူ ညီညီလှိုင်(၃၉)နှစ် တို့အား မွန်ပြည်နယ်၊ မုဒုံမြို့တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ဦးချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို (ခ)ကျော်ကြီး ၏ မိသားစုဝင်များသည် မြဝတီမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင် နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေလ ၂၆ ရက်နေ့တွင် ချစ်ကိုကို (ခ)ကျော်ကြီး ၏ဇနီး မြင့်မြင့်ထွေး(၃၉)နှစ်၊ အောင်ကိုကိုချစ်(၁၈)နှစ်၊ ဇင်မောင်မောင်(ခ) အာနိုး(၂၇)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဖြိုးဝေအောင်(ခ) အရှည်ကြီး(၄၀)နှစ်တို့အား ပဲခူးမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ မေလ ၂၉ ရက်တွင် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်မှု အပါအဝင် ၎င်းတို့အကြမ်းဖက်အဖွဲ့ဆောင်ရွက်ခဲ့သော လုပ်ကြံသတ်ဖြတ်မှုများ၌ Scout ကြည့်ရှုပေးခဲ့သည့် တရားခံ မင်းစည်သူ(ခ)အငယ်လေး (၂၉)နှစ်နှင့် ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်(၃၃)နှစ်တို့အား ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ဈေးကလေးလမ်း၊ အမှတ်(၁၇၇)ရှိနေအိမ်၌လည်းကောင်း၊ တရားခံ ဟန်လင်းအောင် (၂၈)နှစ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္နီလမ်း၊ အမှတ်(၃၂)နေသူအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည်ပေါက်ထွက်၍ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာအား သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ်(၅၂၄)ရှိ "လင်း" အထူးကုဆေးရုံ၌ လျှို့ဝှက်စွာ ဆေးကုသခဲ့ ကြောင်း သိရှိရသဖြင့် မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တရားမဝင်ဆေးကုသပေးခဲ့သော DCS ဆရာဝန် ဇော်ကိုကို(၃၈)နှစ်နှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် "လင်း"အထူးကုဆေးရုံပိုင်ရှင် ဒေါက်တာ ရဲလင်းစိုး (၃၆)နှစ်တို့အား ဖမ်းဆီးရမိခဲ့ရာ ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လတွင် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး ရည်မွန် ၏ စီစဉ်ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့တွင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် ခေါင်းဆောင်၍ အင်အား ၈ ဦးရှိပြီး ရန်ကုန်မြို့၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့ မကျေနပ်သည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၅ ရက်တွင် Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် သည် Telegram မှတစ်ဆင့် ဦးချိုထွန်းအောင်၏ ဓာတ်ပုံနှင့် နေအိမ်တည်နေရာ Google Map တို့အား ပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများဖြစ်သည့် မျိုးကိုကို(ခ)စိုင်းကိုကို (ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၊ မင်းစည်သူ(ခ) အငယ်လေး၊ ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ဦးချိုထွန်းအောင်၏ နေအိမ် ဝန်းကျင်သို့ (၆)ကြိမ်သွားရောက်၍ အခြေအနေကြည့်ခဲ့ကြောင်း၊ မေလ ၂၁ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံ ကိုထက် မှ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် ထံသို့ ပစ္စတို ၂ လက်အား ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မေလ ၂၂ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ကိုထက် မှ ငှားရမ်းပေးထားသည့် ရွှေပေါက်ကံမြို့သစ်၊ (၂၂)ရပ်ကွက်၊ သပြေခြံမြို့ပတ်လမ်း၊ အမှတ်(ရ/၁၀၃/၁၀၄)ရှိ Safe House မှ စက်ဘီးဖြင့်ထွက်ခွာခဲ့ကြောင်း၊ ဦးချိုထွန်းအောင်၏ နေအိမ်ရှေ့အရောက်တွင် လမ်းလျှောက်နေသော ဦးချိုထွန်းအောင် အား မျိုးကိုကို(ခ)စိုင်းကိုကို (ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော် မှ အသင့်ယူဆောင် လာသည့် ပစ္စတိုဖြင့် ၄ ချက် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့ပစ်ခတ်စဉ် ပစ္စတိုကျည်ညှပ် သဖြင့် ရှင်းလင်းစဉ် ကျည်ပေါက်ထွက်၍ ၎င်း၏ဘယ်ခြေထောက်အား ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းနောက် စက်ဘီးဖြင့် ရွှေပေါက်ကံမြို့သစ်ရှိ Safe House သို့ပြန်လာခဲ့ပြီး စက်ဘီးနှင့် လုပ်ကြံ သတ်ဖြတ်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများအား စန်းထက်အောင်(ခ)ပဲခူးသားနှင့် ဝင်းသူ(ခ) ကုလားလေး တို့အား ဝှက်ထားခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။
ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် ၏ ထွက်ဆိုချက်အရ ၎င်းသည် ရရှိခဲ့သည့်ဒဏ်ရာအား ဆေးကုသရန်အတွက် ဖမ်းဆီးရန်ကျန်တရားခံ အောင်သူ မှ ကြိုတင်ချိတ်ဆက်ပေးထား သည့် "လင်း"အထူးကုဆေးရုံရှိ DCS ဆရာဝန် ဇော်ကိုကို ထံသို့ သွားရောက်၍ လျှို့ဝှက်စွာ ဆေးကုသမှုခံယူ ခဲ့ကြောင်း၊ ၎င်းနောက် မိသားစုနှင့်အတူ ပခုက္ကူမြို့နယ်ဘက်၌ တိမ်းရှောင်ရန်သွားရောက်စဉ် ပုဂံမြို့ဟောင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး ရည်မွန် ၏စေခိုင်းမှုဖြင့် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့သည် လုပ်ကြံသတ်ဖြတ်မှု(၄)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကာ အမှုများမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော် သည် သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေး လမ်းနေ ဥပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော်နှင့် ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပန်းခြံ(၄)လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ဟန်လင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ရပ်ကွက်၊ ငမိုးရိပ်(၃) လမ်းနေ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး မင်းစည်သူ(ခ)အငယ်လေးနှင့် ကျော်ဇင်သန့်(ခ) လွင်ကြီး(ခ)ကျော်ဇင်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက် (ခ)လင်းလက်ဇော် သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်း အနီးတွင် မစဖအဖွဲ့ဝင်(၂)ဖြစ်သူ ဦးရွှေမန်း အား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင် တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင် မှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Golden Valley Warrior အကြမ်းဖက်အဖွဲ့ သည် ရန်ကုန်မြို့အတွင်း၌ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့လုပ်ကြံသတ်ဖြတ်ခြင်းများ အတွက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG က (၁)ကြိမ်လျှင် ၂ သိန်းကျပ် NUG Pay မှ တစ်ဆင့်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။
ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားသည်။

Zawgyi Version:
အၿငိမ္းစားသံအမတ္ႀကီး ဦးခ်ိဳထြန္းေအာင္၊ ဥပေဒအႀကံေပး ဦးမင္းေတဇာၫြန႔္တင္ တို႔ကို အပါအဝင္ လုပ္ႀကံမႈေပါင္း ၄ ခုကို ေဆာင္႐ြက္ခဲ့သူမ်ားအား ဖမ္းမိ
NP News - ဇြန္ ၅
အၿငိမ္းစားသံအမတ္ႀကီး ဦးခ်ိဳထြန္းေအာင္ႏွင့္ ဥပေဒအႀကံေပး ဦးမင္းေတဇာၫြန႔္တင္ကို လုပ္ႀကံသတ္ျဖတ္ျခင္း အပါအဝင္ အျခားေသာ အၾကမ္းဖက္သတ္ျဖတ္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့သည့္ Golden Valley Warrior အဖြဲ႕မွ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ေမလ ၂၂ ရက္ေန႔ နံနက္ပိုင္းက မရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ ေ႐ႊႏွင္းဆီ လမ္းႏွင့္ ဝိဇၨာလမ္း ေထာင့္ေန သံအမတ္ႀကီး(ၿငိမ္း) ဦးခ်ိဳထြန္းေအာင္သည္ ေနအိမ္ေရွ႕တြင္ ေျမးျဖစ္သူႏွင့္အတူ လမ္းေလွ်ာက္ေနစဥ္ (စိစစ္ဆဲ)က်ား ၂ ဦးမွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာေၾကာင့္ ဦးခ်ိဳထြန္းေအာင္ ေသဆုံးခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားမႈမရွိေစေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက ျပစ္မႈက်ဴးလြန္ သည့္တရားခံမ်ား ရွာေဖြေတြ႕ရွိေရး စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျပည္သူလူထု၏ ပူးေပါင္းပါဝင္သတင္းေပးမႈေၾကာင့္ ျဖစ္စဥ္ျဖစ္ပြားသည့္ေန႔တြင္ အၾကမ္းဖက္အဖြဲ႕မ်ား အသုံးျပဳခဲ့သည့္ စက္ဘီးအား သုံးဘီးယာဥ္ ၁ စီးေပၚတြင္ တင္ေဆာင္သြားသည္ကိုေတြ႕ ရွိခဲ့ေၾကာင္း သိရွိရ သျဖင့္ စုံစမ္းေဖာ္ထုတ္ခဲ့ရာ ေမလ ၂၃ ရက္ေန႔တြင္ အၾကမ္းဖက္သမားမ်ား အသုံးျပဳခဲ့သည့္ သုံးဘီးယာဥ္ေမာင္းႏွင္သူ စန္းထက္ေအာင္(ခ)ပဲခူးသား(၄၀)ႏွစ္အား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဌ)ရပ္ကြက္၊ ခိုင္ေ႐ႊဝါ(၃)လမ္း၊ အမွတ္(၂၄၈)ရွိေနအိမ္၌ အၾကမ္းဖက္တိုက္ခိုက္ရာတြင္ အသုံးျပဳ ခဲ့သည့္ စက္ဘီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္။ ထို႔အျပင္ အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ေထာက္ပို႔အျဖစ္ေဆာင္႐ြက္ခဲ့သည့္ ဝင္းသူ(ခ)ကုလားေလး(၃၉)ႏွစ္အား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဌ)ရပ္ကြက္၊ စိန္ခ်ယ္လမ္းတို၊ အမွတ္(၂၃၃)ရွိ ေနအိမ္၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ေမလ ၂၅ ရက္ေန႔တြင္ ဦးခ်ိဳထြန္းေအာင္ အား လုပ္ႀကံသတ္ျဖတ္ခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ) ဇင္မင္းထက္(ခ)လင္းလက္ေဇာ္(၂၈)ႏွစ္၊ ၎၏ဇနီးျဖစ္သူ ၿပဳံးၿပဳံး(၂၄)ႏွစ္၊ သမီးျဖစ္သူ လင္းလက္ေ႐ႊ (၆)ႏွစ္တို႔အား ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံၿမိဳ႕ေဟာင္းတြင္ လည္းေကာင္း၊ ၎တို႔အား လိုက္ပါပို႔ေဆာင္ ေပးခဲ့သည့္ ယာဥ္ေမာင္း ေအာင္ဆန္းဟိန္း(၂၅)ႏွစ္ႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးသူ ညီညီလႈိင္(၃၉)ႏွစ္ တို႔အား မြန္ျပည္နယ္၊ မုဒုံၿမိဳ႕တြင္ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ဖမ္းဆီးရမိတရားခံ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္၏ ထြက္ဆိုခ်က္အရ ဦးခ်ိဳထြန္းေအာင္ လုပ္ႀကံသတ္ျဖတ္ရာတြင္ပါဝင္ခဲ့သည့္ ဖမ္းဆီးရန္က်န္ တရားခံ ခ်စ္ကိုကို (ခ)ေက်ာ္ႀကီး ၏ မိသားစုဝင္မ်ားသည္ ျမဝတီၿမိဳ႕ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ရန္ လုပ္ေဆာင္ ေနေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ေမလ ၂၆ ရက္ေန႔တြင္ ခ်စ္ကိုကို (ခ)ေက်ာ္ႀကီး ၏ဇနီး ျမင့္ျမင့္ေထြး(၃၉)ႏွစ္၊ ေအာင္ကိုကိုခ်စ္(၁၈)ႏွစ္၊ ဇင္ေမာင္ေမာင္(ခ) အာႏိုး(၂၇)ႏွစ္ႏွင့္ ထြက္ေျပးတိမ္းေရွာင္ရာတြင္ ကူညီေဆာင္႐ြက္ေပးခဲ့သည့္ ၿဖိဳးေဝေအာင္(ခ) အရွည္ႀကီး(၄၀)ႏွစ္တို႔အား ပဲခူးၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ထြက္ဆိုခ်က္အရ ေမလ ၂၉ ရက္တြင္ ဦးခ်ိဳထြန္းေအာင္ အား လုပ္ႀကံသတ္ျဖတ္မႈ အပါအဝင္ ၎တို႔အၾကမ္းဖက္အဖြဲ႕ေဆာင္႐ြက္ခဲ့ေသာ လုပ္ႀကံသတ္ျဖတ္မႈမ်ား၌ Scout ၾကည့္ရႈေပးခဲ့သည့္ တရားခံ မင္းစည္သူ(ခ)အငယ္ေလး (၂၉)ႏွစ္ႏွင့္ ေက်ာ္ဇင္သန႔္(ခ)လြင္ႀကီး(ခ) ေက်ာ္ဇင္(၃၃)ႏွစ္တို႔အား ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဈးကေလးရပ္ကြက္၊ ေဈးကေလးလမ္း၊ အမွတ္(၁၇၇)ရွိေနအိမ္၌လည္းေကာင္း၊ တရားခံ ဟန္လင္းေအာင္ (၂၈)ႏွစ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ သီတာရပ္ကြက္၊ သိႏၷီလမ္း၊ အမွတ္(၃၂)ေနသူအားလည္းေကာင္း အသီးသီး ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဖမ္းဆီးရမိတရားခံ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္၏ ထြက္ဆိုခ်က္အရ ၎သည္ ဦးခ်ိဳထြန္းေအာင္ အား လုပ္ႀကံသတ္ျဖတ္စဥ္ ေသနတ္က်ည္ေပါက္ထြက္၍ ဘယ္ဘက္ေျခေထာက္ ဒဏ္ရာရရွိခဲ့ၿပီး အဆိုပါဒဏ္ရာအား သာေကတၿမိဳ႕နယ္၊ ၄/ေတာင္ရပ္ကြက္၊ ျမင္ေတာ္သာလမ္း၊ အမွတ္(၅၂၄)ရွိ "လင္း" အထူးကုေဆး႐ုံ၌ လွ်ိဳ႕ဝွက္စြာ ေဆးကုသခဲ့ ေၾကာင္း သိရွိရသျဖင့္ ေမလ ၂၆ ရက္ေန႔ ညေနပိုင္းတြင္ တရားမဝင္ေဆးကုသေပးခဲ့ေသာ DCS ဆရာဝန္ ေဇာ္ကိုကို(၃၈)ႏွစ္ႏွင့္ DCS ဆရာဝန္မ်ားျဖင့္ စုစည္းဖြင့္လွစ္ထားသည့္ "လင္း"အထူးကုေဆး႐ုံပိုင္ရွင္ ေဒါက္တာ ရဲလင္းစိုး (၃၆)ႏွစ္တို႔အား ဖမ္းဆီးရမိခဲ့ရာ ျဖစ္စဥ္တြင္ တရားခံ က်ား ၁၃ ဦး၊ မ ၃ ဦး၊ စုစုေပါင္း ၁၆ ဦးတို႔ကို လုပ္ႀကံသတ္ျဖတ္ရာတြင္ အသုံးျပဳခဲ့သည့္ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိ တရားခံမ်ား၏ ထြက္ဆိုခ်က္အရ ၂၀၂၃ ခုႏွစ္၊ မတ္လတြင္ Golden Valley Warrior အမည္ခံအၾကမ္းဖက္အဖြဲ႕အား ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ေသာ NUG မွ တရားခံေျပး ရည္မြန္ ၏ စီစဥ္ေထာက္ပံ့ေပးမႈျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း၊ Golden Valley Warrior အမည္ခံ အၾကမ္းဖက္အဖြဲ႕တြင္ ဖမ္းဆီးရန္က်န္တရားခံ ကိုထက္ ေခါင္းေဆာင္၍ အင္အား ၈ ဦးရွိၿပီး ရန္ကုန္ၿမိဳ႕၌ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ႏွင့္ ၎တို႔ မေက်နပ္သည့္ အျပစ္မဲ့ျပည္သူမ်ားအား ဒလန္ဟုစြပ္စြဲကာ လုပ္ႀကံသတ္ျဖတ္ရန္ ရည္႐ြယ္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ေမလ ၁၅ ရက္တြင္ Golden Valley Warrior အမည္ခံ အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ ဖမ္းဆီးရန္က်န္တရားခံ ကိုထက္ သည္ Telegram မွတစ္ဆင့္ ဦးခ်ိဳထြန္းေအာင္၏ ဓာတ္ပုံႏွင့္ ေနအိမ္တည္ေနရာ Google Map တို႔အား ေပးပို႔ခဲ့ၿပီး လုပ္ႀကံသတ္ျဖတ္ရန္ ေစခိုင္းခဲ့ေၾကာင္း၊ ဖမ္းဆီးရမိ တရားခံမ်ားျဖစ္သည့္ မ်ိဳးကိုကို(ခ)စိုင္းကိုကို (ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္၊ မင္းစည္သူ(ခ) အငယ္ေလး၊ ေက်ာ္ဇင္သန႔္(ခ)လြင္ႀကီး(ခ) ေက်ာ္ဇင္ႏွင့္ ဖမ္းဆီးရန္က်န္ တရားခံ ခ်စ္ကိုကို(ခ)ေက်ာ္ႀကီး တို႔သည္ ဦးခ်ိဳထြန္းေအာင္၏ ေနအိမ္ ဝန္းက်င္သို႔ (၆)ႀကိမ္သြားေရာက္၍ အေျခအေနၾကည့္ခဲ့ေၾကာင္း၊ ေမလ ၂၁ ရက္တြင္ ဖမ္းဆီးရန္ က်န္တရားခံ ကိုထက္ မွ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္ ထံသို႔ ပစၥတို ၂ လက္အား ေပးပို႔ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ေမလ ၂၂ ရက္တြင္ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္ႏွင့္ ဖမ္းဆီးရန္က်န္ တရားခံ ခ်စ္ကိုကို(ခ)ေက်ာ္ႀကီး တို႔သည္ ကိုထက္ မွ ငွားရမ္းေပးထားသည့္ ေ႐ႊေပါက္ကံၿမိဳ႕သစ္၊ (၂၂)ရပ္ကြက္၊ သေျပၿခံၿမိဳ႕ပတ္လမ္း၊ အမွတ္(ရ/၁၀၃/၁၀၄)ရွိ Safe House မွ စက္ဘီးျဖင့္ထြက္ခြာခဲ့ေၾကာင္း၊ ဦးခ်ိဳထြန္းေအာင္၏ ေနအိမ္ေရွ႕အေရာက္တြင္ လမ္းေလွ်ာက္ေနေသာ ဦးခ်ိဳထြန္းေအာင္ အား မ်ိဳးကိုကို(ခ)စိုင္းကိုကို (ခ) ဇင္မင္းထက္(ခ)လင္းလက္ေဇာ္ မွ အသင့္ယူေဆာင္ လာသည့္ ပစၥတိုျဖင့္ ၄ ခ်က္ ပစ္ခတ္လုပ္ႀကံသတ္ျဖတ္ခဲ့ ေၾကာင္း၊ ထိုသို႔ပစ္ခတ္စဥ္ ပစၥတိုက်ည္ညႇပ္ သျဖင့္ ရွင္းလင္းစဥ္ က်ည္ေပါက္ထြက္၍ ၎၏ဘယ္ေျခေထာက္အား ထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ၎ေနာက္ စက္ဘီးျဖင့္ ေ႐ႊေပါက္ကံၿမိဳ႕သစ္ရွိ Safe House သို႔ျပန္လာခဲ့ၿပီး စက္ဘီးႏွင့္ လုပ္ႀကံ သတ္ျဖတ္စဥ္ ဝတ္ဆင္ခဲ့သည့္ အဝတ္အစားမ်ားအား စန္းထက္ေအာင္(ခ)ပဲခူးသားႏွင့္ ဝင္းသူ(ခ) ကုလားေလး တို႔အား ဝွက္ထားခိုင္းခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ေရးသားထားသည္။
ဖမ္းဆီးရမိတရားခံ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္(ခ)လင္းလက္ေဇာ္ ၏ ထြက္ဆိုခ်က္အရ ၎သည္ ရရွိခဲ့သည့္ဒဏ္ရာအား ေဆးကုသရန္အတြက္ ဖမ္းဆီးရန္က်န္တရားခံ ေအာင္သူ မွ ႀကိဳတင္ခ်ိတ္ဆက္ေပးထား သည့္ "လင္း"အထူးကုေဆး႐ုံရွိ DCS ဆရာဝန္ ေဇာ္ကိုကို ထံသို႔ သြားေရာက္၍ လွ်ိဳ႕ဝွက္စြာ ေဆးကုသမႈခံယူ ခဲ့ေၾကာင္း၊ ၎ေနာက္ မိသားစုႏွင့္အတူ ပခုကၠဴၿမိဳ႕နယ္ဘက္၌ တိမ္းေရွာင္ရန္သြားေရာက္စဥ္ ပုဂံၿမိဳ႕ေဟာင္း၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ေရးသားထားသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ေသာ NUG မွ တရားခံေျပး ရည္မြန္ ၏ေစခိုင္းမႈျဖင့္ Golden Valley Warrior အမည္ခံအၾကမ္းဖက္အဖြဲ႕သည္ လုပ္ႀကံသတ္ျဖတ္မႈ(၄)ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရကာ အမႈမ်ားမွာ ၂၀၂၃ ခုႏွစ္၊ မတ္လ ၂၄ ရက္တြင္ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္ (ခ)လင္းလက္ေဇာ္ သည္ သန္လ်င္ၿမိဳ႕နယ္၊ အမႈထမ္းရပ္ကြက္၊ ဖြံ႕ၿဖိဳးေရး လမ္းေန ဥပေဒအတိုင္ပင္ခံ ဦးမင္းေတဇာၫြန႔္တင္ အား ပစၥတိုျဖင့္ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ခဲ့ၿပီး ဖမ္းဆီးရန္က်န္တရားခံ ခ်စ္ကိုကို(ခ)ေက်ာ္ႀကီး တို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၁၆ ရက္ေန႔တြင္ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္ (ခ)လင္းလက္ေဇာ္ႏွင့္ ခ်စ္ကိုကို(ခ)ေက်ာ္ႀကီး တို႔သည္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ ပန္းၿခံ(၄)လမ္း၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးအား ပစၥတိုျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့ၿပီး ဟန္လင္းေအာင္မွ အေျခအေနေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ)ဇင္မင္းထက္ (ခ)လင္းလက္ေဇာ္သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ငမိုးရိပ္ ရပ္ကြက္၊ ငမိုးရိပ္(၃) လမ္းေန အမ်ိဳးသားဒီမိုကေရစီပါတီသစ္ဥကၠ႒ ဦးသန္းထြန္းအား ပစၥတိုျဖင့္ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ခဲ့ၿပီး မင္းစည္သူ(ခ)အငယ္ေလးႏွင့္ ေက်ာ္ဇင္သန႔္(ခ) လြင္ႀကီး(ခ)ေက်ာ္ဇင္တို႔မွ အေျခအေန ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ မ်ိဳးကိုကို(ခ)စိုင္းကိုကို(ခ) ဇင္မင္းထက္ (ခ)လင္းလက္ေဇာ္ သည္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ (၁၁) ရပ္ကြက္၊ ေအာင္မဂၤလာေက်ာင္း အနီးတြင္ မစဖအဖြဲ႕ဝင္(၂)ျဖစ္သူ ဦးေ႐ႊမန္း အား ပစၥတိုျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ဦးသန႔္ဇင္ တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေက်ာ္ဇင္သန႔္(ခ)လြင္ႀကီး(ခ)ေက်ာ္ဇင္ မွ အေျခအေန ေစာင့္ၾကည့္ ေပးခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ Golden Valley Warrior အၾကမ္းဖက္အဖြဲ႕ သည္ ရန္ကုန္ၿမိဳ႕အတြင္း၌ အျပစ္မဲ့ျပည္သူမ်ားအား ဒလန္အျဖစ္စြပ္စြဲ၍ လုပ္ႀကံသတ္ျဖတ္ခဲ့ ေၾကာင္း၊ ထိုသို႔လုပ္ႀကံသတ္ျဖတ္ျခင္းမ်ား အတြက္ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ေသာ NUG က (၁)ႀကိမ္လွ်င္ ၂ သိန္းက်ပ္ NUG Pay မွ တစ္ဆင့္ေပးခဲ့ ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ေရးသားထားသည္။
ဖမ္းဆီးရမိ တရားခံမ်ားအား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အၾကမ္းဖက္မႈေဆာင္႐ြက္ေနသူမ်ားအား ျပည္သူတစ္ရပ္လုံး က ဝိုင္းဝန္းကာကြယ္တိုက္ဖ်က္ၾကရန္ႏွင့္ ဆက္စပ္တရားခံမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရး အတြက္ ၎တို႔ပုန္းခိုရာေနရာမ်ား၊ လႈပ္ရွားသြားလာေနထိုင္မႈ သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးတိုင္ၾကားႏိုင္ပါေၾကာင္း၊ သတင္းေပးသူႏွင့္ ဖမ္းဆီးေပးသူမ်ားအား ထိုက္တန္စြာ လွ်ိဳ႕ဝွက္၍ ဆုေငြမ်ား ခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ၿမိဳ႕႐ြာမ်ားအျမန္ဆုံး ေအးခ်မ္းတည္ၿငိမ္ေရး အတြက္ ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါဝင္ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္ပါရန္ ေမတၱာရပ္ခံေၾကာင္းလည္း ေဖာ္ျပထားသည္။