ပခုက္ကူမြို့နယ်တွင် PDF အဖွဲ့ထောင်ထားသော လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိ

935

သက်ပိုင် (NP News) – ဇွန် ၇
ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာနှင့် ကမ္မမြို့အကြား ကားလမ်းမ ဘေးဘယ်ညာတစ်လျှောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများတွေ့ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဇွန်လ ၇ ရက်က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ညောင်ဂျစ်ပင်ကျေးရွာနှင့် ကမ္မမြို့အကြား ကားလမ်းမဘေးဘယ်ညာတစ်လျှောက်တွင် PDF အဖွဲ့များ ထောင်ထားသော လက်လုပ်မိုင်းများဖြစ်သည့် ကျောက်စည်မိုင်း၊ သံပိုက်မိုင်း၊ ပီပါမိုင်း၊ သံပုံးမိုင်း၊ ငါးဂါလန်ရေပုံး မိုင်း၊ နင်းမိုင်း၊ မြေအိုးမိုင်း၊ ရေသန့်ဘူးကြီးမိုင်း နှင့် ကျောက်ပုံးမိုင်း၊ စုစုပေါင်း မိုင်း ၂၂ လုံးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲ များ ဖြစ်ပေါ်စေရန် နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ထိုသို့လုပ်ဆောင်ခဲ့သည့်လုပ်ရပ်အပေါ် ပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်းကိုလည်း ထုတပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်ကလည်း ပခုက္ကူမြို့နယ်အတွင်းရှိ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသော လမ်းများပေါ်၌ လက်လုပ်မိုင်းများ တွေ့ရှိကြောင်း သတင်းပေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကားလမ်းမဘေးတစ်လျှောက်တွင် PDF များ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း (ပေပါမိုင်း၊ ရှေ့ထွက်မိုင်း) များကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စနစ်တကျဖယ်ရှားရှင်းလင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version:
ပခုကၠဴၿမိဳ႕နယ္တြင္ PDF အဖြဲ႕ေထာင္ထားေသာ လက္လုပ္မိုင္းမ်ား ထပ္မံေတြ႕ရွိ
သက္ပိုင္ (NP News) – ဇြန္ ၇
ပခုကၠဴၿမိဳ႕နယ္ ေညာင္ဂ်စ္ပင္ေက်း႐ြာႏွင့္ ကမၼၿမိဳ႕အၾကား ကားလမ္းမ ေဘးဘယ္ညာတစ္ေလွ်ာက္၌ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္းမ်ားေတြ႕ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ဇြန္လ ၇ ရက္က ထုတ္ျပန္ထားေသာ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေညာင္ဂ်စ္ပင္ေက်း႐ြာႏွင့္ ကမၼၿမိဳ႕အၾကား ကားလမ္းမေဘးဘယ္ညာတစ္ေလွ်ာက္တြင္ PDF အဖြဲ႕မ်ား ေထာင္ထားေသာ လက္လုပ္မိုင္းမ်ားျဖစ္သည့္ ေက်ာက္စည္မိုင္း၊ သံပိုက္မိုင္း၊ ပီပါမိုင္း၊ သံပုံးမိုင္း၊ ငါးဂါလန္ေရပုံး မိုင္း၊ နင္းမိုင္း၊ ေျမအိုးမိုင္း၊ ေရသန႔္ဘူးႀကီးမိုင္း ႏွင့္ ေက်ာက္ပုံးမိုင္း၊ စုစုေပါင္း မိုင္း ၂၂ လုံးကို ေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ အမ်ားျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစရန္၊ ေအးခ်မ္းစြာ ေနထိုင္ လုပ္ကိုင္စားေသာက္ေနမႈမ်ားကို ေႏွာင့္ယွက္ရန္၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈမ်ား အခက္အခဲ မ်ား ျဖစ္ေပၚေစရန္ ႏွင့္ အေၾကာက္တရားမ်ား ပိုမိုျဖစ္ေပၚေစရန္ ရည္႐ြယ္၍ ၿမိဳ႕၊ ႐ြာ၊ ရပ္ကြက္၊ ေက်း႐ြာမ်ား၊ လမ္း၊ တံတားမ်ား၌ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားသည္။
ထိုသို႔လုပ္ေဆာင္ခဲ့သည့္လုပ္ရပ္အေပၚ ျပည္သူလူထုက လုံးဝလက္ခံႏိုင္ျခင္းမရွိဘဲ ကန႔္ကြက္ရႈတ္ခ်လ်က္ရွိ ေၾကာင္း ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားအား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းကိုလည္း ထုတျပန္ခ်က္အရသိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၁ ရက္ကလည္း ပခုကၠဴၿမိဳ႕နယ္အတြင္းရွိ အမ်ားျပည္သူမ်ား သြားလာအသုံးျပဳလ်က္ရွိေသာ လမ္းမ်ားေပၚ၌ လက္လုပ္မိုင္းမ်ား ေတြ႕ရွိေၾကာင္း သတင္းေပးသည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ကားလမ္းမေဘးတစ္ေလွ်ာက္တြင္ PDF မ်ား ေထာင္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္း (ေပပါမိုင္း၊ ေရွ႕ထြက္မိုင္း) မ်ားကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး စနစ္တက်ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။